အားမေပးရင္ေတာင္ မဆဲၾကဖုိ႔ ေမတၱာရပ္ခံသြားတဲ့ ေကညီ

႐ုပ္႐ွင္ဇာတ္ကားေတြမွာ အၾကမ္းအရမ္း ဟာသ ဒရမ္မာ အလြမ္းအေဆြး စတာေတြကုိ အေကာင္းဆုံး အပုိင္ႏုိင္ဆုံး သ႐ုပ္ေဆာင္ႏုိင္တဲ့ ျပည္သူခ်စ္အႏုပညာ ျမင့္ျမတ္ကေတာ့ လတ္တေလာမွာ သ႐ုပ္ေဆာင္ေကညီကေတာ့ ပရိသတ္ေတြအေနနဲ႔ အားမေပးခ်င္ေနပါ အရမ္းႀကီး မဆဲပါနဲ႔လုိ႔ 8days နဲ႔ အင္တာဗ်ဴးတစ္ခုကေန ေမတၱာရပ္ခံသြားခဲ့ပါတယ္။

အားမေပးရင္ေတာင္ မဆဲၾကဖုိ႔ ေမတၱာရပ္ခံသြားတဲ့ ေကညီ 1

ေကညီက “တစ္ခါတစ္ေလက်ရင္ facebook မွာ အလကားေနရင္း ဆဲေနၾကတဲ့သူေတြ႐ွိတယ္ေလ။ ဆဲတာက ဆဲလုိ႔ရပါတယ္။ တကယ္တမ္းျပန္စဥ္းစားၾကည့္ရင္ ကြၽန္ေတာ္တုိ႔ကုိ ဆဲေအာင္လည္း သူတုိ႔ကုိဘာမွလည္း လုပ္တာ မဟုတ္ဘူးဗ်ာ။ တစ္ခါတစ္ေလကိရင္ ကုိယ္တင္ထားတဲ့ ပုိ႔္စ္တစ္ခုမွာ ဝင္ၿပီး ႐ုိင္း႐ုိင္းစိုင္းစိုင္းေတြေရးေတာ့ ကြၽန္ေတာ္လည္း တစ္ခါတစ္ေလ စိတ္အခန္႔မသင့္လုိ႔ ျပန္ေရးမိေတာ့ သူက ျပန္ေရးေရာ။ ျပန္ေရးတဲ့အခါမွာ သူေရးကုိယ္ေရးနဲ႔ ေနာက္ပုိင္းသူက စကားလုံး အသုံးအႏႈန္းေတြက အရမ္းရင့္လာတယ္။ အဲ့လုိမ်ိဴးက်ေတာ့ တစ္ဖက္လူက ခံစားရခက္တာေပါ့ေနာ္။ အႏုပညာ႐ွင္တုိင္းလည္းေလ ကြၽန္ေတာ္တုိ႔အႏုပညာအလုပ္နဲ႔ ႀကီးျပင္းလာတာ သိပ္မၾကာေသးပါဘူး။

အားမေပးရင္ေတာင္ မဆဲၾကဖုိ႔ ေမတၱာရပ္ခံသြားတဲ့ ေကညီ 2

သူတုိ႔ေျပာတဲ့ပုံအရ ကြၽန္ေတာ္႔ကုိ သူေကြၽးလုိ႔ လူျဖစ္လာတဲ့ လူကမ်ားတဲ့ အဲ့တာကေတာ့ မဟုတ္ဘူးေလ ကြၽန္ေတာ့္အေမအေဖ ေကြၽးေမြးလုိ႔ပဲ အသက္ ၃၀ ေလာက္ျဖစ္ေနၿပီ။ ဒီအႏုပညာလုပ္တာမွ ၁၀ ႏွစ္ေလာက္ပဲ ႐ွိေသးတယ္ အဲ့လုိေတြေပါ့ သိမ္းက်ဳံးၿပီးေတာ့ မေျပာသင့္ဘူးေပါ့ေနာ္။ တကယ္တမ္းကြၽန္ေတာ္တုိ႔ကုိ ခ်စ္တဲ့ပရိသတ္က အဲ့လုိေျပာမွာ မဟုတ္ဘူး တကယ္အားေပးတဲ့ ပရိသတ္ကလည္း အဲ့လုိေျပာမွာမဟုတ္ဘူး။ ကြၽန္ေတာ္ေျပာခ်င္တာက အားမေပးရင္ ေနပါ ကြၽန္ေတာ္တုိ႔ ၾကဳိးစားခဲ့တာေလးကုိ အသိအမွတ္မျပဳရင္လည္း ေနပါ ဒါေပမဲ့အလကားေနရင္း မဆဲဖုိ႔ေတာ့ ေတာင္းပန္ခ်င္ပါတယ္။ ဒါက ကြၽန္ေတာ္တုိ႔က အႏူးအၫြတ္ေတာင္းပန္တာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အားမေပးရင္ေတာင္ မဆဲၾကဖုိ႔ ေမတၱာရပ္ခံသြားတဲ့ ေကညီ 3

ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူဆုိေတာ့ ဆဲခံရရင္ ဘယ္လုိ ခံစားရလဲလုိ႔ ေမးျမန္းရာ “လူပဲဗ်ာ စိတ္ေတြနဲ႔ တည္ေဆာက္ထားတာပဲ အျပင္ကလူလည္း သူ႔ကုိဆဲရင္ သူလည္းၾကဳိက္မွာ မဟုတ္ဘူး သေဘာက အႏုပညာသမားက စိတ္နဲ႔ ပုိၿပီးတည္ေဆာက္ရတဲ့လူေတြေပါ့ေနာ္ အဲ့ေတာ့ ပုိခံစားတတ္လြယ္ပါတယ္ အဲ့အတြက္ေၾကာင့္ ေတာ္႐ုံတန္႐ုံ ဆုိလည္း အျမဲတမ္း ေအာက္ကပဲ ေနပါတယ္။

အားမေပးရင္ေတာင္ မဆဲၾကဖုိ႔ ေမတၱာရပ္ခံသြားတဲ့ ေကညီ 4

ပရိသတ္ဆုိတာကုိ ကြၽန္ေတာ္တုိ႔ အမ်ားႀကီး အေပၚမွာ ထားပါတယ္။ တခ်ိဳ႕က လုိတာထက္ပုိမ်ားလာတယ္ အရမ္းခံစားရပါတယ္။ ကြၽန္ေတာ္တုိ႔ကုိ အားမေပးခ်င္ေနပါ အရမ္းႀကီး မဆဲၾကပါနဲ႔ ကြၽန္ေတာ္တုိ႔ ဆဲရေအာင္လည္း ဘာမွလုပ္ေနတာ မဟုတ္ပါဘူး။” လုိ႔ေျပာသြားခဲ့ပါတယ္။Nanmalgyi

Unicode Version

ရုပ်ရှင်ဇာတ်ကားတွေမှာ အကြမ်းအရမ်း ဟာသ ဒရမ်မာ အလွမ်းအဆွေး စတာတွေကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ်အနုပညာ မြင့်မြတ်ကတော့ လတ်တလောမှာ သရုပ်ဆောင်ကေညီကတော့ ပရိသတ်တွေအနေနဲ့ အားမပေးချင်နေပါ အရမ်းကြီး မဆဲပါနဲ့လို့ 8days နဲ့ အင်တာဗျူးတစ်ခုကနေ မေတ္တာရပ်ခံသွားခဲ့ပါတယ်။

ကေညီက “တစ်ခါတစ်လေကျရင် facebook မှာ အလကားနေရင်း ဆဲနေကြတဲ့သူတွေရှိတယ်လေ။ ဆဲတာက ဆဲလို့ရပါတယ်။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့ကို ဆဲအောင်လည်း သူတို့ကိုဘာမှလည်း လုပ်တာ မဟုတ်ဘူးဗျာ။ တစ်ခါတစ်လေကိရင် ကိုယ်တင်ထားတဲ့ ပို့်စ်တစ်ခုမှာ ဝင်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေရေးတော့ ကျွန်တော်လည်း တစ်ခါတစ်လေ စိတ်အခန့်မသင့်လို့ ပြန်ရေးမိတော့ သူက ပြန်ရေးရော။ ပြန်ရေးတဲ့အခါမှာ သူရေးကိုယ်ရေးနဲ့ နောက်ပိုင်းသူက စကားလုံး အသုံးအနှုန်းတွေက အရမ်းရင့်လာတယ်။ အဲ့လိုမျိူးကျတော့ တစ်ဖက်လူက ခံစားရခက်တာပေါ့နော်။ အနုပညာရှင်တိုင်းလည်းလေ ကျွန်တော်တို့အနုပညာအလုပ်နဲ့ ကြီးပြင်းလာတာ သိပ်မကြာသေးပါဘူး။

သူတို့ပြောတဲ့ပုံအရ ကျွန်တော့်ကို သူကျွေးလို့ လူဖြစ်လာတဲ့ လူကများတဲ့ အဲ့တာကတော့ မဟုတ်ဘူးလေ ကျွန်တော့်အမေအဖေ ကျွေးမွေးလို့ပဲ အသက် ၃၀ လောက်ဖြစ်နေပြီ။ ဒီအနုပညာလုပ်တာမှ ၁၀ နှစ်လောက်ပဲ ရှိသေးတယ် အဲ့လိုတွေပေါ့ သိမ်းကျုံးပြီးတော့ မပြောသင့်ဘူးပေါ့နော်။ တကယ်တမ်းကျွန်တော်တို့ကို ချစ်တဲ့ပရိသတ်က အဲ့လိုပြောမှာ မဟုတ်ဘူး တကယ်အားပေးတဲ့ ပရိသတ်ကလည်း အဲ့လိုပြောမှာမဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက အားမပေးရင် နေပါ ကျွန်တော်တို့ ကြိုးစားခဲ့တာလေးကို အသိအမှတ်မပြုရင်လည်း နေပါ ဒါပေမဲ့အလကားနေရင်း မဆဲဖို့တော့ တောင်းပန်ချင်ပါတယ်။ ဒါက ကျွန်တော်တို့က အနူးအညွတ်တောင်းပန်တာပါ။”လို့ ပြောသွားခဲ့ပါတယ်။

ပျော်ပျော်နေတတ်တဲ့ သူဆိုတော့ ဆဲခံရရင် ဘယ်လို ခံစားရလဲလို့ မေးမြန်းရာ “လူပဲဗျာ စိတ်တွေနဲ့ တည်ဆောက်ထားတာပဲ အပြင်ကလူလည်း သူ့ကိုဆဲရင် သူလည်းကြိုက်မှာ မဟုတ်ဘူး သဘောက အနုပညာသမားက စိတ်နဲ့ ပိုပြီးတည်ဆောက်ရတဲ့လူတွေပေါ့နော် အဲ့တော့ ပိုခံစားတတ်လွယ်ပါတယ် အဲ့အတွက်ကြောင့် တော်ရုံတန်ရုံ ဆိုလည်း အမြဲတမ်း အောက်ကပဲ နေပါတယ်။

ပရိသတ်ဆိုတာကို ကျွန်တော်တို့ အများကြီး အပေါ်မှာ ထားပါတယ်။ တချို့က လိုတာထက်ပိုများလာတယ် အရမ်းခံစားရပါတယ်။ ကျွန်တော်တို့ကို အားမပေးချင်နေပါ အရမ်းကြီး မဆဲကြပါနဲ့ ကျွန်တော်တို့ ဆဲရအောင်လည်း ဘာမှလုပ်နေတာ မဟုတ်ပါဘူး။” လို့ပြောသွားခဲ့ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*