အစစအရာရာ​ကောင်း​ပေးခဲ့​ပေမယ့်​ ​နောက်​ကွယ်​က တိုက်​ခိုက်​ခံရဖူးတာ​တွေကို ​ပြောပြခဲ့တဲ့ သဇင်​ထူးမြင့်
အစစအရာရာ​ကောင်း​ပေးခဲ့​ပေမယ့်​ ​နောက်​ကွယ်​က တိုက်​ခိုက်​ခံရဖူးတာ​တွေကို ​ပြောပြခဲ့တဲ့ သဇင်​ထူးမြင့်​ 1
အစစအရာရာ​ကောင်း​ပေးခဲ့​ပေမယ့်​ ​နောက်​ကွယ်​က တိုက်​ခိုက်​ခံရဖူးတာ​တွေကို ​ပြောပြခဲ့တဲ့ သဇင်​ထူးမြင့်​ 2
အစစအရာရာ​ကောင်း​ပေးခဲ့​ပေမယ့်​ ​နောက်​ကွယ်​က တိုက်​ခိုက်​ခံရဖူးတာ​တွေကို ​ပြောပြခဲ့တဲ့ သဇင်​ထူးမြင့်​ 3
Unicode Version
အနုပညာလောကမှာ ဟာသရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ ခင်လှိုင်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ပရိသတ်ချစ်တဲ့ လူရွှင်တော်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ကျရာနေရာမှာဇာတ်ပို့ပီပီ အဘက်ဘက်ကကျေပွန်အောင် ရသမျှကာရိုက်တာကိုပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။သူ့ရဲ့ သား နဲ့ သမီး နှစ်ယောက်ကလည်းအနုပညာလောကထဲမှာ လျှောက်လှမ်းနေကြပြီဖြစ်ပါတယ်။ သမီးလေးဖြစ်သူသဇင်ထူးမြင့်ကတော့ မြန်မာရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲရဲ့ ဗန်းကိုင်ရွှေကြို မယ်လေးတစ်ယောက်အဖြစ် ပရိသတ်တွေသိခဲ့ပြီး အခုနောက်ပိုင်းမှာတော့ သီချင်း၊ MTV နဲ့ ကြော်ငြာတွေ စတဲ့အနုပညာအလုပ်တွေကို စတင်လု်ဆောင်နေပြီပဲ ဖြစ်ပါတယ်။အရွယ်နဲ့မလိုက်အောင် အေးဆေးတည်ငြိမ်ပြီး ဖြူစင်လှပတဲ့ မျက်နာလေးကိုပါ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။
လတ်တလောမှာသူမရဲ့ လူမှုကွန်ရက်ကနေ သူမရဲ့ဖေဖေ သရုပ်ဆောင်ခင်လှိုင်ရဲ့ အကောင့် Hack ခဲ့ရပြီး ယခုပြန်လည်ရရှိတဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြခဲ့ပြီး ဘယ်သူကလုပ်ခဲ့တယ်ဆိုတာကိုလည်း ” ဖေဖေအကောင့်တော့ ပြန်ရပြီ။တစ်ခုပြောချင်တာကလေ ဖေဖေနဲ့သဲအကောင့်ကHack ခံရတာအများဆုံးလို့တောင်ပြောလို့ရတယ်။ သဲacc ပြီးခဲ့တဲ့အခေါက် Hackခံရတုန်းကလည်းဘယ်သူလုပ်လည်းအကုန်သိတယ်။အချက်လက်တွေကအစ ခုချိန်ထိအကုန်ရှိတယ်။Hackတဲ့သူက သဲရဲ့အသိတစ်ယောက်ကလုပ်ခိုင်းလို့လုပ်ရတာတဲ့။နာမည်မပြောပေမယ့် သက်သေတွေတချို့ကသိသာနေတော့သိလိုက်တယ်။ အဲ့ဒီလုပ်ခိုင်းတဲ့သူက သဲကသူ့အပေါ်ဆိုတကယ့်ကို အစစအရာရာကောင်းပေးတဲ့သူ။သဲတို့မိသားစုဆို သူတို့ပေါ်အမြဲကြည့်ပေးတယ်မိသားစုလိုထားပေးတယ်။သူကတော့ ပြိုင်ဘက်တယောက်လို မလိုစိတ်တွေထားတယ်။သဲမိဘကိုလည်းလိုက်ပြိုင်တယ် ။သဲဆိုတာ အရင်တည်းက FB ကိုအေးဆေးသုံးတဲ့သူ။သဲကို ဖေဖေ့သမီးအနေနဲ့ချစ်ပေးကြတာ။အဲ့ဒါကို သဲကို Fbလုံးဝသုံးလို့မရအောင်ထိ လုပ်တာနော်။Hack တယ်သဲမျက်နှာပုံနဲ့Profile တင်တိုင်း အကောင့်ပျက်တဲ့ထိလုပ်တယ်။သဲနာမည်နဲ့လည်းပြန်ဖွင့်လို့မရအောင်လုပ်တယ်။ပြီးတော့ အကောင့်ကို မကောင်းတဲ့စာအုပ်တွေတင်တဲ့ထိလုပ်တယ်။ခုချိန်ထိလည်း အကောင့်တုတွေနဲ့သဲကိုစာတွေပို့သေးတယ်။
သဲပြန်ဖွင့်တော့ မြန်မာလို နာမည်နဲ့ဖွင့်ခဲ့ရတယ်။ပုံကို နောက်ကျောပေးထားတဲ့ပုံနဲ့၇လသုံးပြီးမှခုလိုပြန်ပြောင်းလို့ရခဲ့တာ။ဒါမယ့် သဲသိသားနဲ့ပြဿနာလည်းမရှာဘူး။ ဖေဖေတို့ကိုတော့ဘယ်သူလုပ်တယ်ဆို ပြောပြလိုက်တယ်။သူ့စေတနာသူအကျိုးပေးတာပဲ ။သိပ်မကြာဘူး သူကိုယ်တိုင်ပြဿနာတွေမျိုးစုံရှာ နာမည်တွေပျက် ။အောင်မြင်ဖို့ပေါ်ပင်တွေလုပ်သေချာမစဉ်းစားပဲ လျှောက်လုပ်တယ် ခေါင်းဖော်လို့မရတော့ထိ သူဖြစ်ခဲ့တယ်။နောက်ဆုံး Fbပေါ်တင်သုံးလို့မရတာသူဖြစ်ခဲ့တယ် ။သဲအမြဲတမ်းစိတ်ကို အဖြူဆုံးပဲထားတယ်။မကောင်းတဲ့သူဆိုတာ သူလုပ်ခဲ့တာတွေတွက်သူပြန်ခံရမှာပဲ။သူကတော့ သဲကိုခုချိန်ထိဂရုတစိုက်နဲ့ကို လိုက်ကြည့်နေပေမယ့်သဲကတော့ သဲကိုယ်တိုင်ရယ်သဲမိသားစုရယ်ကိုပဲ ဂရုစိုက်နိုင်တယ်။ဘာရယ်မဟုတ်ပါဘူး ။ဖေဖေacc hackခံရတော့စဉ်းစားမိတာ သူတို့ပဲရှိလို့။သတိရမိသွားပြန်တယ် အမရယ်” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလောက်စိတ်ထားဖြူစင်တဲ့ သဲလေးကို တိုက်ခိုက်နေတာဘယ်သူများလဲနော်။ CeleGabar ပရိသတ်ကြီးရော အနေအေးပြီးချစ်စရာကောင်းတဲ့ သဲလေးကို တိုက်ခိုက်နေတဲ့သူကဘယ်သူများဖြစ်မလဲဆိုတာ မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။Celegabar