အမိုက်စား အိုက်တင်တွေနဲ့ MTV တစ်ခုမှာ အတူသရုပ်ဆောင်ထားတဲ့ ပိုင်တံခွန်နဲ့ ဝါဆိုမိုးဦး
အမိုက်စား အိုက်တင်တွေနဲ့ MTV တစ်ခုမှာ အတူသရုပ်ဆောင်ထားတဲ့ ပိုင်တံခွန်နဲ့ ဝါဆိုမိုးဦး 1
အမိုက်စား အိုက်တင်တွေနဲ့ MTV တစ်ခုမှာ အတူသရုပ်ဆောင်ထားတဲ့ ပိုင်တံခွန်နဲ့ ဝါဆိုမိုးဦး 2
အမိုက်စား အိုက်တင်တွေနဲ့ MTV တစ်ခုမှာ အတူသရုပ်ဆောင်ထားတဲ့ ပိုင်တံခွန်နဲ့ ဝါဆိုမိုးဦး 3
အမိုက်စား အိုက်တင်တွေနဲ့ MTV တစ်ခုမှာ အတူသရုပ်ဆောင်ထားတဲ့ ပိုင်တံခွန်နဲ့ ဝါဆိုမိုးဦး 4
Unicode Version
ပိုင်တံခွန်ကတော့ကိုရီယားမင်းသားလေးလို ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံး ယောကျာ်းလေးမော်ဒယ်လ်တေတွထဲက ပရိသတ်အားပေးမှုအများဆုံး မော်ဒယ် တစ်ယောက်ပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်အချစ်ခံရတဲ့ သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ဟာဆိုရင် ယောကျာ်းပီသတဲ့ဘော်ဒီနဲ့ အရပ်ကို ပိုင်ဆိုင်ထားပြီး အနုပညာလမ်းကြောင်းမှာအောင်မြင်မှု ရရှိနေတဲ့သူလည်းဖြစ်ပါတယ်။
ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက် တွေအပြင် သတင်းမီဒီယာတွေမှာပါဖော်ပြခံခဲ့ရတဲ့ မော်ဒယ်လ်တစ်ဦးပဲ ဖြစ်ကပါတယ်။မြန်မာနိုင်ငံက ပရိသတ်တွေသာမက ထိုင်းနိုင်ငံကအပြင် ဗီယက်နမ်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်လ်တစ်ဦးလို့လည်းဆိုရမှာပါနော်။ ထိုင်းနိုင်ငံမှာ Fan Meeting လေးပြုလုပ်ကာ ထိုင်းပရိသတ်တွေနဲ့ သွားရောက်ဆုံတွေ့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်နေကိုယ်ဟန် နဲ့ယောကျာ်းပီသမှုတွေကြောင့်ထိုင်းနိုင်ငံကပရိသတ်တွေအားပေးခဲ့တဲ့အပြင် ထိုင်းပရိသတ်တွေအတွက် ထိုင်းဘာသာစကားကို သင်ကြားပြီး ထိုင်းလိုပြောခဲ့တာကြောင့် ထိုင်းလူမျိုးပရိသတ်တွေရဲ့ အချစ်တွေကို ပိုမိုရရှိခဲ့ပြန်တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဝါဆိုမိုးဦးရဲ့ ” နင့်ရဲ့အဝေး” Music Video MTV လေးမှာပါဝင်ထားတယ်လို့ သိရပါတယ်။ အမြဲ ခပ်မိုက်မိုက် စတိုင်နဲ့ ပုရိသတွေကိုဆွဲဆောင်နိုင်သူဖြစ်တဲ့ ဝာဆို ကိုယ်တိုင်သီဆိုပြီး ပြည်တွင်းသာမကပြည်ပမှာပါကျော်ကြားသူဖြစ်တဲ့ ပိုင်တံခွန် နဲ့တွဲသရုပ်ဆောင်မှာဖြစ်တာကြောင့် တကယ့်ဒိတ်ဒိတ်ကြဲနှစ်ယောက်တို့ ပါဝင်မယ့် MTV လေးကတော့တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲနော်။ဇူလိုင်လ (၂၇)ရက်နေ့မှာထွက်ရှိတော့မှာဖြစ်ပြီး “နင့်ရဲ့အဝေး ” Music Video Shooting လေးထဲက ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော ဇူလိုင်လ (၂၇)ရက်နေ့မှာထွက်ရှိတော့မယ့် ဝါဆိုရဲ့ ” နင့်ရဲ့အဝေး” MTV လေးကို အားပေးမယ်ဆိုရင် မှတ်ချက်ပေးခဲ့ပါဦးနော်။Celegabar