အစစ်နှင့်မခြား တူနေသည့် ဒေါ်လာအတုများ လိုက်လဲနေသည့် ဂိုဏ်းအား ထိုင်း – လာအို နယ်စပ်မြို့ တွင် ဖမ်းမိ
အစစ်နှင့်မခြား တူနေသည့် ဒေါ်လာအတုများ လိုက်လဲနေသည့် ဂိုဏ်းအား ထိုင်း - လာအို နယ်စပ်မြို့ တွင် ဖမ်းမိ 1
အစစ်နှင့်မခြား တူနေသည့် ဒေါ်လာအတုများ လိုက်လဲနေသည့် ဂိုဏ်းအား ထိုင်း - လာအို နယ်စပ်မြို့ တွင် ဖမ်းမိ 2
အစစ်နှင့်မခြား တူနေသည့် ဒေါ်လာအတုများ လိုက်လဲနေသည့် ဂိုဏ်းအား ထိုင်း - လာအို နယ်စပ်မြို့ တွင် ဖမ်းမိ 3
Unicode Version
ထိုင်းနိုင်ငံ နဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ လာအို-မြန်မာ နယ်စပ်တွေမှာ ဒေါ်လာအတုတွေ လိုက်လဲနေတဲ့ ဂိုဏ်းကို ထိုင်း-လာအို နယ်စပ် နောင်ခိုင်မြို့ ဟိုတယ်မှာ ဖမ်းမိသွားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ငွေတုဂိုဏ်းဝင် ထိုင်းနိုင်ငံသား ခြောက်ဦး ဟာ(အမျိုးသမီးသုံးဦး အမျိုး သားသုံးဦး) အစစ်နဲ့ ခွဲမရအောင် တူနေတဲ့ ဒေါ်လာအတုတွေကို လာအို နဲ့ ထိစပ်နေတဲ့ နောင်ခိုင်မြို့က ငွေလဲကောင်တာ နေရာတွေမှာ ဒေါ်လာ ၁၀၀ တန် အရွတ်ရေ ၄၄၇ ရွတ် (ဘတ်ငွေ တန်ဘိုး ဘတ်ငွေ 1,449,126 (၁,၄၄၉,၁၂၆ ) ကိုလဲပြီးသွားပြီဖြစ်ပါတယ်။
တွေတုလဲ ဂိုဏ်းဟာ ဒေါ်လာ ၁၀၀ တန်အတုတွေကို လာအိုနိုင်ငံသူ တစ်ဦးထံကနေ ဝယ်ယူခဲ့တာလို့ ဝန်ခံချက်ပေးခဲ့ပါတယ်။ငွေတုလဲအဖွဲ့ဟာ နယ်စပ်မြို့တွေက ဟိုတယ်တွေမှာတည်းခိုပြီး ဒီဒေါ်လာအတုတွေကို အမျိုးသမီးတွေက လိုက်လဲကြပါတယ်၊ ရလာတဲ့ ထိုင်းဘတ်ငွေတွေကို ခွဲယူနေကြတာပါ။
နောင်ခိုင်မြို့ က Chang Thai နိုင်ငံခြားငွေလဲဌာန ပိုင်ရှင် နိုင်ဝါရဝုနာ ဆာရိကော် ပြောတာကတော့ ယခု လဲသွားတဲ့ ဒေါ်လာအတုတွေဟာအစစ်နဲ့ညီနောင်လို့ ထင်ရအောင်တူနေပါတယ်၊ ပွတ်ကြည့် အနီး အောက်ရောင်ခြည်စက်နဲ့စစ်ကြည့် ရေစာထောင်ကြည့် မယ်ဆိုရင် အစစ်အတိုင်းပါဘဲ ဘဏ်ကြီးတွေက ခေတ်မှီစစ်ဆေးရေး စက်တွေနဲ့ စစ်မှ အတုမှန်း သိနိုင်အောင် လုပ်ထားကြတာလို့ သိရပါတယ်။Myanmar Online News
Be the first to comment
Leave a Reply
Your email address will not be published.
*