အိမ္သာတတ္ရင္ တံခါးဖြင့္ျပီးမွတက္ တတ္တယ္ဆိုတဲ့ ထက္ထက္ထြန္

စည္ပင္ ေရြးေကာက္ပြဲမွာ အမတ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ျပိဳင္ျပီး လူသိမ်ားလာတဲ့ အလွမယ္ ထက္ထက္ထြန္းကေတာ့ လက္ရွိမွာ ပရိသတ္အခိုင္အမာ ရရွိထားတဲ့ ေမာ္ဒယ္တေယာက္ ျဖစ္ေနပါျပီ။ ထက္ထက္ထြန္းကေတာ့ ျပီးခဲ့တဲ့ လပိုင္းတုန္းက ရုပ္ရွင္ရိုက္ရင္း ဒူးဒဏ္ရာရရွိခဲ့ပါေသးတယ္။ ထက္ထက္ထြန္းက ဒူးဒဏ္ရာနဲ႔ ပတ္သက္ျပီး ေျပာၾကားသြားသလို သူဘာေတြကို ေၾကာက္တတ္လည္းဆိုတာကို ေျပာသြားခဲ့ပါတယ္။

အိမ္သာတတ္ရင္ တံခါးဖြင့္ျပီးမွတက္ တတ္တယ္ဆိုတဲ့ ထက္ထက္ထြန္ 1

ထက္ထက္ထြန္းကေတာ့ Trend နဲ႔ အင္တာဗ်ဴးမွာေတာ့ အက္ရွင္ကားေတြ ရိုက္ဖို႔ စိတ္ဓါတ္က်ေနျပီလားဆိုတဲ့ အေပၚမွာေတာ့ “မက်ပါဘူး။ ဒူးေခါင္းနာမွာပဲ ေၾကာက္ေတာ့တာ။ ျဖစ္ျပီးသားေနရာထက္ မျဖစ္ေသးတဲ့ေနရာကို လာျဖစ္မွာေၾကာက္တာ။ ဆရာဝန္ကေတာ့ သတိသိပ္မေပးပါဘူး။ အိမ္ကေတာ့ နင္အက္ရွင္ကားေတြ မရိုက္ရေတာ့ဘူး။ နင္က လုပ္ခ်င္စိတ္ေတြ အရမ္းမ်ားတယ္။ ကိုယ့္ကုိကုိယ္လည္း မိန္းကေလးဆိုတာ သိဦးေပါ့။ အဲ့လိုေျပာတာေတြေတာ့ ရွိပါတယ္”

အိမ္သာတတ္ရင္ တံခါးဖြင့္ျပီးမွတက္ တတ္တယ္ဆိုတဲ့ ထက္ထက္ထြန္ 2

ေၾကာက္လို႔ မရိုက္ျဖစ္ေတာ့တာလားဆိုတဲ့ အေပၚမွာေတာ့ “အဲ့လိုေတာ့မဟုတ္ပါဘူး။ ခုနကေျပာသလိုေပါ့။ စိတ္ဓါတ္ေတာ့ မက်ပါဘူး။ ေၾကာက္လို႔ မလုပ္တာထက္ ကိုယ္မလုပ္သင့္တာလို႔ ထင္တာပဲ မလုပ္တာ။ ေၾကာက္တယ္ဆိုတာက ထက္ထက္ထြန္း ဘဝမွာေလ သရဲ နဲ႔ ပင့္ကူက လြဲလို႔ ဘာမွကို မေၾကာက္ဘူး”

အိမ္သာတတ္ရင္ တံခါးဖြင့္ျပီးမွတက္ တတ္တယ္ဆိုတဲ့ ထက္ထက္ထြန္ 3

သရဲကို ဘယ္ေလာက္ထိ ေၾကာက္လဲဆိုတဲ့ အေပၚမွာေတာ့ “ေၾကာက္တာေပါ့။ ထက္ထက္ထြန္းဆို အိမ္မွာေရခ်ိဳးရင္ေတာင္ တံခါးပိတ္ခ်ိဳးတာမဟုတ္ဘူး။ အိမ္သာတက္ရင္လည္း ပိတ္တတ္တာမဟုတ္ဘူး။ အဲ့ဒါကိုယ့္အိမ္နဲ႔အိမ္ေနာ္။ သရဲကားၾကည့္တဲ့အခ်ိန္ဆို ပိုဆိုးတယ္။ အျမဲတမ္းသူမ်ားကို ေခၚသြားရတယ္။ ကိုယ္ကအျမဲတမ္းအေဖာ္ေဆာင္ ထားရတယ္။

အိမ္သာတတ္ရင္ တံခါးဖြင့္ျပီးမွတက္ တတ္တယ္ဆိုတဲ့ ထက္ထက္ထြန္ 4

တျခားႏိုင္ငံေတြမွာ မယ္သြားျပိဳင္ရလည္း အခန္းေဖာ္ကို မွာထားရတယ္။ ငါတံခါးဖြင့္ခ်ိဳးမယ္ေနာ္။ နင္မရွက္တတ္ရင္လာၾကည့္ ျပီးေတာ့ ေရခ်ိဴးေနရင္လည္း ရွိတဲ့သူေတြကို လွမ္းေခၚတယ္။ ကိုယ္ေရခ်ိဳးေနရင္း တျခားကမာၻကို ေရာက္သြားမွာဆိုးလို႔ အဲ့လိုေတြးမိတယ္။ အဲ့လိုမ်ိဳးကို ေၾကာက္တာ။ လူက မေၾကာက္ဘူး။ ျပန္ခ်လို႔ရတယ္။ သရဲကေတာ့ အရမ္းေၾကာက္တယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။ CRD-Nanmalgyi

UNICODE

အိမ်သာတတ်ရင် တံခါးဖွင့်ပြီးမှတက် တတ်တယ်ဆိုတဲ့ ထက်ထက်ထွန်း

စည်ပင် ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး လူသိများလာတဲ့ အလှမယ် ထက်ထက်ထွန်းကတော့ လက်ရှိမှာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်တယောက် ဖြစ်နေပါပြီ။ ထက်ထက်ထွန်းကတော့ ပြီးခဲ့တဲ့ လပိုင်းတုန်းက ရုပ်ရှင်ရိုက်ရင်း ဒူးဒဏ်ရာရရှိခဲ့ပါသေးတယ်။ ထက်ထက်ထွန်းက ဒူးဒဏ်ရာနဲ့ ပတ်သက်ပြီး ပြောကြားသွားသလို သူဘာတွေကို ကြောက်တတ်လည်းဆိုတာကို ပြောသွားခဲ့ပါတယ်။

ထက်ထက်ထွန်းကတော့ Trend နဲ့ အင်တာဗျူးမှာတော့ အက်ရှင်ကားတွေ ရိုက်ဖို့ စိတ်ဓါတ်ကျနေပြီလားဆိုတဲ့ အပေါ်မှာတော့ “မကျပါဘူး။ ဒူးခေါင်းနာမှာပဲ ကြောက်တော့တာ။ ဖြစ်ပြီးသားနေရာထက် မဖြစ်သေးတဲ့နေရာကို လာဖြစ်မှာကြောက်တာ။ ဆရာဝန်ကတော့ သတိသိပ်မပေးပါဘူး။ အိမ်ကတော့ နင်အက်ရှင်ကားတွေ မရိုက်ရတော့ဘူး။ နင်က လုပ်ချင်စိတ်တွေ အရမ်းများတယ်။ ကိုယ့်ကိုကိုယ်လည်း မိန်းကလေးဆိုတာ သိဦးပေါ့။ အဲ့လိုပြောတာတွေတော့ ရှိပါတယ်”

ကြောက်လို့ မရိုက်ဖြစ်တော့တာလားဆိုတဲ့ အပေါ်မှာတော့ “အဲ့လိုတော့မဟုတ်ပါဘူး။ ခုနကပြောသလိုပေါ့။ စိတ်ဓါတ်တော့ မကျပါဘူး။ ကြောက်လို့ မလုပ်တာထက် ကိုယ်မလုပ်သင့်တာလို့ ထင်တာပဲ မလုပ်တာ။ ကြောက်တယ်ဆိုတာက ထက်ထက်ထွန်း ဘဝမှာလေ သရဲ နဲ့ ပင့်ကူက လွဲလို့ ဘာမှကို မကြောက်ဘူး”

သရဲကို ဘယ်လောက်ထိ ကြောက်လဲဆိုတဲ့ အပေါ်မှာတော့ “ကြောက်တာပေါ့။ ထက်ထက်ထွန်းဆို အိမ်မှာရေချိုးရင်တောင် တံခါးပိတ်ချိုးတာမဟုတ်ဘူး။ အိမ်သာတက်ရင်လည်း ပိတ်တတ်တာမဟုတ်ဘူး။ အဲ့ဒါကိုယ့်အိမ်နဲ့အိမ်နော်။ သရဲကားကြည့်တဲ့အချိန်ဆို ပိုဆိုးတယ်။ အမြဲတမ်းသူများကို ခေါ်သွားရတယ်။ ကိုယ်ကအမြဲတမ်းအဖော်ဆောင် ထားရတယ်။

တခြားနိုင်ငံတွေမှာ မယ်သွားပြိုင်ရလည်း အခန်းဖော်ကို မှာထားရတယ်။ ငါတံခါးဖွင့်ချိုးမယ်နော်။ နင်မရှက်တတ်ရင်လာကြည့် ပြီးတော့ ရေချိူးနေရင်လည်း ရှိတဲ့သူတွေကို လှမ်းခေါ်တယ်။ ကိုယ်ရေချိုးနေရင်း တခြားကမ္ဘာကို ရောက်သွားမှာဆိုးလို့ အဲ့လိုတွေးမိတယ်။ အဲ့လိုမျိုးကို ကြောက်တာ။ လူက မကြောက်ဘူး။ ပြန်ချလို့ရတယ်။ သရဲကတော့ အရမ်းကြောက်တယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။