အိမ္ရွင္မတစ္ေယာက္အေနနဲ့ ေၾကာက္စရာ အျဖစ္အပ်က္နဲ့ ၾကံုေတြ့ခဲ့ရတဲ့ သက္မြန္ျမင့္

နိုင္ငံေက်ာ္ အကယ္ဒမီ မင္းသမီးျဖစ္တဲ့ သက္မြန္ျမင့္က သူမခ်စ္တဲ့ အနုပညာလုပ္ငန္းေတြကို လုုပ္ကိုင္ရင္း မိသားစုေလးကို အခ်ိန္ေပးဂရုစိုက္ေနတာ ျဖစ္ပါတယ္။ ရုပ္ရွင္ေတြရိုက္ေနသလို အိမ္ေထာင္မႈတာဝန္ေတြလည္း မလစ္ဟင္းတဲ့ သက္မြန္ျမင့္က ဒီတစ္ေခါက္မွာေတာ့ အိမ္ရွင္မေတြကို သူမ ကိုယ္တိုင္ၾကံုေတြ့ခဲ့ရတဲ့ အျဖစ္အပ်က္ေလးတစ္ခုနဲ့ သတိေပးထားတာကို ေတြ့ရပါတယ္။

အိမ္ရွင္မတစ္ေယာက္အေနနဲ့ ေၾကာက္စရာ အျဖစ္အပ်က္နဲ့ ၾကံုေတြ့ခဲ့ရတဲ့ သက္မြန္ျမင့္ 1

သက္မြန္ျမင့္က “မိခင္တစ္ေယာက္အေနနဲ႔ မွ်ေဝျခင္းပါ။ ဘယ္သူ႔ကိုမွ ထိခိုက္ေစလိုတဲ့စိတ္မရွိပါဘူးရွင္။ သတိထားရေအာင္လို႔ပါေနာ္။ အားခ်စ္ေလးက စားခ်င္တယ္ဆိုလို႔ ဝယ္ေပးမယ္ ယူလိုက္ဆိုေတာ့ ယူလာတယ္။ ဒီတိုင္းမထည့္ပဲ စစ္မိလို႔ေပါ့..မိႈျဖစ္ေနၿပီ အသီးက ပုံထဲကဟာက သပ္သပ္.. ယူလာတဲ့ဟာက မိႈရွိ႐ုံ.. လန္႔ၿပီး တျခားဟာရွာမိေတာ့ ပိုဆိုး.. ပုံထဲကဟာဆို မိႈေတာင္ ေတာ္ေတာ္ရွည္ေနၿပီ!😱😱😱”

အိမ္ရွင္မတစ္ေယာက္အေနနဲ့ ေၾကာက္စရာ အျဖစ္အပ်က္နဲ့ ၾကံုေတြ့ခဲ့ရတဲ့ သက္မြန္ျမင့္ 2

“အရမ္းစိတ္ပူသြားတယ္။ ဒါ မေရာင္းသင့္ေတာ့ဘူးေလ။ ဒါ အႏၲရာယ္ ျဖနၿပီ။ အသီးေလးေတြ ေရြးခြင့္ေပးတဲ့ ေနရာေတြရွိတယ္။ ေနရာကြာျခားမႈေပၚမူတည္ၿပီး အသီးလတ္တာ သိပ္ကြာတာပဲ.. စိတ္ေတာင္မေကာင္းဘူး😞😞😞 ကေလးအေမျဖစ္ၿပီးေနာက္ပိုင္း ေစ်းတအားဝယ္ျဖစ္ေတာ့ သိေနၿပီေလ😁

အိမ္ရွင္မတစ္ေယာက္အေနနဲ့ ေၾကာက္စရာ အျဖစ္အပ်က္နဲ့ ၾကံုေတြ့ခဲ့ရတဲ့ သက္မြန္ျမင့္ 3

“ဟိုးးးးအရင္ အားခ်စ္ ၁ ႏွစ္ခဲြ ၂ႏွစ္ တုန္းကလည္း တခါ! Cheese အခဲ.. ကေလးေတြႀကိဳက္တဲ့ ႀတိဂံပုံ! ဝယ္ေနက် တံဆိပ္မဟုတ္ေတာ့ တျခားေကာင္းမယ္ထင္တာ ယူလာတာ။ အိမ္မွာ သူ႔ဟာသူ ေရခဲေသတၱာထဲက ယူစားတာ။ သူ႔ကို ခြာနည္းသင္ေပးထားေတာ့ သူ႔ဟာသူ ခြာစားေပါ့။ ကိုယ္က ရႈတင္တြက္ျပင္ဆင္ အလုပ္ရႈပ္ေနတုန္းဆိုေတာ့ မၾကည့္မိဘူး.. ေနာက္ေတာ့ ေမေမေရာ့ဆိုၿပီး လက္ထဲလာထည့္.. အားခ်စ္မစားခ်င္ေတာ့ဘူးတဲ့.. ကိုယ္လည္း မၾကည့္ပဲ ပါးစပ္ထဲထည့္ေပါ့.. မာေနေရာ.. ဟဲ့ cheese က ဘာလို႔ အဲ့ေလာက္မာတုန္းဆိုျပၤး ျပန္ေထြးေတာ့..အလားးးးး”

အိမ္ရွင္မတစ္ေယာက္အေနနဲ့ ေၾကာက္စရာ အျဖစ္အပ်က္နဲ့ ၾကံုေတြ့ခဲ့ရတဲ့ သက္မြန္ျမင့္ 4

” ေခါင္းၾကီးၿပီး ထူပူသြားတာ.. မိႈဆဲြၿပီး ခဲတာ.. အစိမ္းေရာင္ေတြေရာ အမဲေရာင္ေတြေရာ..အဲ့မွာ အားခ်စ္ ဘယ္ေလာက္ေတာင္စားလိုက္ၿပီလဲမသိ.. ဒါမာလို႔ သူ မစားႏိုင္လို႔ေပးတာ.. တခ်ိဳ႕ မ်ိဳခ်ၿပီးေလာက္ၿပီ။ အဲ့ခ်ိန္ စိတ္ပူ ရင္ေတြပူ.. အေဖ့ဆီ ေျပးရတယ္။ အန္မအန္ေစာင့္ၾကည့္ဆိုလို႔ ေတာ္ေသးတယ္ ဘာမွ မျဖစ္လို႔.”

အိမ္ရွင္မတစ္ေယာက္အေနနဲ့ ေၾကာက္စရာ အျဖစ္အပ်က္နဲ့ ၾကံုေတြ့ခဲ့ရတဲ့ သက္မြန္ျမင့္ 5

“ဝယ္လာတာ မၾကာဘူးေလ. မေန႔တေန႔က ဝယ္တာ။ အဲ့တုန္းက မီးမွ မပ်က္တာ။ ကိုယ့္ဆီမွာ အဲ့ေလာက္ပ်က္စီးစရာအေၾကာင္းမရွိ.. expire date ၾကည့္ခဲ့တာ လိုေသးတယ္။ ဘယ္လိုလဲ နားမလည္ေတာ့ပါဘူး။ ခုလည္းၾကဳံျပန္ၿပီ.. ဂ႐ုစိုက္ၾကပါေနာ္။ သတိထားရေအာင္ မွ်ေဝတာပါ။ ဆိုင္ေရာ စားသုံးသူေတြေရာ သတိထားေစလိုပါတယ္ရွင္.. 🙏🏻🙏🏻🙏🏻” ဆိုျပီး မွ်ေဝထားပါတယ္။

အိမ္ရွင္မတစ္ေယာက္အေနနဲ့ ေၾကာက္စရာ အျဖစ္အပ်က္နဲ့ ၾကံုေတြ့ခဲ့ရတဲ့ သက္မြန္ျမင့္ 6

ဘယ္အစားအေသာက္ပဲျဖစ္ျ့ဖစ္ ေသေသခ်ာခ်ာ စိစစ္ျပီး သန့္သန့္ရွင္းရွင္းေလးစားတာ အေကာင္းဆံုးပါပဲေနာ္။ မိုမိုေလး ပရိသတ္ၾကီးလည္း သတိထားျပီး စားသံုးနိုင္ၾကပါလို့ သတိေပးလိုက္ရပါတယ္ေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို မုိမုိေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။ credit – momolay

Unicode
နိုင်ငံကျော် အကယ်ဒမီ မင်းသမီးဖြစ်တဲ့ သက်မွန်မြင့်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်နေသလို အိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့်က ဒီတစ်ခေါက်မှာတော့ အိမ်ရှင်မတွေကို သူမ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ သတိပေးထားတာကို တွေ့ရပါတယ်။

သက်မွန်မြင့်က “မိခင်တစ်ယောက်အနေနဲ့ မျှဝေခြင်းပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့စိတ်မရှိပါဘူးရှင်။ သတိထားရအောင်လို့ပါနော်။ အားချစ်လေးက စားချင်တယ်ဆိုလို့ ဝယ်ပေးမယ် ယူလိုက်ဆိုတော့ ယူလာတယ်။ ဒီတိုင်းမထည့်ပဲ စစ်မိလို့ပေါ့..မှိုဖြစ်နေပြီ အသီးက ပုံထဲကဟာက သပ်သပ်.. ယူလာတဲ့ဟာက မှိုရှိရုံ.. လန့်ပြီး တခြားဟာရှာမိတော့ ပိုဆိုး.. ပုံထဲကဟာဆို မှိုတောင် တော်တော်ရှည်နေပြီ!😱😱😱”

“အရမ်းစိတ်ပူသွားတယ်။ ဒါ မရောင်းသင့်တော့ဘူးလေ။ ဒါ အန္တရာယ် ဖြစ်နေပြီ။ အသီးလေးတွေ ရွေးခွင့်ပေးတဲ့ နေရာတွေရှိတယ်။ နေရာကွာခြားမှုပေါ်မူတည်ပြီး အသီးလတ်တာ သိပ်ကွာတာပဲ.. စိတ်တောင်မကောင်းဘူး😞😞😞 ကလေးအမေဖြစ်ပြီးနောက်ပိုင်း ဈေးတအားဝယ်ဖြစ်တော့ သိနေပြီလေ😁

“ဟိုးးးးအရင် အားချစ် ၁ နှစ်ခွဲ ၂နှစ် တုန်းကလည်း တခါ! Cheese အခဲ.. ကလေးတွေကြိုက်တဲ့ တြိဂံပုံ! ဝယ်နေကျ တံဆိပ်မဟုတ်တော့ တခြားကောင်းမယ်ထင်တာ ယူလာတာ။ အိမ်မှာ သူ့ဟာသူ ရေခဲသေတ္တာထဲက ယူစားတာ။ သူ့ကို ခွာနည်းသင်ပေးထားတော့ သူ့ဟာသူ ခွာစားပေါ့။ ကိုယ်က ရှုတင်တွက်ပြင်ဆင် အလုပ်ရှုပ်နေတုန်းဆိုတော့ မကြည့်မိဘူး.. နောက်တော့ မေမေရော့ဆိုပြီး လက်ထဲလာထည့်.. အားချစ်မစားချင်တော့ဘူးတဲ့.. ကိုယ်လည်း မကြည့်ပဲ ပါးစပ်ထဲထည့်ပေါ့.. မာနေရော.. ဟဲ့ cheese က ဘာလို့ အဲ့လောက်မာတုန်းဆိုြင်္ပး ပြန်ထွေးတော့..အလားးးးး”

” ခေါင်းကြီးပြီး ထူပူသွားတာ.. မှိုဆွဲပြီး ခဲတာ.. အစိမ်းရောင်တွေရော အမဲရောင်တွေရော..အဲ့မှာ အားချစ် ဘယ်လောက်တောင်စားလိုက်ပြီလဲမသိ.. ဒါမာလို့ သူ မစားနိုင်လို့ပေးတာ.. တချို့ မျိုချပြီးလောက်ပြီ။ အဲ့ချိန် စိတ်ပူ ရင်တွေပူ.. အဖေ့ဆီ ပြေးရတယ်။ အန်မအန်စောင့်ကြည့်ဆိုလို့ တော်သေးတယ် ဘာမှ မဖြစ်လို့.”

“ဝယ်လာတာ မကြာဘူးလေ. မနေ့တနေ့က ဝယ်တာ။ အဲ့တုန်းက မီးမှ မပျက်တာ။ ကိုယ့်ဆီမှာ အဲ့လောက်ပျက်စီးစရာအကြောင်းမရှိ.. expire date ကြည့်ခဲ့တာ လိုသေးတယ်။ ဘယ်လိုလဲ နားမလည်တော့ပါဘူး။ ခုလည်းကြုံပြန်ပြီ.. ဂရုစိုက်ကြပါနော်။ သတိထားရအောင် မျှဝေတာပါ။ ဆိုင်ရော စားသုံးသူတွေရော သတိထားစေလိုပါတယ်ရှင်.. 🙏🏻🙏🏻🙏🏻” ဆိုပြီး မျှဝေထားပါတယ်။

ဘယ်အစားအသောက်ပဲဖြစ်ြ့ဖစ် သေသေချာချာ စိစစ်ပြီး သန့်သန့်ရှင်းရှင်းလေးစားတာ အကောင်းဆုံးပါပဲနော်။ မိုမိုလေး ပရိသတ်ကြီးလည်း သတိထားပြီး စားသုံးနိုင်ကြပါလို့ သတိပေးလိုက်ရပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။ credit – momolay