အဘိဓမ္မာကို အင်္ဂလိပ်လိုရော ပါဠိလိုရော ဖတ်နေတယ်ဆိုတဲ့ ဟန်ထူးလွင် (ကျားပေါက်)
အဘိဓမ္မာကို အင်္ဂလိပ်လိုရော ပါဠိလိုရော ဖတ်နေတယ်ဆိုတဲ့ ဟန်ထူးလွင် (ကျားပေါက်) 1
အဘိဓမ္မာကို အင်္ဂလိပ်လိုရော ပါဠိလိုရော ဖတ်နေတယ်ဆိုတဲ့ ဟန်ထူးလွင် (ကျားပေါက်) 2
အဘိဓမ္မာကို အင်္ဂလိပ်လိုရော ပါဠိလိုရော ဖတ်နေတယ်ဆိုတဲ့ ဟန်ထူးလွင် (ကျားပေါက်) 3
အဘိဓမ္မာကို အင်္ဂလိပ်လိုရော ပါဠိလိုရော ဖတ်နေတယ်ဆိုတဲ့ ဟန်ထူးလွင် (ကျားပေါက်) 4
Unicode Version
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက ဂီတတွေကို ထည်ထည်ဝင်ဝင် လုပ်ကိုင်ပြီး တကယ့်ကို ဂီတပညာရှင် အနုပညာရှင် တယောက်ဖြစ်တဲ့ ဟန်ထူးလွင် (ကျားပေါက်) ကိုတော့ သိကြမယ် ထင်ပါတယ်။ ကျားပေါက် ကတော့ အရင်ကတည်းက လွတ်လွတ်လပ်လပ်နေတတ်တဲ့သူ တယောက်ဖြစ်ပြီး လက်ရှိမှာလည်း သူ့ဘဝခံယူချက်နဲ့ ပြီးခဲ့တဲ့ The Voice Myanmar နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း ပြောကြားသွားခဲ့ပါတယ်။
ဟန်ထူးလွင်ကတော့ 8Day နဲ့ အင်တာဗျူးတွင် Team KP က Winner ရခဲ့တဲ့အတွက် Season 1 တုန်းက လင်းလင်းလို နောက် Season တွေမှာ မပါတော့ဘူးလို့ ထင်နေကြတဲ့ အပေါ်မှာတော့ “အဲ့လိုမျိုးတော့ မဟုတ်ပါဘူး။ Winner ရလို့ မရလို့နဲ့တော့ မဆိုင်ပါဘူး။ အဲ့ဒါတွေကလည်း ကျနော့်အပေါ်မှာ သက်ရောက်မှာ မဟုတ်ပါဘူး။ အဓိကကတော့ ကျနော့်ရဲ့ အချိန်ဇယားနဲ့ပဲ ဆိုင်ပါတယ်”
Coach လေးယောက်အချင်းချင်းလည်း ပြိုင်ကြတဲ့တယ်လို့ ပြောကြတဲ့ အပေါ်မှာတော့ “ကျနော်တို့ Coach တွေက ပြိုင်နေရတာကို အမှန်မှန် သူတို့ ပြိုင်တာဆိုပေမယ့်လည်း ကျနော်တို့လည်း ပြိုင်နေရတာကိုး။ ဒါပေမယ့်လည်း ကျနော်တု့ိ ပြိုင်တာကလည်း သူတို့ပြိုင်ရတာလောက် မပြင်းထန်ပါဘူး။ ပြီးတော့ ကျနော်တို့တွေက တကယ်ကြီးလည်း မပြိုင်ဖြစ်ပါဘူး။ တယောက်နဲ့ တယောက် ပြောင်နေနောက်နေတာနဲ့ပဲ ပြီးနေတာပဲလေ”
ကိုကျားရဲ့ ဘဝခံယူချက်နဲ့ ပတ်သက်ပြီး “အမြင်မတူတာတွေတော့ ရှိမှာပဲလေ။ ဒါပေမယ့်လည်း ကျနော်က တခုလေးပြောချင်တာ ကျနော်က အဘိဓမ္မာတို့ကို အင်္ဂလိပ်လိုရော ပါဠိလိုရော ဖတ်နေတယ်ဆိုတော့ အဲ့လောက်ပါပဲ။ တခြားဘာမှမပြောတော့ဘူး။
ကျနော့်မှာက ဘယ်သူ့ရဲ့ ယုံကြည်ချက်ကိုမှ ကိုင်လှုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ကျနော်သက်သက်သာသာပဲ နေချင်တာ။ သက်သက်သာသာပဲဆိုတာ ဟိုလိုမျိုး အလွယ်လမ်းကို ပြောတာမဟုတ်ပါဘူး။ ကျနော့်စိတ်ပေါ့နော် စိတ်ဖိစီးမှုအများကြီးကို ကျနော်ရှာမှ မဟုတ်ဘူး။ အေးဆေးပဲ ကျနော်လိုချင်တာတွေကို ရအောင်ယူသွားမယ်လို့ပဲ စဉ်းစားထားပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။