အန္တီစိုးမိုးၾကည္ကို အေမတစ္ေယာက္လို ခံစားရတယ္ဆိုတဲ့ ပိုးၾကာျဖဴခင္

ပိုးျကာျဖဴခင္ကေတာ့ MRTV 4 ဇာတ္္လမ္းတြဲမင္းသမီးတစ္ဦးျဖစ္ၿပီး ” မိုးေကာင္းကင္အိမ္မက္” ရဲ႕ ဇာတ္လမ္းတြဲ မွာဆိုင္းမိုင္အျဖစ္ လူသိမ်ားလာၿပီး ပုရိသေတြအသည္းစြဲ ျဖစ္လာတဲ့မင္းသမီးေလးတစ္လက္ပဲ ျဖစ္ပါတယ္။ သူမရဲ႕ျမန္မာဆန္ဆန္အလွေလးန႔ဲ ပုရိသေတြၾကားမွာ ေရပန္းစားေနၿပီး ျမန္မာဆန္တ့ဲ မိန္းကေလးမ်ိဳးကိုႀကိဳက္တဲ့ အမ်ိဳးသားထု ႀကီးအတြက္ ရိုးရိုးေလးနဲ႔ လွတဲ့ အလွမွာ မက်ရႈံးဖူးတဲ့ အမ်ိဳးသားကေတာ့ မရွိသေလာက္ကို နည္းမယ္ ထင္ပါတယ္ေနာ္။

အန္တီစိုးမိုးၾကည္ကို အေမတစ္ေယာက္လို ခံစားရတယ္ဆိုတဲ့ ပိုးၾကာျဖဴခင္ 1

အန္တီစိုးမိုးၾကည္ကို အေမတစ္ေယာက္လို ခံစားရတယ္ဆိုတဲ့ ပိုးၾကာျဖဴခင္ 2

ဘာသာတရားကိုင္းရႈိင္းတဲ့ မင္းသမီးေလးျဖစ္တဲ့အျပင္ မိဘကိုလည္းသိတတ္တဲ့ သူေလးဆိုလည္းမမွားပါဘူးေနာ္။ ပရိသတ္ေတြကလည္း ဟိတ္ဟန္မရွိတဲ့အျပင္ ပြင့္ပြင့္လင္းလင္းေျပာတတ္တဲ့ သူမပံုစံေလးက ပရိသတ္အသည္းကိုေျခြႏုိင္တဲ့အခ်က္ပါပဲေနာ္။ပရိသတ္ေတြကခ်စ္စႏုိးနဲ့ “ဆိုင္းမိုင္”လို႕ပဲ ေခၚေလ့ရွိၿပီး လက္ရွိမွာေတာ့ ဆိုင္းမိုင္ေလးပါဝင္သရုပ္ေဆာင္ထားတဲ့ ” ၾကယ္ကေလးရဲ႕ေကာင္းကင္ “ဇာတ္လမ္းတြဲကေတာ့ MRTV (4) မွာျပသေနၿပီပဲ ျဖစ္ပါတယ္။” ၾကယ္ကေလးရဲ႕ေကာင္းကင္ “ဇာတ္လမ္းတြဲမွာ ဆိုင္းမိုင္ကေတာ့ “ခ်စ္ပန္းအိမ္”ဆိုတဲ့ ဇာတ္ေကာင္နဲ႕ ပါဝင္ထားတာျဖစ္ၿပီး အရင္ဇာတ္လမ္းတြဲေတြတုန္းက အျငိမ္ေလးျဖစ္ၿပီး လူႀကီးဆန္တဲ့ ကာရုိက္တာမ်ိဳးေတြျဖစ္ေပမယ့္ ယခုဇာတ္လမ္းတြဲကေတာ့ လူငယ္ဆန္ဆန္ ခပ္စြာစြာ နဲ့မဟုတ္မခံ ပြင့္ပြင့္လင္းလင္းေျပာတတ္တဲ့ မိန္းကေလးပံုစံမ်ိဳးနဲ့သရုပ္ေဆာင္ထားတယ္လို႕သိရပါတယ္။ မုန့္ေရာင္းတဲ့ ေကာင္မေလးအျဖစ္ သရုပ္ေဆာင္ထားတဲ့အျပင္ အဝတ္အစားအစ ဆံပင္ပံုစံေတြကိုလည္း လူငယ္ဆန္ဆန္ျပင္ဆင္တယ္လို႕ေျပာျပခဲ့ပါတယ္။

အန္တီစိုးမိုးၾကည္ကို အေမတစ္ေယာက္လို ခံစားရတယ္ဆိုတဲ့ ပိုးၾကာျဖဴခင္ 3

အန္တီစိုးမိုးၾကည္ကို အေမတစ္ေယာက္လို ခံစားရတယ္ဆိုတဲ့ ပိုးၾကာျဖဴခင္ 4

အျပင္မွာေတာ့ ထမင္းနဲ့ဟင္းေတြခ်က္တတ္ေပမယ့္လည္း ဇာတ္လမ္းထဲမွာမုန့္လုပ္ေရာင္းဖို႕မုန့္လုပ္တာကေတာ့သင္ေနတုန္းလို႕ ဆိုလာပါတယ္။ ဇာတ္လမ္းထဲက ကေလးသရုပ္ေဆာင္ ေပါက္စီေလးနဲ႕ စစေတြ့ခ်င္းစိမ္းေနေပမယ့္ အသက္ငယ္ေပမယ့္လည္း သရုပ္ေဆာင္ေကာင္းတဲ့ ေပါက္စီေလးကိုခ်ီးက်ဴးစကားဆိုထားပါေသးတယ္။ဝါရင့္သရုပ္ေဆာင္ေတြနဲ႕တြဲရုိက္ရတဲ့အေပၚမွာ ” အရမ္းပညာရတယ္ေပါ့ေနာ္။အဓိကကဘယ္လိုလဲဆိုေတာ့ ကိုခန့္စည္သူဆို အိုက္တင္ကိုသပ္သပ္လုပ္ယူစရာမလိုဘဲ သဘာဝအရမ္းက်တယ္Mood ေခာ္တာအရမ္းျမန္တယ္။ အျပင္မွာစကားသိပ္မေျပာေပမယ့္ သူ႕ကာရုိ္က္ကာထဲကိုMoodေရာက္သြားတဲ့အခါ ခန္႕စည္သူမဟုတ္ေတာ့ဘဲ တစ္ျခားတစ္ေယာက္ေျပာင္းသြားတယ္။အန္တီစိုးမိုးၾကည္ကေတာ့ဇာတ္လမ္းတြဲမွာ သားအမိေပါ့ေနာ္။

အန္တီစိုးမိုးၾကည္ကို အေမတစ္ေယာက္လို ခံစားရတယ္ဆိုတဲ့ ပိုးၾကာျဖဴခင္ 5

အန္တီကိုၾကည့္ေနရင္အေမ့ကိုျမင္ေနရသလိုပဲ စကားေျပာတာလည္းတူတယ္။”သူမအျမင္ကိုေျပာျပခဲ့ပါတယ္။ ပရိသတ္ႀကီးေရာ ဆိုင္းမိုင္ပါဝင္ထားတဲ့ ” ၾကယ္ကေလးရဲ႕ေကာင္းကင္ “ဇာတ္လမ္းတြဲကို သေဘာက်ေစာင့္ၾကည့္အားေပးေနတယ္ဆို မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။Celegabar

Unicode Version

ပိုးကြာဖြူခင်ကတော့ MRTV 4 ဇာတ်လမ်းတွဲမင်းသမီးတစ်ဦးဖြစ်ပြီး ” မိုးကောင်းကင်အိမ်မက်” ရဲ့ ဇာတ်လမ်းတွဲ မှာဆိုင်းမိုင်အဖြစ် လူသိများလာပြီး ပုရိသတွေအသည်းစွဲ ဖြစ်လာတဲ့မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ သူမရဲ့မြန်မာဆန်ဆန်အလှလေးနဲ့ ပုရိသတွေကြားမှာ ရေပန်းစားနေပြီး မြန်မာဆန်တဲ့ မိန်းကလေးမျိုးကိုကြိုက်တဲ့ အမျိုးသားထု ကြီးအတွက် ရိုးရိုးလေးနဲ့ လှတဲ့ အလှမှာ မကျရှုံးဖူးတဲ့ အမျိုးသားကတော့ မရှိသလောက်ကို နည်းမယ် ထင်ပါတယ်နော်။

ဘာသာတရားကိုင်းရှိုင်းတဲ့ မင်းသမီးလေးဖြစ်တဲ့အပြင် မိဘကိုလည်းသိတတ်တဲ့ သူလေးဆိုလည်းမမှားပါဘူးနော်။ ပရိသတ်တွေကလည်း ဟိတ်ဟန်မရှိတဲ့အပြင် ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူမပုံစံလေးက ပရိသတ်အသည်းကိုခြွေနိုင်တဲ့အချက်ပါပဲနော်။ပရိသတ်တွေကချစ်စနိုးနဲ့ “ဆိုင်းမိုင်”လို့ပဲ ခေါ်လေ့ရှိပြီး လက်ရှိမှာတော့ ဆိုင်းမိုင်လေးပါဝင်သရုပ်ဆောင်ထားတဲ့ ” ကြယ်ကလေးရဲ့ကောင်းကင် “ဇာတ်လမ်းတွဲကတော့ MRTV (4) မှာပြသနေပြီပဲ ဖြစ်ပါတယ်။” ကြယ်ကလေးရဲ့ကောင်းကင် “ဇာတ်လမ်းတွဲမှာ ဆိုင်းမိုင်ကတော့ “ချစ်ပန်းအိမ်”ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်ထားတာဖြစ်ပြီး အရင်ဇာတ်လမ်းတွဲတွေတုန်းက အငြိမ်လေးဖြစ်ပြီး လူကြီးဆန်တဲ့ ကာရိုက်တာမျိုးတွေဖြစ်ပေမယ့် ယခုဇာတ်လမ်းတွဲကတော့ လူငယ်ဆန်ဆန် ခပ်စွာစွာ နဲ့မဟုတ်မခံ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ မိန်းကလေးပုံစံမျိုးနဲ့သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ မုန့်ရောင်းတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့အပြင် အဝတ်အစားအစ ဆံပင်ပုံစံတွေကိုလည်း လူငယ်ဆန်ဆန်ပြင်ဆင်တယ်လို့ပြောပြခဲ့ပါတယ်။

အပြင်မှာတော့ ထမင်းနဲ့ဟင်းတွေချက်တတ်ပေမယ့်လည်း ဇာတ်လမ်းထဲမှာမုန့်လုပ်ရောင်းဖို့မုန့်လုပ်တာကတော့သင်နေတုန်းလို့ ဆိုလာပါတယ်။ ဇာတ်လမ်းထဲက ကလေးသရုပ်ဆောင် ပေါက်စီလေးနဲ့ စစတွေ့ချင်းစိမ်းနေပေမယ့် အသက်ငယ်ပေမယ့်လည်း သရုပ်ဆောင်ကောင်းတဲ့ ပေါက်စီလေးကိုချီးကျူးစကားဆိုထားပါသေးတယ်။ဝါရင့်သရုပ်ဆောင်တွေနဲ့တွဲရိုက်ရတဲ့အပေါ်မှာ ” အရမ်းပညာရတယ်ပေါ့နော်။အဓိကကဘယ်လိုလဲဆိုတော့ ကိုခန့်စည်သူဆို အိုက်တင်ကိုသပ်သပ်လုပ်ယူစရာမလိုဘဲ သဘာဝအရမ်းကျတယ်Mood ခော်တာအရမ်းမြန်တယ်။ အပြင်မှာစကားသိပ်မပြောပေမယ့် သူ့ကာရိုက်ကာထဲကိုMoodရောက်သွားတဲ့အခါ ခန့်စည်သူမဟုတ်တော့ဘဲ တစ်ခြားတစ်ယောက်ပြောင်းသွားတယ်။အန်တီစိုးမိုးကြည်ကတော့ဇာတ်လမ်းတွဲမှာ သားအမိပေါ့နော်။ အန်တီကိုကြည့်နေရင်အမေ့ကိုမြင်နေရသလိုပဲ စကားပြောတာလည်းတူတယ်။”သူမအမြင်ကိုပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးရော ဆိုင်းမိုင်ပါဝင်ထားတဲ့ ” ကြယ်ကလေးရဲ့ကောင်းကင် “ဇာတ်လမ်းတွဲကို သဘောကိစောင့်ကြည့်အားပေးနေတယ်ဆို မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။Celegabar