အရမ္းစိတ္ညစ္လာရင္ သမီးေလးကို ဖက္ဖက္ၿပီး ငိုတယ္ဆိုတဲ့ ေအသင္ခ်ိဳေဆြ

အမ်ိဳးသမီး အဆိုေတာ္ေတြထဲမွာမွ အေအာင္ျမင္ဆံုး အဆိုေတာ္ တေယာက္ျဖစ္တဲ့ ေအသင္ခ်ိဳေဆြကေတာ့ လက္ရွိမွာဆိုရင္ေတာ့ သူ႕သမီးေလး တေယာက္နဲ႔ ဘဝကို ၾကိဳးၾကိဳး စားစား ျဖတ္သန္းေနျပီ ျဖစ္ပါတယ္။ Single Mother တေယာက္ျဖစ္တာေၾကာင့္ တေယာက္ထဲ ရုန္းကန္ၾကိဳးစားေနရတဲ့ ေအသင္ခ်ိဳေဆြကေတာ့ သူ႔သမီးေလး သူ႔အေပၚ သိတတ္တဲ့ အေၾကာင္းေလးကို ေျပာျပသြား ခဲ့ပါတယ္။

အရမ္းစိတ္ညစ္လာရင္ သမီးေလးကို ဖက္ဖက္ၿပီး ငိုတယ္ဆိုတဲ့ ေအသင္ခ်ိဳေဆြ 1

ေအသင္ခ်ိဳေဆြကေတာ့ Sunday နဲ႔ အင္တာဗ်ဴးမွာေတာ့ သမီးေလးနဲ႔ ပတ္သက္ျပီး “Single Mother လည္း ျဖစ္ေတာ့ နည္းနည္းေတာ့ အၾကပ္ရိုက္တယ္။ တခါတေလ အရမ္းပင္ပန္းတယ္။ ဒါေပမယ့္လည္း ကိုယ္ေရြးခ်ယ္ထားတဲ့ ဘဝဆိုေတာ့ အေကာင္းဆံုးေနတယ္။ ျပီးေတာ့ သမီးေလးကိုလည္း ကိုယ့္ရဲ ့ပံုစံသြင္းမွာေတာ့ မဟုတ္ဘူး။ လူေတြေပၚမွာလည္း ဂရုစိုက္တတ္ေအာင္ အတၱမၾကီးေအာင္ သင္ေပးမွာေပါ့ေနာ္”

အရမ္းစိတ္ညစ္လာရင္ သမီးေလးကို ဖက္ဖက္ၿပီး ငိုတယ္ဆိုတဲ့ ေအသင္ခ်ိဳေဆြ 2

“သူက အေမမရွိလည္း ေနတတ္တယ္။ ေနတတ္တာေပါ့ေနာ္။ အေမမရွိဘူးဆိုရင္ အဘြားနဲ႔ အဆင္ေျပေအာင္ေနတယ္။ အပိုးက်ိဳးတယ္ေပါ့ေနာ္။ အေမနဲ႔ဆိုရင္ေတာ့ ေဆာ့တယ္။ ကဲတာေတာ့ အရမ္းကဲေနျပီ။ အခုဆိုရင္လည္း ဓါတ္ပံုရိုက္ရင္ အိုက္တင္ေလးေတြ လုပ္တတ္ေနျပီ။ တခါတေလက်ရင္လည္း အရမ္းစိတ္ညစ္လို႔ ရွိရင္ သူ႔ကို ဖက္ဖက္ျပီးေတာ့ ငိုတယ္။ အဲ့အခ်ိန္ဆိုရင္လည္း သူက ျငိမ္ျပီးေတာ့ နားေထာင္ေပးတယ္။

အရမ္းစိတ္ညစ္လာရင္ သမီးေလးကို ဖက္ဖက္ၿပီး ငိုတယ္ဆိုတဲ့ ေအသင္ခ်ိဳေဆြ 3

မ်က္ႏွာေလးကို ကိုင္ျပီးေတာ့ သူနားလည္ေနျပီဆိုတဲ့သေဘာေပါ့ေနာ္။ အေမကို။ သူလည္းေတာ္ေတာ္ေတာ့ နားလည္ေနပါျပီ။ ဒါေၾကာင့္လည္း အေမနားသူပိုကပ္တာ။ ကိုယ့္မွာ ရင္ဖြင့္စရာဆိုလို႔ သူပဲရွိတယ္။ အခုကေတာ့ သူလည္း ငယ္ေသးေတာ့ တခါတေလမွာေတာ့ အထီးက်န္တာေပါ့။ ၾကီးလာရင္ေတာ့ သားအမိႏွစ္ေယာက္ တိုင္ပင္လို႔ရျပီ။ အတင္းလည္းတုပ္လို႔လည္း ရျပီ။ ဒါေၾကာင့္ သူက ကုိယ့္ရဲ့ ရတနာေလးပါပဲ။ အခုဆို စကားေတြ သူ႔ေရွ႔မွာဆို ဆင္ျခင္ျပီး ေျပာရတယ္။

အရမ္းစိတ္ညစ္လာရင္ သမီးေလးကို ဖက္ဖက္ၿပီး ငိုတယ္ဆိုတဲ့ ေအသင္ခ်ိဳေဆြ 4

ကိုယ္ကေတာ့ တေယာက္ထဲေန တေယာက္ထဲ ဦးေဆာင္ေနရေတာ့ သမီးေလးကို သိပ္မသင္ေပးတတ္ဘူး။ တီတီတာတာ ေတြေပါ့ေနာ္။ အခုကေတာ့ သူ႔ကို ေက်ာင္းေလးေတြပုိ႔ထားတယ္။ သူေပ်ာ္ေနတယ္။ သူ႔ကို စည္းကမ္းရွိရွိေလး ျဖစ္ေစခ်င္တာေပါ့ေနာ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

အမျိုးသမီး အဆိုတော်တွေထဲမှာမှ အအောင်မြင်ဆုံး အဆိုတော် တယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ လက်ရှိမှာဆိုရင်တော့ သူ့သမီးလေး တယောက်နဲ့ ဘဝကို ကြိုးကြိုး စားစား ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။ Single Mother တယောက်ဖြစ်တာကြောင့် တယောက်ထဲ ရုန်းကန်ကြိုးစားနေရတဲ့ အေသင်ချိုဆွေကတော့ သူ့သမီးလေး သူ့အပေါ် သိတတ်တဲ့ အကြောင်းလေးကို ပြောပြသွား ခဲ့ပါတယ်။

အေသင်ချိုဆွေကတော့ Sunday နဲ့ အင်တာဗျူးမှာတော့ သမီးလေးနဲ့ ပတ်သက်ပြီး “Single Mother လည်း ဖြစ်တော့ နည်းနည်းတော့ အကြပ်ရိုက်တယ်။ တခါတလေ အရမ်းပင်ပန်းတယ်။ ဒါပေမယ့်လည်း ကိုယ်ရွေးချယ်ထားတဲ့ ဘဝဆိုတော့ အကောင်းဆုံးနေတယ်။ ပြီးတော့ သမီးလေးကိုလည်း ကိုယ့်ရဲ့ပုံစံသွင်းမှာတော့ မဟုတ်ဘူး။ လူတွေပေါ်မှာလည်း ဂရုစိုက်တတ်အောင် အတ္တမကြီးအောင် သင်ပေးမှာပေါ့နော်”

“သူက အမေမရှိလည်း နေတတ်တယ်။ နေတတ်တာပေါ့နော်။ အမေမရှိဘူးဆိုရင် အဘွားနဲ့ အဆင်ပြေအောင်နေတယ်။ အပိုးကျိုးတယ်ပေါ့နော်။ အမေနဲ့ဆိုရင်တော့ ဆော့တယ်။ ကဲတာတော့ အရမ်းကဲနေပြီ။ အခုဆိုရင်လည်း ဓါတ်ပုံရိုက်ရင် အိုက်တင်လေးတွေ လုပ်တတ်နေပြီ။ တခါတလေကျရင်လည်း အရမ်းစိတ်ညစ်လို့ ရှိရင် သူ့ကို ဖက်ဖက်ပြီးတော့ ငိုတယ်။ အဲ့အချိန်ဆိုရင်လည်း သူက ငြိမ်ပြီးတော့ နားထောင်ပေးတယ်။

မျက်နှာလေးကို ကိုင်ပြီးတော့ သူနားလည်နေပြီဆိုတဲ့သဘောပေါ့နော်။ အမေကို။ သူလည်းတော်တော်တော့ နားလည်နေပါပြီ။ ဒါကြောင့်လည်း အမေနားသူပိုကပ်တာ။ ကိုယ့်မှာ ရင်ဖွင့်စရာဆိုလို့ သူပဲရှိတယ်။ အခုကတော့ သူလည်း ငယ်သေးတော့ တခါတလေမှာတော့ အထီးကျန်တာပေါ့။ ကြီးလာရင်တော့ သားအမိနှစ်ယောက် တိုင်ပင်လို့ရပြီ။ အတင်းလည်းတုပ်လို့လည်း ရပြီ။ ဒါကြောင့် သူက ကိုယ့်ရဲ့ ရတနာလေးပါပဲ။ အခုဆို စကားတွေ သူ့ရှေ့မှာဆို ဆင်ခြင်ပြီး ပြောရတယ်။

ကိုယ်ကတော့ တယောက်ထဲနေ တယောက်ထဲ ဦးဆောင်နေရတော့ သမီးလေးကို သိပ်မသင်ပေးတတ်ဘူး။ တီတီတာတာ တွေပေါ့နော်။ အခုကတော့ သူ့ကို ကျောင်းလေးတွေပို့ထားတယ်။ သူပျော်နေတယ်။ သူ့ကို စည်းကမ်းရှိရှိလေး ဖြစ်စေချင်တာပေါ့နော်” ဟု ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*