အလှတရားမှာဆိုရင်​ မင်းသမီး​တွေကို ယှဉ်​နိုင်​တဲ့ မထက်​ရဲ့အလှ
အလှတရားမှာဆိုရင်​ မင်းသမီး​တွေကို ယှဉ်​နိုင်​တဲ့ မထက်​ရဲ့အလှ 1
အလှတရားမှာဆိုရင်​ မင်းသမီး​တွေကို ယှဉ်​နိုင်​တဲ့ မထက်​ရဲ့အလှ 2
အလှတရားမှာဆိုရင်​ မင်းသမီး​တွေကို ယှဉ်​နိုင်​တဲ့ မထက်​ရဲ့အလှ 3
အလှတရားမှာဆိုရင်​ မင်းသမီး​တွေကို ယှဉ်​နိုင်​တဲ့ မထက်​ရဲ့အလှ 4
အလှတရားမှာဆိုရင်​ မင်းသမီး​တွေကို ယှဉ်​နိုင်​တဲ့ မထက်​ရဲ့အလှ 5
အလှတရားမှာဆိုရင်​ မင်းသမီး​တွေကို ယှဉ်​နိုင်​တဲ့ မထက်​ရဲ့အလှ 6
Unicode Version
Transgender တစ်ယောက်ဖြစ်ပြီး ခွဲစိတ်ပြုပြင်မှုတွေလုပ်ကာ အမျိုးသမီးဘဝကို အမြတ်တနိုးခံယူထား တဲ့ မထက်တစ်ယောက် သူမရဲ့ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက် မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ နေဗီပြာရောင်ဝတ်စုံလေးနဲ့ အလှတွေအကန့်အသတ် မဲ့နေတဲ့ သူမရဲ့ပုံရိပ်တွေဟာ ရောင်နီပျိုးစ နေမင်းကြီးလို ဘယ်နှခေါက်ကြည့်ကြည့် မဝနိုင် လောက်အောင် လှရက်နိုင်လွန်းနေပါတယ်။ ချပ်ရပ်ပြီး သွယ်လျတဲ့ ခန္ဓာကိုယ်အချိုး အစားလေးဟာ ကြွေချင်စရာပါပဲ။
ရှည်လျားတဲ့အရပ်အမောင်းကြောင့် ဘယ်အဝတ်အစားမဆို လိုက်ဖက်ပြီး ကြည့်ကောင်း လွန်းနေပါ တယ်။ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့လက်ရာတိုင်းဟာလည်း တကယ့်ကို လှပသေသပ်လွန်းတာမို့ အားလုံးသဘောကျတဲ့ Make Up Artist တစ်ယောက်ဖြစ်လို့နေပါတယ်။ ကျော့ရှင်းတဲ့ခန္ဓာကိုယ်လေးထက်မှာ အမိုက်စား ဝတ်စုံလေးရဲ့ လှပမှုက ပိုပြီးပေါ်လွင်လို့နေပါတယ်။ အနုပညာလှုပ်ရှားမှုအဖြစ်နဲ့ ခင်မင်ရတဲ့ ဘဝတူတွေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ရိုက်ကူးထားပါသေးတယ်။
သူမရဲ့ပွဲတက်ပုံရိပ်တွေကို ” ဒီနေ့ပွဲသွားတော့ ဒီလိုလေးရိုက်ဖြစ်တာပေါ့ ” ဆိုပြီး ဝေမျှ လိုက်တာ ပဲဖြစ်ပါတယ်။ သူများကိုလည်း လှအောင် ပြင်ဆင်ပေးတဲ့အပြင် ကိုယ်တိုင် လည်းအချိန်တိုင်း လှအောင်နေတတ်သူပါပဲ။ သူမရဲ့ပုံရိပ်တွေဟာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ဆွဲဆောင်မှုအပြည့်နဲ့ လှရက်နိုင်လွန်းပါတယ်။ ကြွေချင်စရာကောင်းလွန်းတဲ့ မထက်ရဲ့ အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။Myanmarload
Be the first to comment
Leave a Reply
Your email address will not be published.
*