အမိုက်စားဖက်ရှင်လေးနဲ့ အရမ်းအရမ်းကို ချစ်စရာကောင်းနေတဲ့ ပက်ထရစ်ရှာ
အမိုက်စားဖက်ရှင်လေးနဲ့ အရမ်းအရမ်းကို ချစ်စရာကောင်းနေတဲ့ ပက်ထရစ်ရှာ 1
အမိုက်စားဖက်ရှင်လေးနဲ့ အရမ်းအရမ်းကို ချစ်စရာကောင်းနေတဲ့ ပက်ထရစ်ရှာ 2
အမိုက်စားဖက်ရှင်လေးနဲ့ အရမ်းအရမ်းကို ချစ်စရာကောင်းနေတဲ့ ပက်ထရစ်ရှာ 3
အမိုက်စားဖက်ရှင်လေးနဲ့ အရမ်းအရမ်းကို ချစ်စရာကောင်းနေတဲ့ ပက်ထရစ်ရှာ 4
အမိုက်စားဖက်ရှင်လေးနဲ့ အရမ်းအရမ်းကို ချစ်စရာကောင်းနေတဲ့ ပက်ထရစ်ရှာ 5
Unicode Version
ညှို့အားပြင်းလွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ အမိုက်စားမင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ International ဆန်တဲ့ မျက်နှာကျလေးကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး တစ်ခါတစ်လေလည်း အရုပ်မလေးလို ချစ်ဖို့ကောင်းသူပါ။ အမြဲလိုလို သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိတဲ့ ပတ်ထရစ်ရှာကတော့ လတ်တလောမှာလည်း အရုပ်လေးတစ်ရုပ်လို အရမ်းဂေါ်နေတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူမနဲ့ လိုက်ဖက်လွန်းတဲ့ ဆံပင်အရောင်လေးနဲ့ အမိုက်စားဖက်ရှင်တို့ကို ပေါင်းစပ်ပြီး ပွဲတက်လာတဲ့ ရှာရှာလေးရဲ့ပုံရိပ်တွေကတော့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်လောက်အောင် လန်းနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းလန်းတဲ့ ဖက်ရှင်နဲ့ ပွဲတက်လာသူတွေကို လည်ပြန်ငေးယူစေခဲ့ရတဲ့ ရှာရှာလေးရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပတ်ထရစ်ရှာကတော့ “Ayy new hurrr who dis??? Congratulations Not Copyrighted The show was lit 💣🔥⚡️” ဆိုပြီး သူမရဲ့ ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။ သွယ်လျလျ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ ပတ်ထရစ်ရှာကတော့ အလှအပနဲ့ ကျန်းမာရေးအတွက်လည်း Gym ပုံမှန် ကစားဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ ပတ်ထရစ်ရှာကတော့ ရုပ်ရှင်ကားတွေမှာလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်ကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတာပါ။ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ လတ်တလောမှာ ရုပ်ရှင်တွေလည်း ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး တစ်ခြားသော အနုပညာလှုပ်ရှားမှုတွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရင်ခုန်သံမြန်သွားစေနိုင်တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ပတ်ထရစ်ရှာလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Be the first to comment
Leave a Reply
Your email address will not be published.
*