အမိုက်စားဖက်ရှင် ညို့အားပြင်းအလှတွေနဲ့ အိချောပိုရဲ့ အလှ
အမိုက်စားဖက်ရှင် ညို့အားပြင်းအလှတွေနဲ့ အိချောပိုရဲ့ အလှ 1
အမိုက်စားဖက်ရှင် ညို့အားပြင်းအလှတွေနဲ့ အိချောပိုရဲ့ အလှ 2
အမိုက်စားဖက်ရှင် ညို့အားပြင်းအလှတွေနဲ့ အိချောပိုရဲ့ အလှ 3
အမိုက်စားဖက်ရှင် ညို့အားပြင်းအလှတွေနဲ့ အိချောပိုရဲ့ အလှ 4
အမိုက်စားဖက်ရှင် ညို့အားပြင်းအလှတွေနဲ့ အိချောပိုရဲ့ အလှ 5
Unicode Version
သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ စွဲမက်ဖွယ်ကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေရဲ့ အထူးစိတ်ဝင်တစား အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ စူစူလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ အိချောပိုက ကိုယ်လုံးကိုယ်ပေါက် လှပပြီး တင်းရင်းကျစ်လျစ်တဲ့ Body လေးကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ အိချောပိုရဲ့ အလှတရားတွေကြောင့် မြင်သူတိုင်းက ခဏခဏ လည်ပြန်ငေးမောကြည့်နေရတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အိချောပိုက ”ဒဏ္ဍာရီပင်လယ် ” ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို ရိုက်ကူးပြီးစီးခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ဇာတ်ကားတွေကလည်း ရုံတင်ပြသနေပြီဖြစ်တာကြောင့် အိချောပိုက ပွဲအခမ်းအနားတွေလည်း မနားတမ်း တက်ရောက်နေရတာ ဖြစ်ပါတယ်။ အမြဲတမ်း လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုပြည့်နေတဲ့ အိချောပိုက အခုလည်း ညို့အားပြင်းတဲ့ ပုံရိပ်အသစ်တွေကို ချပြလိုက်ပါတယ်။
အိချောပိုက မျက်မှန်တစ်လက်ကို အထာကျကျတပ်ပြီး အလွင့်ဒီဇိုင်းနဲ့ အပြတ်အသတ် ဂေါ်နေတာပဲ ဖြစ်ပါတယ်။ ဆံနွယ်တွေကို လေမှာဝဲပျံသွားလောက်အောင် အမိုက်စားပို့စ်တွေပေးနေတဲ့ အိချောပိုက ကိုယ်ကျပ်အင်္ကျီလေးနဲ့ ကောက်ကြောင်းအလှတွေ အထင်းသားပေါ်လွင်နေတာလည်း တွေ့မြင်ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိချောပိုရဲ့ ရင်ဖိုချင်စရာ ကောက်ကြောင်းအလှပုံရိပ်သစ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Myanmarload