အချစ်ကို စနစ်တကျ မချစ်တက်ခဲ့လို့ နာကျင်ခဲ့ရတာတွေကို ပြောပြလာတဲ့ အေသင်ချိုဆွေ
အချစ်ကို စနစ်တကျ မချစ်တက်ခဲ့လို့ နာကျင်ခဲ့ရတာတွေကို ပြောပြလာတဲ့ အေသင်ချိုဆွေ 1
အချစ်ကို စနစ်တကျ မချစ်တက်ခဲ့လို့ နာကျင်ခဲ့ရတာတွေကို ပြောပြလာတဲ့ အေသင်ချိုဆွေ 2
အချစ်ကို စနစ်တကျ မချစ်တက်ခဲ့လို့ နာကျင်ခဲ့ရတာတွေကို ပြောပြလာတဲ့ အေသင်ချိုဆွေ 3
အချစ်ကို စနစ်တကျ မချစ်တက်ခဲ့လို့ နာကျင်ခဲ့ရတာတွေကို ပြောပြလာတဲ့ အေသင်ချိုဆွေ 4
Unicode Version
သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိခဲ့တဲ့ အဆိုတော် အေသင်ချိုဆွေဟာ ပေါက်တဲ့အိုး သီချင်းခွေ တစ်ခွေထဲနဲ့တင် စံချိန်တင်ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို ရှိခဲ့သူပါ။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ခဲ့တဲ့ သူမကတော့ အဆိုပိုင်းတင်မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း ရုပ်ရှင်ကားတွေ များစွာရိုက်ကူးခဲ့ရပြီး အရမ်းကိုအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်လဲ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ သူမ အနုပညာအလုပ်တွေနဲ့ ကင်းကွာခဲ့ပြီး အနုပညာလုပ်ငန်းတွေကြားပြန်လည်ရှင်သန်လာခဲ့တာဟာ တစ်နှစ်ကျော် ဝန်းကျင်သာရှိသေးပါတယ်။ သူမက လက်ရှိမှာတော့ Single Mom အဖြစ်ရပ်တည်လာသူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း သူမ အတွက် အရမ်းကို ခွန်အားဖြစ်စေပါတယ်။ ယခုအခါမှာတော့ သူမက တစ်ချိန်က အချစ်မှားခဲ့တဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ် သဖွယ် ပြောပြလာပါတယ်။
အေသင်ပြောပြလာတာကတော့ “” ကျွန်မကသိပ်ကိုအချစ်ကြီးတဲ့ မိန်းမတစ်ယောက်ပါ။ အချစ်ကြီးရုံလေးပဲ၊ အချစ်ကို စနစ်တကျတော့ မချစ်တတ်ခဲ့ဘူး။ အဲ့တော့ လိုတာထက်ပိုပြီး ခံစားခဲ့ရတယ်ဆိုပါတော့။ ကံကောင်းတဲ့ အချစ်ကြောင့် မိုးမမြင်လေမမြင် ပျော်ရွှင်ခဲ့ရဖူးသလို၊ ကံဆိုးခဲ့တဲ့အချစ်ကြောင့်လဲ မပဒ္ဒါမြေလူးသလို ဖျတ်ဖျတ်လူးနာကျင်ခဲ့ရတယ်။ ဘာတွေပဲဖြစ်ခဲ့၊ဖြစ်ခဲ့၊ အခုချိန်ပြန်ပြောဖြစ်ခဲ့တော့ ပုံပြင်တပုဒ်လိုပါပဲလေ…….”” လို့ ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားလာခဲ့ပါတယ်။ဖတ်ရှု့ပေးကြတဲ့ မိုမိုလေး ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Momolay
Be the first to comment
Leave a Reply
Your email address will not be published.
*