အိမ်အပြန်တိုင်းဝယ်စားနေကျ ဈေးသည်အစ်မကြီးအဖမ်းခံလိုက်ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သုသု


အိမ်အပြန်တိုင်းဝယ်စားနေကျ ဈေးသည်အစ်မကြီးအဖမ်းခံလိုက်ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သုသု 1


အိမ်အပြန်တိုင်းဝယ်စားနေကျ ဈေးသည်အစ်မကြီးအဖမ်းခံလိုက်ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သုသု 2


အိမ်အပြန်တိုင်းဝယ်စားနေကျ ဈေးသည်အစ်မကြီးအဖမ်းခံလိုက်ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သုသု 3 အိမ်အပြန်တိုင်းဝယ်စားနေကျ ဈေးသည်အစ်မကြီးအဖမ်းခံလိုက်ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သုသု 4


အိမ်အပြန်တိုင်းဝယ်စားနေကျ ဈေးသည်အစ်မကြီးအဖမ်းခံလိုက်ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သုသု 5


အိမ်အပြန်တိုင်းဝယ်စားနေကျ ဈေးသည်အစ်မကြီးအဖမ်းခံလိုက်ရလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သုသု 6

Unicode
မိန်းကလေးတွေတိုင်းကို သူမရဲ့ခြယ်သမှုတွေကြောင့်လှစေချင်သူလေးကတော့ မိတ်ကပ်ဖန်တီးရှင်ညီညီမောင်(စမ်းချောင်း) ပါ။ သူမရဲ့ဖန်တီးခြယ်သမှုတွေကြောင့် မိန်းကလေးတိုင်းဟာ နတ်သမီးလေးတွေလိုလှပနေကြတာပါ။

သူမဟာ ရုပ်ရှင်အသိုင်းအဝိုင်းကအနုပညာရှင်တော်တော်များများကိုလည်း သူမရဲ့မိတ်ကပ်အစွမ်းတွေနဲ့အလှတွေပိုမိုပေါ်လွင်စေသူပါ။

လတ်တလောမှာလည်း သူမပါဝင်ရိုက်ကူးထားတဲ့ ” ကျားကျားကြိုကြိုက် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေတာပါ။ သုသုဟာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တင်လေ့ရှိပြီး အခုမှာလည်း စိတ်မကောင်းစရာအကြောင်းအရာလေးတစ်ခုကို ရေးသားထားတာပါ။

ဒါကတော့ ” Gymကအပြန်ခေါက်မုန့်စားမယ်ပေါ့ ဈေးသည်အမကြီးမရှိတာနဲ့ ဘေးနားစပ်စုလိုက်တော့ ဖမ်းသွားတယ်တဲ့ ဈေးမရောင်းရနေရာမှာရောင်းလို့တဲ့ သူနဲ့ အရင်နေ့ကစကားပြောဖြစ်တုန်းက ကလေးတွေကျောင်းစရိတ်အပိုရအောင်ရှာရတာ လို့ ပြောပြနေသေးတယ်

ဘယ်သူကအပင်ပန်းခံပြီးဈေးရောင်းချင်မှာလဲနော် အိမ်ရဲ့ ငွေယိုပေါက်တွေ အတွက်ကြိုးစားရုံးကန်ကျရတာကြီးပါပဲ စိတ်ထဲမကောင်းလိုက်တာ တဝမ်းတခါး မိသားစုစားဝတ်နေရေးဖြေရှင်းနေကျရတဲ့ လမ်းဘေးဈေးသည်တွေ အတွက် ရေရှည်ဘယ်လိုလုပ်မလဲ စည်းကမ်းတော့စည်းကမ်းပေါ့ ရှင် စိတ်ထဲတော့မကောင်းဘူး ဒီညတော့ ဒီကိစ္စပဲတွေးနေမိတော့မှာ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။Source- Nyi Nyi Maung’s Facebook Account

Be the first to comment

Leave a Reply

Your email address will not be published.


*