အရုပ်မလေးလို ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ ပွဲတက်လာတဲ့ ဖွေးစိန်လေး
အရုပ်မလေးလို ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ ပွဲတက်လာတဲ့ ဖွေးစိန်လေး 1
အရုပ်မလေးလို ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ ပွဲတက်လာတဲ့ ဖွေးစိန်လေး 2
အရုပ်မလေးလို ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ ပွဲတက်လာတဲ့ ဖွေးစိန်လေး 3
အရုပ်မလေးလို ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ ပွဲတက်လာတဲ့ ဖွေးစိန်လေး 4
အရုပ်မလေးလို ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ ပွဲတက်လာတဲ့ ဖွေးစိန်လေး 5
အရုပ်မလေးလို ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ ပွဲတက်လာတဲ့ ဖွေးစိန်လေး 6
ဖွေးဖွေးပြင်ဆင်လာတဲ့ ကိတ်မုန့်က အရုပ်မလေး
အရုပ်မလေးလို ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ ပွဲတက်လာတဲ့ ဖွေးစိန်လေး 7
Unicode Version
နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။
မနေ့က ဇူလိုင်လ(၂၈) ရက်နေ့မှာတော့ ဖွေးဖွေးက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပပြုလုပ်တဲ့ ဒီဇိုင်နာငြိမ်းကိုရဲ့ မြန်မာ့ဓလေ့ & ခေတ်သစ်အင်္ဂလာဆောင် Show အခမ်းအနားကို တက်ရောက်ဂုဏ်ပြုပေးခဲ့တာကို တွေရပါတယ်။ဖွေးဖွေးက ထိုပွဲလေးကို ဒီဇိုင်နာငြိမ်းကို ပို့ပေးတဲ့ ကိတ်မုန့်ထဲက အရုပ်မလေးအတိုင်းပြင်ဆင်ပြီး ပွဲတက်လာတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
ဒိဇိုင်နာ ငြိမ်းကိုကလည်း သူ့ရဲ့ပွဲလေးကို ဖွေးဖွေးတက်ရောက်လာတဲ့အတွက် ဝမ်းသာကြောင်းကို “ကျွန်တော့်ရှိုးပွဲမှာ ကျွန်တော့်ရဲ့ချစ်သောညီမလေးဖွေး ပွဲလာတက်ပေးတာ အရမ်းပျော်တယ်။”“ဖွေးပွဲတက်ရင်ဝတ်မယ့် ဝတ်စုံလေးကိုလည်း Suprise Box 📦 လေးနဲ့အတူပို့ပေးလိုက်တာ…😍ပွဲမလာခင် စာလှမ်းပို့သေးတာ။ အကိုပို့တဲ့ Box ထဲက ကိတ်မုန့်မှာပါတဲ့အရုပ်မလေးလို ပြင်ပီးတက်မှာတဲ့လေ.. တကယ့်အရုပ်မလေးပါဘဲဖွေးရေ👱🏻‍♀️” ဆိုပြီး သူချုပ်ပေးတဲ ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ ဖွေးဖွေးကိုကြည့်ပြီး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ချစ်စရာကောင်းတဲ့ ညအိပ်ဝတ်စုံလေးနဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Be the first to comment
Leave a Reply
Your email address will not be published.
*