အိမ္ပိုင္ ဝိုင္းပိုင္ျဖစ္ေအာင္ အလုပ္ႀကိဳးစားရအံုးမယ္ဆိုတဲ့ ၿဖိဳးျမတ္ေအာင္

Myanmar Idol Season 3 Winner ဆုရွင္ၿဖိဳးျမတ္ေအာင္ ဟာဆိုရင္ အႏုပညာေလာကထဲမွာ ႀကိဳးစားေလၽွာက္လွမ္းေနၿပီပဲ ျဖစ္ပါတယ္။ ၿဖိဳးျမတ္ေအာင္က ေၾကာ္ျငာမ်ားကိုလည္း လက္ခံရိုက္ကူးေနၿပီး နယ္ပြဲမ်ားသီဆိုရင္း အႏုပညာအလုပ္ေတြ ေတာက္ေလွ်ာက္ လုပ္ကိုင္ေနသူပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ မိုမိုေလး ရဲ႕ ခ်စ္ပရိသတ္ေတြအတြက္ ၿဖိဳးျမတ္ေအာင္ က လက္ရွိ အိမ္ပိုင္မရွိေသးတဲ့ အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အိမ္ပိုင္ ဝိုင္းပိုင္ျဖစ္ေအာင္ အလုပ္ႀကိဳးစားရအံုးမယ္ဆိုတဲ့ ၿဖိဳးျမတ္ေအာင္ 1

ၿဖိဳးျမတ္ေအာင္ က Myanmar Idol Season 3 ရဲ႕ Winner ဆုကို ရရွိခဲ့ၿပီးေနာက္ပိုင္း မွာ အလႉအဒါန္းမ်ားစြာကို ေတာက္ေလၽွာက္လွဴဒါန္းေနတာပဲ ျဖစ္ပါတယ္။သူက ေအာင္ျမင္မႈ လမ္းေၾကာင္းမွာ ေလၽွာက္လွမ္းေနတဲ့ အဆိုေတာ္ သစ္ျဖစ္သလို လက္ရွိမွာ အိမ္ပိုင္မရွိေသးတာေၾကာင့္ မိသားစုနဲ႔ သိုက္သိုက္ဝန္းဝန္း ေနခ်င္တာေၾကာင့္ အိမ္ပိုင္ရဖို႔ ႀကိဳးစားရဦးမယ္လို႔ MC မီဒီယာ မွာ အင္တာဗ်ဴးေျဖထားတာေတြ႕ရပါတယ္။

အိမ္ပိုင္ ဝိုင္းပိုင္ျဖစ္ေအာင္ အလုပ္ႀကိဳးစားရအံုးမယ္ဆိုတဲ့ ၿဖိဳးျမတ္ေအာင္ 2

ၿဖိဳးျမတ္ေအာင္က ” အိမ္ကေလာေလာဆယ္ မဝယ္ႏိုင္ေသးပါဘူး ျခံအရင္ဝယ္ၿပီးမွပဲ အိမ္အတြက္လုပ္ရမယ္ ကြ်န္ေတာ္က တကယ္ေတာ့ ရန္ကုန္မွာ မေနခ်င္ဘူး ကိုယ့္ေနရာေလးမွာပဲ ေအးေအးခ်မ္းခ်မ္း ေနခ်င္တာ ဒါေပမယ့္ အလုပ္နဲ႔ က်ေတာ့လည္း ရန္ကုန္မွာေနမွ အဆင္ေျပမွာ ေပါ့ေနာ္တိုက္ခန္းနဲ႔ ေနမယ္ဆိုေတာ့လည္း အေမက မေနတတ္ေလာက္ဘူး တိုက္ခန္းက က်ဥ္းတယ္ဆိုေတာ့သူ႔အတြက္အဓိကေပါ့ေနာ္ ျခံဝယ္ဖို႔ ႀကိဳးစားရဦးမယ္ winner ဆုရတဲ့ ပိုက္ဆံက လည္း ကုန္သေလာက္ျဖစ္ေနၿပီ ကုန္တယ္ဆိုတာကလည္း ကြ်န္ေတာ္အလွဴေတြလုပ္ေနလို႔ပါ” လို႔ မီဒီယာမွာ ေျဖထားပါတယ္။

အိမ္ပိုင္ ဝိုင္းပိုင္ျဖစ္ေအာင္ အလုပ္ႀကိဳးစားရအံုးမယ္ဆိုတဲ့ ၿဖိဳးျမတ္ေအာင္ 3

အိမ္ပိုင္ ဝိုင္းပိုင္ျဖစ္ေအာင္ အလုပ္ႀကိဳးစားရအံုးမယ္ဆိုတဲ့ ၿဖိဳးျမတ္ေအာင္ 4

မိသားစုနဲ႔ သိုက္သိုက္ဝန္းဝန္းေနရဖို႔ ျခံဝယ္ရမွာ ျဖစ္တဲ့ အတြက္ အလုပ္ပိုႀကိဳးစားလုပ္ရမယ္ ပိုက္ဆံရွာရမယ္လို႔ ေျပာထားတာပါ။ၿဖိဳးျမတ္ေအာင္ ေျပာျပထားတဲ့ အေၾကာင္းအရာကို ပရိသတ္ေတြ သိရေလာက္ၿပီထင္ပါတယ္။ မိုမိုေလး ပရိသတ္ႀကီးကလည္း ၿဖိဳးျမတ္ေအာင္ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို အားေပးၾကပါဦးေနာ္။Momolay

Unicode Version

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် က လက်ရှိ အိမ်ပိုင်မရှိသေးတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင် က Myanmar Idol Season 3 ရဲ့ Winner ဆုကို ရရှိခဲ့ပြီးနောက်ပိုင်း မှာ အလှူအဒါန်းများစွာကို တောက်လျှောက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။သူက အောင်မြင်မှု လမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့ အဆိုတော် သစ်ဖြစ်သလို လက်ရှိမှာ အိမ်ပိုင်မရှိသေးတာကြောင့် မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေချင်တာကြောင့် အိမ်ပိုင်ရဖို့ ကြိုးစားရဦးမယ်လို့ MC မီဒီယာ မှာ အင်တာဗျူးဖြေထားတာတွေ့ရပါတယ်။

ဖြိုးမြတ်အောင်က ” အိမ်ကလောလောဆယ် မဝယ်နိုင်သေးပါဘူး ခြံအရင်ဝယ်ပြီးမှပဲ အိမ်အတွက်လုပ်ရမယ် ကျွန်တော်က တကယ်တော့ ရန်ကုန်မှာ မနေချင်ဘူး ကိုယ့်နေရာလေးမှာပဲ အေးအေးချမ်းချမ်း နေချင်တာ ဒါပေမယ့် အလုပ်နဲ့ ကျတော့လည်း ရန်ကုန်မှာနေမှ အဆင်ပြေမှာ ပေါ့နော်တိုက်ခန်းနဲ့ နေမယ်ဆိုတော့လည်း အမေက မနေတတ်လောက်ဘူး တိုက်ခန်းက ကျဉ်းတယ်ဆိုတော့သူ့အတွက်အဓိကပေါ့နော် ခြံဝယ်ဖို့ ကြိုးစားရဦးမယ် winner ဆုရတဲ့ ပိုက်ဆံက လည်း ကုန်သလောက်ဖြစ်နေပြီ ကုန်တယ်ဆိုတာကလည်း ကျွန်တော်အလှူတွေလုပ်နေလို့ပါ” လို့ မီဒီယာမှာ ဖြေထားပါတယ်။

မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေရဖို့ ခြံဝယ်ရမှာ ဖြစ်တဲ့ အတွက် အလုပ်ပိုကြိုးစားလုပ်ရမယ် ပိုက်ဆံရှာရမယ်လို့ ပြောထားတာပါ။ဖြိုးမြတ်အောင် ပြောပြထားတဲ့ အကြောင်းအရာကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ မိုမိုလေး ပရိသတ်ကြီးကလည်း ဖြိုးမြတ်အောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါဦးနော်။