‘အခမ္းနားဆုံးေမတၱာ’ ရုပ္ရွင္ဇာတ္ကားႀကီးက အမွတ္တရ တစ္ခ်ိဳ႕ကို ျပန္လည္ေျပာျပလာတဲ့ ေမဘရဏီေသာ္

7th Sense Creation ကေန ႐ိုက္ကူးထုတ္လုပ္တဲ့ ‘အခမ္းနားဆုံးေမတၱာ’ ႐ုပ္ရွင္ကားႀကီးမွာေတာ့ ေနတိုး ၊ ရဲေအာင္ ၊ သူရိယ ၊ တိုင္႐ြန္၊ စိုးျမတ္သူဇာ ၊ ေနျခည္ဦး နဲ႔ ေမဘရဏီေသာ္တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားမွာ ေနေ႐ႊေသြးေအာင္လည္း ပါဝင္မွာျဖစ္တဲ့အတြက္ ေနသုံးေနကို ေတြ႕ရမယ္လို႔ တင္စားထားေတြ ရွိပါတယ္။ ဇြန္လ (၅) ရက္ေန႔မွာ ႐ိုက္ကူးမႈ ၿပီးစီးသြားေပမဲ့ ဇာတ္ကားနဲ႔ ပတ္သက္လို႔ အမွတ္တရ အခ်ိဳ႕ကေတာ့ Miss ေမဘရဏီေသာ္က ခုလို ေျပာျပသြားပါတယ္။

‘အခမ္းနားဆုံးေမတၱာ’ ရုပ္ရွင္ဇာတ္ကားႀကီးက အမွတ္တရ တစ္ခ်ိဳ႕ကို ျပန္လည္ေျပာျပလာတဲ့ ေမဘရဏီေသာ္ 1

ေနတိုး ဝင္မဆြဲလို႔ ပါး႐ိုက္မိမလို ျဖစ္တဲ့အေၾကာင္း ေမဘရဏီေသာ္က ခုလို ေျပာျပပါတယ္။“ကိုယ္က သ႐ုပ္ေဆာင္သာလိုက္တယ္။ တစ္ခါမွ ပါး႐ိုက္ရတဲ့ အခန္း မလုပ္ဖူးဘူး။ အျပင္မွာလည္း လူတစ္ေယာက္ကို အဲ့လိုမ်ိဳး မ႐ိုက္ခဲ့ဖူးဘူးဆိုေတာ့ တကယ္႐ိုက္ရတာေတာ့ မဟုတ္ဘူး။ အကိုက ကိုယ့္လက္ကို လွမ္းၿပီး ဆြဲရမယ့္အခန္း ၊ တကယ္တမ္း ႐ိုက္ရမယ္ဆိုေတာ့ ကိုယ့္လက္ကလည္း အားေပ်ာ့ေနတာေပါ့ေနာ္။ သူ႔ကို ထိမိမွာေၾကာက္လို႔။ ေနာက္ေတာ့ အကိုက ညီမေလး တကယ္႐ိုက္…အကိုဖမ္းဆြဲမယ္ဆိုေတာ့ ..ခ်ီခ်ီကလည္း အားမနာနဲ႔ တကယ္႐ိုက္ေနာ္တဲ့။

‘အခမ္းနားဆုံးေမတၱာ’ ရုပ္ရွင္ဇာတ္ကားႀကီးက အမွတ္တရ တစ္ခ်ိဳ႕ကို ျပန္လည္ေျပာျပလာတဲ့ ေမဘရဏီေသာ္ 2

‘အခမ္းနားဆုံးေမတၱာ’ ရုပ္ရွင္ဇာတ္ကားႀကီးက အမွတ္တရ တစ္ခ်ိဳ႕ကို ျပန္လည္ေျပာျပလာတဲ့ ေမဘရဏီေသာ္ 3

အဲ့မွာတင္ ကိုယ္လည္း ခႏၶာကိုယ္ပါပါတယ္ အားနဲ႔ အသားကုန္ လႊဲ႐ိုက္တာ။ ဒါေပမဲ့ အကိုက လွမ္းမဆြဲဘူး။ သူ႔ကိုေတာ့ မထိဘူး သူ႔ႏွာေခါင္းေရွ႕ကေန ရွပ္ခနဲ ျဖစ္သြားတာ။ ႐ိုက္ကြင္းအဖြဲ႕သားေတြ အကုန္လုံး မ်က္လုံးျပဴးသြားတာ။ ခ်ီခ်ီဆိုလည္း မ်က္ႏွာကို ေလလာ႐ိုက္သြားတယ္တဲ့။ ႐ႊီခနဲ သူ႔ေရွ႕ကို ႐ိုက္သြားတာ အသံေတာင္ ၾကားရတယ္တဲ့။ ေနာက္တစ္ခါက်ေတာ့ အကိုက ထိထိမိမိနဲ႔ လွမ္းဆြဲပါတယ္။” လို႔ ဆိုပါတယ္။တကယ္တမ္းသာ ထိမိသြားရင္ေတာ့ အျပတ္ျပတ္နဲ႔ ႏွာေခါင္းေသြးထြက္ၿပီး နာမည္ေတြ ႀကီးသြားဦးမယ္လို႔ ေမဘရဏီေသာ္က ဆိုပါတယ္။

 

‘အခမ္းနားဆုံးေမတၱာ’ ရုပ္ရွင္ဇာတ္ကားႀကီးက အမွတ္တရ တစ္ခ်ိဳ႕ကို ျပန္လည္ေျပာျပလာတဲ့ ေမဘရဏီေသာ္ 4

ေနျခည္ဦးနဲ႔ ပတ္သက္ၿပီး ေမဘရဏီေသာ္ကေတာ့ ခုလိုမ်ိဳး ခ်ီးက်ဴးသြားပါတယ္။“ခ်ီလည္း တကယ္ႀကိဳးစားပါတယ္။ ၿပီးေတာ့ အမ်ားႀကီး က်င့္ထားေတာ့ ေတာ္ပါတယ္။ ေမေသာ္လည္း အသစ္တစ္ေယာက္ဆိုေတာ့ ျမင္ဆရာေတြကိုပဲၾကည့္ၿပီး အေကာင္းဆုံး ႀကိဳးစားတယ္။ ခ်ီခ်ီက လူငယ္တစ္ေယာက္လည္းျဖစ္တယ္။ ပြင့္ပြင့္လည္းလည္းျဖစ္တယ္။ အကုန္လုံးနဲ႔ လိုက္ေလ်ာညီေထြ ရွိတယ္ဆိုေတာ့ ခင္ဖို႔လည္း ေကာင္းပါတယ္။” ဆိုၿပီး ေျပာျပသြားပါတယ္။

‘အခမ္းနားဆုံးေမတၱာ’ ရုပ္ရွင္ဇာတ္ကားႀကီးက အမွတ္တရ တစ္ခ်ိဳ႕ကို ျပန္လည္ေျပာျပလာတဲ့ ေမဘရဏီေသာ္ 5

‘အခမ္းနားဆုံးေမတၱာ’ ရုပ္ရွင္ဇာတ္ကားႀကီးက အမွတ္တရ တစ္ခ်ိဳ႕ကို ျပန္လည္ေျပာျပလာတဲ့ ေမဘရဏီေသာ္ 6

‘အခမ္းနားဆုံး ေမတၱာ’ ႐ုပ္ရွင္ကားႀကီးမွာ ေနျခည္ဦးနဲ႔ ကိုေနတိုးရဲ႕ Ro ခန္းေတြ အမ်ားႀကီး ပါမယ္လို႔ သိရပါတယ္။ ႐ုပ္ရွင္ကားႀကီးကိုေတာ့ မၾကာမီ လာမည္ေမွ်ာ္ပါ။Nanmalgyi

Unicode version

7th Sense Creation ကနေ ရိုက်ကူးထုတ်လုပ်တဲ့ ‘အခမ်းနားဆုံးမေတ္တာ’ ရုပ်ရှင်ကားကြီးမှာတော့ နေတိုး ၊ ရဲအောင် ၊ သူရိယ ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ ၊ နေခြည်ဦး နဲ့ မေဘရဏီသော်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာ နေရွှေသွေးအောင်လည်း ပါဝင်မှာဖြစ်တဲ့အတွက် နေသုံးနေကို တွေ့ရမယ်လို့ တင်စားထားတွေ ရှိပါတယ်။ ဇွန်လ (၅) ရက်နေ့မှာ ရိုက်ကူးမှု ပြီးစီးသွားပေမဲ့ ဇာတ်ကားနဲ့ ပတ်သက်လို့ အမှတ်တရ အချို့ကတော့ Miss မေဘရဏီသော်က ခုလို ပြောပြသွားပါတယ်။

နေတိုး ဝင်မဆွဲလို့ ပါးရိုက်မိမလို ဖြစ်တဲ့အကြောင်း မေဘရဏီသော်က ခုလို ပြောပြပါတယ်။“ကိုယ်က သရုပ်ဆောင်သာလိုက်တယ်။ တစ်ခါမှ ပါးရိုက်ရတဲ့ အခန်း မလုပ်ဖူးဘူး။ အပြင်မှာလည်း လူတစ်ယောက်ကို အဲ့လိုမျိုး မရိုက်ခဲ့ဖူးဘူးဆိုတော့ တကယ်ရိုက်ရတာတော့ မဟုတ်ဘူး။ အကိုက ကိုယ့်လက်ကို လှမ်းပြီး ဆွဲရမယ့်အခန်း ၊ တကယ်တမ်း ရိုက်ရမယ်ဆိုတော့ ကိုယ့်လက်ကလည်း အားပျော့နေတာပေါ့နော်။ သူ့ကို ထိမိမှာကြောက်လို့။ နောက်တော့ အကိုက ညီမလေး တကယ်ရိုက်…အကိုဖမ်းဆွဲမယ်ဆိုတော့ ..ချီချီကလည်း အားမနာနဲ့ တကယ်ရိုက်နော်တဲ့။ အဲ့မှာတင် ကိုယ်လည်း ခန္ဓာကိုယ်ပါပါတယ် အားနဲ့ အသားကုန် လွှဲရိုက်တာ။ ဒါပေမဲ့ အကိုက လှမ်းမဆွဲဘူး။ သူ့ကိုတော့ မထိဘူး သူ့နှာခေါင်းရှေ့ကနေ ရှပ်ခနဲ ဖြစ်သွားတာ။ ရိုက်ကွင်းအဖွဲ့သားတွေ အကုန်လုံး မျက်လုံးပြူးသွားတာ။ ချီချီဆိုလည်း မျက်နှာကို လေလာရိုက်သွားတယ်တဲ့။ ရွှီခနဲ သူ့ရှေ့ကို ရိုက်သွားတာ အသံတောင် ကြားရတယ်တဲ့။ နောက်တစ်ခါကျတော့ အကိုက ထိထိမိမိနဲ့ လှမ်းဆွဲပါတယ်။” လို့ ဆိုပါတယ်။တကယ်တမ်းသာ ထိမိသွားရင်တော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ပြီး နာမည်တွေ ကြီးသွားဦးမယ်လို့ မေဘရဏီသော်က ဆိုပါတယ်။

နေခြည်ဦးနဲ့ ပတ်သက်ပြီး မေဘရဏီသော်ကတော့ ခုလိုမျိုး ချီးကျူးသွားပါတယ်။“ချီလည်း တကယ်ကြိုးစားပါတယ်။ ပြီးတော့ အများကြီး ကျင့်ထားတော့ တော်ပါတယ်။ မေသော်လည်း အသစ်တစ်ယောက်ဆိုတော့ မြင်ဆရာတွေကိုပဲကြည့်ပြီး အကောင်းဆုံး ကြိုးစားတယ်။ ချီချီက လူငယ်တစ်ယောက်လည်းဖြစ်တယ်။ ပွင့်ပွင့်လည်းလည်းဖြစ်တယ်။ အကုန်လုံးနဲ့ လိုက်လျောညီထွေ ရှိတယ်ဆိုတော့ ခင်ဖို့လည်း ကောင်းပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

‘အခမ်းနားဆုံး မေတ္တာ’ ရုပ်ရှင်ကားကြီးမှာ နေခြည်ဦးနဲ့ ကိုနေတိုးရဲ့ Ro ခန်းတွေ အများကြီး ပါမယ်လို့ သိရပါတယ်။ ရုပ်ရှင်ကားကြီးကိုတော့ မကြာမီ လာမည်မျှော်ပါ။Nanmalgyi