“အယူ​တော်​ မင်္ဂလာ” ရုပ်​ရှင်​ဇာတ်​ကားကြီးကို Copy ကူးထားတယ်​လို့ ​ဝေဖန်​​နေကြတဲ့​ အ​ပေါ် ​​ဖြေရှင်းလိုက်​တဲ့ ဒါရိုက်​တာ ညိုမင်းလွင်
"အယူ​တော်​ မင်္ဂလာ" ရုပ်​ရှင်​ဇာတ်​ကားကြီးကို Copy ကူးထားတယ်​လို့ ​ဝေဖန်​​နေကြတဲ့​ အ​ပေါ် ​​ဖြေရှင်းလိုက်​တဲ့ ဒါရိုက်​တာ ညိုမင်းလွင်​ 1
"အယူ​တော်​ မင်္ဂလာ" ရုပ်​ရှင်​ဇာတ်​ကားကြီးကို Copy ကူးထားတယ်​လို့ ​ဝေဖန်​​နေကြတဲ့​ အ​ပေါ် ​​ဖြေရှင်းလိုက်​တဲ့ ဒါရိုက်​တာ ညိုမင်းလွင်​ 2
"အယူ​တော်​ မင်္ဂလာ" ရုပ်​ရှင်​ဇာတ်​ကားကြီးကို Copy ကူးထားတယ်​လို့ ​ဝေဖန်​​နေကြတဲ့​ အ​ပေါ် ​​ဖြေရှင်းလိုက်​တဲ့ ဒါရိုက်​တာ ညိုမင်းလွင်​ 3
"အယူ​တော်​ မင်္ဂလာ" ရုပ်​ရှင်​ဇာတ်​ကားကြီးကို Copy ကူးထားတယ်​လို့ ​ဝေဖန်​​နေကြတဲ့​ အ​ပေါ် ​​ဖြေရှင်းလိုက်​တဲ့ ဒါရိုက်​တာ ညိုမင်းလွင်​ 4
"အယူ​တော်​ မင်္ဂလာ" ရုပ်​ရှင်​ဇာတ်​ကားကြီးကို Copy ကူးထားတယ်​လို့ ​ဝေဖန်​​နေကြတဲ့​ အ​ပေါ် ​​ဖြေရှင်းလိုက်​တဲ့ ဒါရိုက်​တာ ညိုမင်းလွင်​ 5
Unicode Version
ရုပ်ရှင်ဇာတ်လမ်းကောင်းများစွာ ဗီဒီယိုဇာတ်လမ်းကောင်းများစွာကို သူများနဲ့မတူဘဲ အနည်းငယ်ခြောက်ခြားဖွယ်ရာတွေ အံ့ဩဖွယ်ရာတွေ ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို ရိုက်တတ်တဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ဒါရိုက်တာ ညိုမင်းလွင်ကတော့ “အယူတော်မင်္ဂလာ”ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး Copy ကားလို့ ဝေဖန်နေကြတဲ့ အပေါ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံ ပြန်လည်ဖြေရှင်းလိုက်ပါတယ်။
အယူတော်မင်္ဂလာကားနဲ့ ပတ်သက်ပြီး ဆင်ဆာဖြတ်တဲ့အကြောင်းကို ဒါရိုက်တာ ညိုမင်းလွင်က “အခုလုပ်ပြီးသလောက် အထိမှာ ဆင်ဆာဘက်က နည်းနည်း ဖြတ်ခဲ့တာ တချို့တော့ရှိတယ်။ ဒါပေမဲ့ Final Result ကို ကျေနပ်ပါတယ်။ နှစ်ချက်ကတော့ တော်တော်ထိတယ် ဒါပေမဲ့ အသနားခံစာ ပြန်တင်တာနဲ့ ဘာနဲ့ဆိုတော့ မဆိုးဘူးပဲပြောရမှာပေါ့။ အရမ်းကြီးဆင်ဆာဖြစ်တာလို့ပဲ ဟိုဟာဖြစ်တာပါ ဒီဟာနဲ့ပတ်သက်လို့ ဆင်ဆာကို အရမ်းကြီး အပြစ်တင်စရာမရှိပါဘူး တော်တော်လေးတော့ အရှေ့ပိုင်းဖြတ်ခဲ့တဲ့ နှစ်ချက်ကတော့ တော်တော်လေးဆိုးတယ်။ အဲ့တာကို လိုက်ပြီးတော့ ပြန်ပြီးတောင်းပန်စာအသနားခံစာ တင်လိုက်တော့ ရသွားပါတယ် နည်းနည်းလေးတော့ ဖြတ်ပေးလိုက်ရတာပေါ့။”လို့ပြောသွားခဲ့ပါတယ်။
ဒီကားက နိုင်ငံခြားက ကားကို Copy ယူထားတယ်လို့ ပြောကြတာနဲ့ ပတ်သက်ပြီး “ဒါက ပြောစရာမရှိပါဘူး ပြောမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် inspiration ရခဲ့တဲ့ကား ocean တို့ ဘာတို့လေ Ocean 11 တို့ Ocean 12 တို့ကို ကြည့်ပြီးတော့ inspiration ရခဲ့တာကို ဇာတ်လမ်းကို ခိုးတာ မဟုတ်ဘူး inspiration အနေနဲ့ ဒီကားကို သဘောကျတာကို။ အဲ့တော့ ကိုယ်လိုက်ဖန်တီးတဲ့ညအချိန်မှာ ဆင်တူတာမျိုးလည်း ရှိရင် ရှိနိုင်မယ် Now You See me တော့မဟုတ်ဘူး။ inspiration ဖြစ်ခဲ့တာတော့ Ocean ပေါ့။”လို့ပြောသွားခဲ့ပါတယ်။
Ocean ကို inspiration ယူထားတယ်လို့ ပြောလို့ရမလားလို့ မေးမြန်းရာ “အဲ့တာမျိုးတော့ ပြောလို့ရပါတယ် အဲ့ကားတွေကြည့်ပြီးတော့ မိုက်တယ်ကွာ ငါတို့လည်း ဒါမျိုး ရိုက်ချင်လိုက်တာဆိုပြီးတော့ ဖြစ်ခဲ့တာပေါ့ အဲ့တာမျိူး အငွေ့အသက်တော့ရှိချင်ရှိမှာပေါ့ ဒီအပေါ်မှာ တူတယ်ပြောတာ စိတ်ဆိုးစရာမရှိပါဘူး။ အဆင်ပြေပါတယ် အကုန်လုံးက အသစ်တွေလည်းပါတယ် အဟောင်းတွေလည်းပါတယ်။ အကုန်လုံး တာဝန်ကျေပါတယ်။ ဒီကားနဲ့ ပတ်သက်ပြီးတော့ အဓိက မှတ်မှတ်ရရလေး လေးလေးနက်နက်လေး ပြောချင်တာက ဒီကားမှာ ပရိသတ်တွေ အမြဲတမ်းလိုချင်တဲ့ အခြေအနေမျိုးပေါ့နော် အိမ်တစ်လုံးထဲမှာပဲ ပြီးသွားတယ်ဆိုတာမျိူးတွေကိုလည်း အများကြီး သုံးထားတယ်။ တချို့ဇာတ်ဝင်ခန်းတွေမှာ စက္ကန့်ပိုင်းလေးလောက်ပဲ မြင်ရမယ့် ဇာတ်ဝင်ခန်းတွေအတွက်ကို တံခါးခြောက်ပေါက်နဲ့ ဟာတွေကို ငှါးသုံးလိုက်တာ ကျွန်တော်ကတောင် လိုက်အားနာနေရတာ တော်လောက်ပါပြီလို့ အဲ့လောက်အထိ ဒီကားနဲ့ ပတ်သက်လို့ ထုတ်လုပ်သူဘက်က အရမ်းတာဝန်ကျေခဲ့တယ်။ ဒီဟာနဲ့ ပတ်သက်လို့ ပရိသတ်တွေအနေနဲ့ လာကြည့်လိုက်တဲ့ လက်မှတ်ဖိုးအတွက် ၂နာရီစာမှာ စိတ်ကျေနပ်မှုတစ်ခုတော့ ပြန်ရမှာပါ။”လို့ ပြောသွားခဲ့ပါတယ်။
Be the first to comment
Leave a Reply
Your email address will not be published.
*