အလှဆုံးပန်​​လေးတစ်​ပွင့်​ပမာ လှ​နေရက်​လွန်းတဲ့ ယွန်းယွန်း
အလှဆုံးပန်​​လေးတစ်​ပွင့်​ပမာ လှ​နေရက်​လွန်းတဲ့ ယွန်းယွန်း 1
အလှဆုံးပန်​​လေးတစ်​ပွင့်​ပမာ လှ​နေရက်​လွန်းတဲ့ ယွန်းယွန်း 2
အလှဆုံးပန်​​လေးတစ်​ပွင့်​ပမာ လှ​နေရက်​လွန်းတဲ့ ယွန်းယွန်း 3
အလှဆုံးပန်​​လေးတစ်​ပွင့်​ပမာ လှ​နေရက်​လွန်းတဲ့ ယွန်းယွန်း 4
အလှဆုံးပန်​​လေးတစ်​ပွင့်​ပမာ လှ​နေရက်​လွန်းတဲ့ ယွန်းယွန်း 5
အလှဆုံးပန်​​လေးတစ်​ပွင့်​ပမာ လှ​နေရက်​လွန်းတဲ့ ယွန်းယွန်း 6
Unicode Version
ပရိသတ်တွေရဲ့အချစ်တော် ယွန်းယွန်းလေးကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်အောင် အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့အသည်းကို ခြွေယူခဲ့တဲ့ ယွန်းယွန်းက အခုဆိုရင် မင်းသမီးချောလေးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်နေရတဲ့ ယွန်းယွန်းက အပျိုပေါက်လေးအရွယ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။
ဆံနွယ်အရှည်ကြီးတွေနဲ့ မြင်သူတကာငေးမောရလောက်အောင် လှလွန်းတဲ့ ယွန်းယွန်းက ပုရိသတွေရဲ့ အသည်းတစ်ခြမ်းကို အပိုင်ရယူထားနိုင်တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယွန်းယွန်းက ပွဲအခမ်းအနားတွေ တက်ရောက်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း ယွန်းယွန်းက အမိုက်စားဖက်ရှင်လေးနဲ့ အရမ်းကို လှသွေးကြွယ်နေတဲ့ ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။
ယွန်းယွန်းက ”Cuz I craved for vacation #mood #vacation #beach ” ဆိုပြီး ကမ်းခြေထက်က ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ အပြာရောင်ဖက်ရှင်လေးနဲ့ ပန်းလေးတစ်ပွင့်ပမာ နုဖတ်လှပနေတဲ့ ယွန်းလေးကတော့ အရမ်းကိုချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းယွန်းရဲ့ ကမ်းခြေရောက် အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Myanmarload