အခ်စ္​​ေရးနဲ႔ ပတ္​သက္​ၿပီး စကား​ေလးတစ္​ခြန္​း ဖြင္​့ဟလာတဲ့ စူး႐ွထက္​

စူးရွထက္ဟာ လြန္ခဲ့တဲ့နွစ္ေတြတုန္းက Baby ပြစိဆိုတဲ့ နာမည္နဲ႔ ေမာ္ဒယ္္တစ္ဦးအျဖစ္ရပ္တည္ခဲ့ျပီး ေနာက္ပိုင္းမွာေတာ့ အစၥဏီနဲ႔ အမႈျဖစ္ခဲ့ျပီးေနာက္ ပရိသတ္ေတြနဲ႔ မီဒီယာေတြနဲ႔ အာရံုစုိက္မႈရလာခဲ့ျပီး နာမည္ၾကီးလာခဲ့တာျဖစ္ပါတယ္။ စူးရွထက္က လက္ရွိမွာ commercial ေတြလည္းရိုက္ေနသလုိ ေၾကာ္ညာေတြ ပြဲတက္္ေတြြလည္းလက္ခံေနျပီး အနုပညာအလုပ္ေတြကုိ ဇယ္ဆက္သလုိလုပ္ေနတဲ့အနုပညာရွင္တစ္္ဦးျဖစ္ပါတယ္။

အခ်စ္​​ေရးနဲ႔ ပတ္​သက္​ၿပီး စကား​ေလးတစ္​ခြန္​း ဖြင္​့ဟလာတဲ့ စူး႐ွထက္​ 1

အစၥဏီနဲ႔လက္ရွိျဖစ္ေနတဲ့ အမႈေၾကာင္္းမွာ စူးရွထက္က ျပီးခဲ့တဲ့ရံုးခ်ိန္းေတြမွာ အစၥဏီဘက္က ဂုဏ္သေရရွိလူၾကီးလူေကာင္းတစ္ဦးကုိ လႊတ္ျပီး ေက်ေအးေပးဖုိ႔ညွိနိႈ္င္းခဲ့ေပမယ့္ အစၥဏီရဲ႕အစ္ကုိက မတရားၾကံစည္မႈ၊အၾကမ္းဖက္္ခံရမႈေတြနဲ႔ တရားစြဲထားတာကုိ လူငယ္္သမီးရည္္းစားခ်င္းျဖစ္္တဲ့အမႈလို႔ အင္တာဗ်ဴးေတြမွာေျဖခဲ့တာေၾကာင့္ ေက်ေအးေပးဖို႔လံုးဝအစီအစဥ္မရွိပဲ အဆံုးအထိဆက္သြားမွာျဖစ္ေၾကာင္း အသိေပးေျပာၾကားထားတာလည္းေတြ႕ရပါတယ္။ အစၥဏီဘက္ကေတာ့ က်န္းမာေရးမေကာင္းတဲ့အေမနဲ႔ မိသားစုုကုိိစိတ္္ပူေနတယ္လို႔ အင္တာဗ်ဴးေတြမွာေျဖသြားခဲ့ပါတယ္။

အခ်စ္​​ေရးနဲ႔ ပတ္​သက္​ၿပီး စကား​ေလးတစ္​ခြန္​း ဖြင္​့ဟလာတဲ့ စူး႐ွထက္​ 2

အခ်စ္​​ေရးနဲ႔ ပတ္​သက္​ၿပီး စကား​ေလးတစ္​ခြန္​း ဖြင္​့ဟလာတဲ့ စူး႐ွထက္​ 3

မၾကာေသးမီအခ်ိန္ေတြက လူမႈကြန္ယက္ေပၚမွာ စူးရွထက္တစ္ေယာက္ ခ်စ္္သူအသစ္ရေနျပီဆိုတဲ့ ေကာလဟလေတြလည္းလြင့္ပ်ံလာခဲ့ေသးတာေၾကာင့္ မီဒီယာေတြက စူးရွထက္ရဲ႕အခ်စ္ေရးကုိစိတ္ဝင္စားျပီးေမးျမန္းခဲ့ၾကပါတယ္။အဲဒီမွာ စူးရွထက္က ပရိသတ္ေတြစေနာက္တာခံရတဲ့ လုပ္ရပ္တစ္ခုုကိုျပဳလုပ္သြားခဲ့ပါတယ္္။ အဲဒါကေတာ့ အခ်စ္ေရးနဲ႔ပတ္သက္ျပီး အင္တာဗ်ဴးေျဖရာမွာ “လက္ရွိမွာလား ဟင့္အင္း ရည္းစားမရွိဘူး။ ေျပာျပီးသြားျပီေလ။

အခ်စ္​​ေရးနဲ႔ ပတ္​သက္​ၿပီး စကား​ေလးတစ္​ခြန္​း ဖြင္​့ဟလာတဲ့ စူး႐ွထက္​ 4

single in the bus ရည္းစားမထားပါဘူး။တစ္္ေယာက္္တည္းပါ”လို႔ ေျပာသြားတာပါ။ သူေျပာခ်င္တာက “single is the best”လို႔ေျပာခ်င္ပံုရပါတယ္။ ဒါေပမယ့္ေျပာရင္းဆိုရင္းနဲ႔ single in the bus ျဖစ္္ျပီး bus ကားေပၚမွာ တစ္္ေယာက္တည္း single ျဖစ္ေနတဲ့ပံုေပါက္သြားတာမို႔ ပရိသတ္ေတြရဲ႕ ခ်စ္စနိုးစေနာက္္ျခင္းကုိခံေနရတာပါ။Momolay

Unicode Version

စူးရှထက်ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက Baby ပွစိဆိုတဲ့ နာမည်နဲ့ မော်ဒယ်တစ်ဦးအဖြစ်ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ အစ္စဏီနဲ့ အမှုဖြစ်ခဲ့ပြီးနောက် ပရိသတ်တွေနဲ့ မီဒီယာတွေနဲ့ အာရုံစိုက်မှုရလာခဲ့ပြီး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ စူးရှထက်က လက်ရှိမှာ commercial တွေလည်းရိုက်နေသလို ကြော်ညာတွေ ပွဲတက်တွေလည်းလက်ခံနေပြီး အနုပညာအလုပ်တွေကို ဇယ်ဆက်သလိုလုပ်နေတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

အစ္စဏီနဲ့လက်ရှိဖြစ်နေတဲ့ အမှုကြောင်းမှာ စူးရှထက်က ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ အစ္စဏီဘက်က ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ဦးကို လွှတ်ပြီး ကျေအေးပေးဖို့ညှိနှိုင်းခဲ့ပေမယ့် အစ္စဏီရဲ့အစ်ကိုက မတရားကြံစည်မှု၊အကြမ်းဖက်ခံရမှုတွေနဲ့ တရားစွဲထားတာကို လူငယ်သမီးရည်းစားချင်းဖြစ်တဲ့အမှုလို့ အင်တာဗျူးတွေမှာဖြေခဲ့တာကြောင့် ကျေအေးပေးဖို့လုံးဝအစီအစဉ်မရှိပဲ အဆုံးအထိဆက်သွားမှာဖြစ်ကြောင်း အသိပေးပြောကြားထားတာလည်းတွေ့ရပါတယ်။ အစ္စဏီဘက်ကတော့ ကျန်းမာရေးမကောင်းတဲ့အမေနဲ့ မိသားစုကိုစိတ်ပူနေတယ်လို့ အင်တာဗျူးတွေမှာဖြေသွားခဲ့ပါတယ်။

မကြာသေးမီအချိန်တွေက လူမှုကွန်ယက်ပေါ်မှာ စူးရှထက်တစ်ယောက် ချစ်သူအသစ်ရနေပြီဆိုတဲ့ ကောလဟလတွေလည်းလွင့်ပျံလာခဲ့သေးတာကြောင့် မီဒီယာတွေက စူးရှထက်ရဲ့အချစ်ရေးကိုစိတ်ဝင်စားပြီးမေးမြန်းခဲ့ကြပါတယ်။အဲဒီမှာ စူးရှထက်က ပရိသတ်တွေစနောက်တာခံရတဲ့ လုပ်ရပ်တစ်ခုကိုပြုလုပ်သွားခဲ့ပါတယ်။ အဲဒါကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အင်တာဗျူးဖြေရာမှာ “လက်ရှိမှာလား ဟင့်အင်း ရည်းစားမရှိဘူး။ ပြောပြီးသွားပြီလေ။single in the bus ရည်းစားမထားပါဘူး။တစ်ယောက်တည်းပါ”လို့ ပြောသွားတာပါ။ သူပြောချင်တာက “single is the best”လို့ပြောချင်ပုံရပါတယ်။ ဒါပေမယ့်ပြောရင်းဆိုရင်းနဲ့ single in the bus ဖြစ်ပြီး bus ကားပေါ်မှာ တစ်ယောက်တည်း single ဖြစ်နေတဲ့ပုံပေါက်သွားတာမို့ ပရိသတ်တွေရဲ့ ချစ်စနိုးစနောက်ခြင်းကိုခံနေရတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*