အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လက်


အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လက် 1

အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လက် 2


အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လက် 3

အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လက် 4


အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လက် 5

အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လက် 6


Source; Yin Let

Unicode Version

တိုက်ကွမ်ဒို ခါးပတ်နက်တစ်ယောက်ဖြစ်တဲ့ အက်ရှင်မင်းသမီး ယဉ်လက်ကို ပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ်နော်..။ သူမရဲ့ အက်ရှင်ဇာတ်ကားတွေဟာဆိုရင်တော့ မြန်မာပြည်ရှိဇာတ်ကားကောာင်းတွေထဲမှာအပါအဝင်ဖြစ်ပါတယ်..။ အင်မတန်ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် အချိန်တိုအတွင်းမှာပဲအောင်မြင်မှုတွေ များစွာရရှိလာတာဖြစ်ပါတယ်..။ ချစ်စရာမျက်နှာထားလေးနဲ့ အက်ရှင်ဇာတ်ကားကြမ်းတွေကို သရုပ်ဆောင်ရိုက်ကူးတာကြောင့် ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေတာပါ..။ ဒရာမာ၊ အချစ်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးလေ့ရှိပြီး ပရိသတ်တွေအတွက်ဆက်လက် ကြိုးစားပေးနေတာဖြစ်ပါတယ်..။

ယဉ်လက်ဟာဆိုရင် “လောကကြိုးဝိုင်း” ရုပ်သံဇာတ်လမ်းတွဲမှာလည်းပါဝင်ထားတာကိုမြင်တွေ့ရမှာပါ..။ ထိုရုပ်သံဇာတ်လမ်းတွဲဟာဆိုရင်တော့ Arkar Production နှင့် Canal + တို့မှ ပူးပေါင်းတင်ဆက်ပြီး အကိုဖြစ်သူ အာကာမှရိုက်ကူးကာ ညီဖြစ်သူရဲနောင်မှ ဇာတ်လမ်းရေသားထားခြင်း ဖြစ်တယ်လို့သိရပါတယ်…။ ထိုဇာတ်ကားရဲ့ အမျိုးအစားဟာဆိုရင် အက်ရှင်၊ ဒရာမာ ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ပညာကို အခြေခံထားကာ ရိုက်ကူးချိန်မှာ ရက်ပေါင်း (၁၀၂) ရက်ရှိတယ်လို့သိရပါတယ်..။ ထိုဇာတ်ကားထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကို မြန်မာ့လက်ဝှေ့သမားပုံစံပေါက်အောင် ရက်ပေါင်း (၄၅) ရက်လေ့ကျင့်ပေးရတယ်လို့ဆိုထားပါတယ်….။ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေဟာဆိုရင်တော့ ရဲနောင်၊ ထွန်းနိုင်ဦး၊ ခါရာ၊ ဇင်ဝိုင်း၊ နေအောင်၊ အောင်ခိုင်၊ ဆန်းထွဋ်၊ ဝါဝါအောင်၊ မေမြတ်နိုး၊ ယဉ်လတ်၊ သဲနန္ဒာစိုး၊ ယုနန္ဒာ တို့ပဲဖြစ်ပါတယ်…။

ယဉ်လက်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ယဉ်လက်ဟာ သူမရဲ့ အလှပုံရိပ်လေးတွေကို Instagram တွင် ထုတ်ဖော်ပြသပေးထားတာဖြစ်ပါတယ်..။ သူမရဲ့ ပုံလေးတွေဟာ ယဉ်လက်ဆိုတဲ့ အတိုင်း ရိုးယဉ်စွာလှပနေပြီး ဝင်းလက်တောက်ပနေတာဖြစ်ပါတယ်…။ ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှေဝေပေးလိုက်ပါတယ်နော်…။

Source; Yin Let