အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာလှပနေပြီး ပုရိသတို့ရဲ့ အသည်းကျော်ဝိုင်းလေး


အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာလှပနေပြီး ပုရိသတို့ရဲ့ အသည်းကျော်ဝိုင်းလေး 1


အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာလှပနေပြီး ပုရိသတို့ရဲ့ အသည်းကျော်ဝိုင်းလေး 2


အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာလှပနေပြီး ပုရိသတို့ရဲ့ အသည်းကျော်ဝိုင်းလေး 3


အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာလှပနေပြီး ပုရိသတို့ရဲ့ အသည်းကျော်ဝိုင်းလေး 4


အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာလှပနေပြီး ပုရိသတို့ရဲ့ အသည်းကျော်ဝိုင်းလေး 5


အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာလှပနေပြီး ပုရိသတို့ရဲ့ အသည်းကျော်ဝိုင်းလေး 6

Unicode
ပရိသတ်ကြီးရေ…. တေးသီချင်းများစွာ သီဆိုခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ အသည်းနှလုံးထဲမှာ စွဲထင်ကျန်ရစ်အောင် လုပ်နိုင်ခဲ့တဲ့ ဝိုင်းလေးကို အားလုံးပဲသိကြမယ်ထင်ပါတယ်..။

သူမဟာဆိုရင် ကိုးရီးယားမင်းသမီးတစ်ယောက်လိုချစ်ဖို့ကောင်းတာဖြစ်ပြီး ပုရိသတိုင်းရဲ့ အသည်းစွဲ မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်လို့လည်းဆိုရမှာပါ….။ ဝိုင်းလေးရဲ့ “လွတ်လပ်ရေး” သီချင်းဗီဒီယိုဟာဆိုရင်လည်း ကြည့်ရှုသာအမြောက်အများရရှိခဲ့တာပါနော်…။

ဝိုင်းလေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလျက်ရှိပြီး အသစ်သစ်သော သီချင်းဗီဒီယိုတွေကိုလည်း ကြိုးစားပြင်ဆင်လျက်ရှိတာဖြစ်ပါတယ်…။

ဝိုင်းလေးက ခရီးသွား ဝါသနာပါသူဖြစ်ပြီး၊ ခရီးသွားမှတ်တမ်းပုံရိပ်တွေကိုလည်း မကြာခဏဆိုသလို တင်လေ့ရှိတာဖြစ်ပါတယ်..။ ဝိုင်းလေးဟာ သူငယ်ချင်းတွေနဲ့အတူ ဘဝကြီးကို အေးချမ်းစွာ ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်…။

ဝိုင်းလေးကပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagramတို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။

အခုတစ်ခါမှာဆိုရင်လည်း “အသက်ကြီးလာလေ ပိုလှလာလေ ပိုယုံကြညိမှုရှိလာလေ ပိုအောင်မြင်မှုရလာလေ ဖြစ်ချင်ပါတယ်နော်…” ဆိုတဲ့ သူမရဲ့ ဆန္ဒကိုထုတ်ဖော်ပြောကြားထားတာပါနော်…။ မွေးနေ့ရောက်ဖို့လည်း ၂ရက်လိုတဲ့ သူမကို မွေးနေ့အကြိုဆုတောင်းလေးလည်း ပြောပေးသွားကြပါဦး…။ Source Wyne Lay ; Photo Credit Hein Latt ; Credit

Be the first to comment

Leave a Reply

Your email address will not be published.


*