အခက္​အခဲ​ေတြ႐ွိ​ေန​ေပမယ္​့လဲ လီမင္​ဟိုနဲ႔ ဇာတ္​ကား႐ိုက္​ႏိုင္​႔ လက္​မ​ေလ်ာ့​ေသးတဲ့ ကို​ေဝမင္​း​ေမာင္​

7th Sense Creation မွ တာဝန္ရွိသူ ကိုေဝမင္းေမာင္က ကိုရီးယားမင္းသား လီမင္ဟိုနဲ႔ Ji Chang Wook တို႔ကို ရုပ္ရွင္ကားရိုက္ကူးဖို႔ ကမ္းလွမ္းထားျပီး၊ ဒီၾကားထဲမွာ ၾကံဳေတြ႔ေနရအခက္အခဲမ်ားရွိတာေၾကာင့္ ၾကိဳးစားလုပ္ကိုင္လ်က္ရွိေၾကာင္းကို ပရိသတ္ကို ခုလိုေျပာျပခဲ့ပါတယ္။

အခက္​အခဲ​ေတြ႐ွိ​ေန​ေပမယ္​့လဲ လီမင္​ဟိုနဲ႔ ဇာတ္​ကား႐ိုက္​ႏိုင္​႔ လက္​မ​ေလ်ာ့​ေသးတဲ့ ကို​ေဝမင္​း​ေမာင္​ 1

အခက္အခဲေတြကေတာ့ အမ်ားၾကီးပဲဗ်။ တစ္ႏွစ္စာ ႏွစ္ႏွစ္စာ Plan ေတြကသူတို႔မွာရွိတယ္။ ဇာတ္လမ္းေတြကအစ Detail အရမ္းေတာင္းတယ္။ ကၽြန္ေတာ္တို႔လည္း Detail ေပးႏုိင္ဖို႔ ၾကိဳးစားေနတယ္။ ဒါေပမယ့္လည္း တစ္ကမၻာလံုးအတိုင္းအတာနဲ႔ ေအာင္ျမင္ေနတဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ ကိုယ့္ျမန္မာႏိုင္ငံ ေစ်းကြက္တစ္ခုထဲကိုပဲ ၾကည့္ေနတဲ့သူမဟုတ္တဲ့အတြက္ ကိုယ့္ Budget ေတြေပးႏုိင္ရင္ေတာင္ သူလိုကိုယ္လိုထက္ေပးႏုိင္တဲ့ နုိင္ငံရဲ႕ ေစ်းကြက္ေတြကအမ်ားၾကီးပဲ။

ကိုယ့္ျမန္မာႏုိင္ငံက အခုမွရွပ္ရွင္ အႏုပညာေလာကက တိုးတက္ဖို႔ ၾကိဳးစားေနရဆဲကာလ ျဖစ္တာေၾကာင့္ ဒီလို ကမၻာေက်ာ္ေတြျမန္မာႏုိင္ငံကို မ်က္စိက်လာဖို႔ အတူပူးေပါင္းလုပ္ေဆာင္ဖို႔ အမ်ားၾကီး လုပ္ေဆာင္ရဦးမယ္။ ေဘာလံုးေလာက လိုေပါ့ ကမာၻေက်ာ္ေတြကုိ အာရွက ပိုက္ဆံေတြဘယ္ေလာက္ပံုေပးေပး သူတို႔ ေနဝင္ခ်ိန္ေရာက္မွ လာကစားေပးတဲ့ပံုစံလိုေပါ့။ ဒီလို ကမာၻေက်ာ္ မင္းသားေတြ ျမန္မာမွာ လာရိုက္ဖို႔ ဆိုတာလည္း ကၽြန္ေတာ္တို႔ဘက္က ရိုက္ျပႏုိင္တာကို ဒီ့ထက္ျမွင့္ႏုိင္မွသာလွ်င္ သူတို႔အတြက္ လိုလိုလားလား ျဖစ္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။

အခက္​အခဲ​ေတြ႐ွိ​ေန​ေပမယ္​့လဲ လီမင္​ဟိုနဲ႔ ဇာတ္​ကား႐ိုက္​ႏိုင္​႔ လက္​မ​ေလ်ာ့​ေသးတဲ့ ကို​ေဝမင္​း​ေမာင္​ 2

ကၽြန္ေတာ္ကေတာ့ ၾကိဳးစားမႈကို မေလ်ာ့ပါဘူး။ ကိုယ္မၾကိဳးစားပဲနဲ႔ေတာ့ သူတို႔က လာရိုက္မယ္ဆိုတာမရွိပါဘူး။ ကိုယ္ကလည္းၾကိဳးစားမယ္။ ကုိုယ့္ရဲ႕ Presentation ကိုခ်ျပမယ္။ ကၽြန္ေတာ္တို႔ရဲ႕ Presentation ျမန္မာေစ်းကြက္ကိုၾကိဳက္တာတယ္ဆိုရင္ေတာ့ ျဖစ္လာမွာေပါ့ေနာ္။ ဒီလိုျဖစ္လာေအာင္လည္း Media 7th sense Production က ျမန္မာေစ်းကြက္မွာ ျမန္မာအႏုပညာရွင္ေတြစိတ္ပ်က္မသြားရေအာင္ တက္ႏိုင္သေလာက္ၾကိဳးစားေနပါတယ္။ ကၽြန္ေတာ္တု႔ိရိုက္ထားတဲ့ ဇာတ္ကားေတြ၊ Information ေတြကို အဆက္မျပတ္ ကိုရီးယားကို ပို႔ေပးေနပါတယ္။ ဒါေၾကာင့္မို႔ ကိုရီးယား ခ်စ္ပရိသတ္ေတြ အားေလ်ာ့ပါနဲ႔ ကၽြန္ေတာ္တို႔ အစြမ္းကုန္ၾကိဳးစားေနပါတယ္။ ၾကိဳးစားတယ္ သူတို႔ကလည္း စိတ္ဝင္စားတဲ့အဆင့္ေလာက္ပဲ ရွိေသးေတာ့ အခုေတာ့ ေလနဲ႔ပဲ ေျပာႏုိင္ေသးတာေပါ့။ အေကာင္အထည္ေဖာ္ေအာင္ကေတာ့ အခုကို ေလေတြကပဲ ျဖစ္လာဆိုေတာ့ ေစာင့္ေပးပါဦးလို႔ေျပာခ်င္ပါတယ္

အခက္​အခဲ​ေတြ႐ွိ​ေန​ေပမယ္​့လဲ လီမင္​ဟိုနဲ႔ ဇာတ္​ကား႐ိုက္​ႏိုင္​႔ လက္​မ​ေလ်ာ့​ေသးတဲ့ ကို​ေဝမင္​း​ေမာင္​ 3

လက္ရွိ SkyNet Pay Par View မွာ ကၽြန္ေတာ္တုိ႔ Production ကပိုက္ဆံဆိုတဲ့ဇာတ္ကားရယ္၊ ငယ္ပါေသးတယ္ ဆိုတဲ့ ဇာတ္ကားပါပါတယ္။ ျပီးေတာ့ အသည္းကြဲသာဓု ဇာတ္ကားၾကီးပါတယ္။ ေျပတီဦးတို႔ ေဇရဲထက္တို႔ေပါ့ေနာ္။ ေဆးမွင္ရည္ခ်ည္တဲ့ၾကိဳးလည္း ပါပါတယ္။ အဲ့ထဲမွာေတာ့ တိုင္ရြန္၊ ခါရာ နဲ႔ နန္းဆုဦးတို႔ ပါဝင္ပါတယ္။ ေနာက္ျပီး အခြင့္မရွိမဝင္ရ ဆိုတဲ့ ကားမွာ အန္ကယ္ေလးရယ္၊ လြမ္းပိုင္နဲ႔ ေအးျမတ္သူတို႔ပါပါတယ္။ ေနာက္တစ္ကားကေတာ့ ဘယ္သူလဲဆိုတဲ့ကားပါ၊ ပိုင္တံခြန္ရယ္၊ ခ်မ္းမင္းရဲထြဋ္ရယ္၊ သင္ဇာဝင့္ေက်ာ္နဲ႔ ေနလင္းရွိန္တို႔ ပါဝင္ သရုပ္ေဆာင္ထားတဲ့ကားေတြပါပါတယ္။ စုစုေပါင္း အသစ္ ၆ကား ေပ့ါကို SkyNet Pay Par View မွာျပမယ္။

အခက္​အခဲ​ေတြ႐ွိ​ေန​ေပမယ္​့လဲ လီမင္​ဟိုနဲ႔ ဇာတ္​ကား႐ိုက္​ႏိုင္​႔ လက္​မ​ေလ်ာ့​ေသးတဲ့ ကို​ေဝမင္​း​ေမာင္​ 4

ေနာက္ထပ္ရုပ္ရွင္ရံုတင္ျပီးတစ္ႏွစ္ျပည့္ ျပီးရင္း မုန္းစြဲဇာတ္ကားၾကီးနဲ႔ ကိုယ္ေစာင့္နတ္ ကားၾကီးေတြကို လည္း စုစုေပါင္း ၈ ကားကို SkyNet Pay Par View နဲ႔ပူးေပါင္းျပသဖို႔ စီစဥ္ထားပါတယ္။ ရုပ္ရွင္ခ်စ္တဲ့အသိုင္းအဝို္င္းတစ္ခုအေနနဲ႔ အရမ္းေကာင္းပါတယ္။ လုပ္ငန္းအသစ္ေတြလည္း ဒါရို္က္တာေတြကအစ၊ မင္းသားမင္းသမီးအသစ္ေတြ ကအစ အလုပ္အကိုင္အသစ္တစ္ခု၊ Platform အသစ္တစ္ခု ထပ္မံေပၚထြက္လာတယ္လု႔ိပဲ ကၽြန္ေတာ္ျမင္ပါတယ္။ သရုပ္ေဆာင္အသစ္ေတြဆိိုတာ ဗီဒီယိုေစ်းကြက္ ပ်က္သြားတဲ့အခ်ိန္မွာ ေပၚထြက္လာဖုိ႔ အရမ္းခက္ပါတယ္။ ရုပ္ရွင္ဇာတ္ကားၾကီးဆိုတာက သူသူကိုယ္ကိုယ္ အမ်ားၾကီး ရင္းႏီွးျမွပ္ႏွံရတာ။ အဲ့ေတာ့ သရုပ္ေဆာင္အသစ္ေတြ ေပၚထြက္မလာမွာ အရမ္းစိုးရိမ္တယ္။ အခုက်ေတာ့ သရုပ္ေဆာင္ အသစ္ေတြအတြက္ အခြင့္အလမ္း အသစ္တစ္ခုျဖစ္ပါတယ္။ အဲ့အတြက္ SkyNet Pay Par View Cinema ကို လံုးဝ အျပည့္အဝၾကိဳဆုိပါတယ္လို႔ေျပာၾကားခ်င္ပါတယ္။Nanmalgyi

Unicode Version

7th Sense Creation မှ တာဝန်ရှိသူ ကိုဝေမင်းမောင်က ကိုရီးယားမင်းသား လီမင်ဟိုနဲ့ Ji Chang Wook တို့ကို ရုပ်ရှင်ကားရိုက်ကူးဖို့ ကမ်းလှမ်းထားပြီး၊ ဒီကြားထဲမှာ ကြုံတွေ့နေရအခက်အခဲများရှိတာကြောင့် ကြိုးစားလုပ်ကိုင်လျက်ရှိကြောင်းကို ပရိသတ်ကို ခုလိုပြောပြခဲ့ပါတယ်။

အခက်အခဲတွေကတော့ အများကြီးပဲဗျ။ တစ်နှစ်စာ နှစ်နှစ်စာ Plan တွေကသူတို့မှာရှိတယ်။ ဇာတ်လမ်းတွေကအစ Detail အရမ်းတောင်းတယ်။ ကျွန်တော်တို့လည်း Detail ပေးနိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်မြန်မာနိုင်ငံ ဈေးကွက်တစ်ခုထဲကိုပဲ ကြည့်နေတဲ့သူမဟုတ်တဲ့အတွက် ကိုယ့် Budget တွေပေးနိုင်ရင်တောင် သူလိုကိုယ်လိုထက်ပေးနိုင်တဲ့ နိုင်ငံရဲ့ ဈေးကွက်တွေကအများကြီးပဲ။

ကိုယ့်မြန်မာနိုင်ငံက အခုမှရှပ်ရှင် အနုပညာလောကက တိုးတက်ဖို့ ကြိုးစားနေရဆဲကာလ ဖြစ်တာကြောင့် ဒီလို ကမ္ဘာကျော်တွေမြန်မာနိုင်ငံကို မျက်စိကျလာဖို့ အတူပူးပေါင်းလုပ်ဆောင်ဖို့ အများကြီး လုပ်ဆောင်ရဦးမယ်။ ဘောလုံးလောက လိုပေါ့ ကမ္ဘာကျော်တွေကို အာရှက ပိုက်ဆံတွေဘယ်လောက်ပုံပေးပေး သူတို့ နေဝင်ချိန်ရောက်မှ လာကစားပေးတဲ့ပုံစံလိုပေါ့။ ဒီလို ကမ္ဘာကျော် မင်းသားတွေ မြန်မာမှာ လာရိုက်ဖို့ ဆိုတာလည်း ကျွန်တော်တို့ဘက်က ရိုက်ပြနိုင်တာကို ဒီ့ထက်မြှင့်နိုင်မှသာလျှင် သူတို့အတွက် လိုလိုလားလား ဖြစ်လာမယ်လို့တော့ မျှော်လင့်ပါတယ်။

ကျွန်တော်ကတော့ ကြိုးစားမှုကို မလျော့ပါဘူး။ ကိုယ်မကြိုးစားပဲနဲ့တော့ သူတို့က လာရိုက်မယ်ဆိုတာမရှိပါဘူး။ ကိုယ်ကလည်းကြိုးစားမယ်။ ကိုယ့်ရဲ့ Presentation ကိုချပြမယ်။ ကျွန်တော်တို့ရဲ့ Presentation မြန်မာဈေးကွက်ကိုကြိုက်တာတယ်ဆိုရင်တော့ ဖြစ်လာမှာပေါ့နော်။ ဒီလိုဖြစ်လာအောင်လည်း Media 7th sense Production က မြန်မာဈေးကွက်မှာ မြန်မာအနုပညာရှင်တွေစိတ်ပျက်မသွားရအောင် တက်နိုင်သလောက်ကြိုးစားနေပါတယ်။ ကျွန်တော်တု့ိရိုက်ထားတဲ့ ဇာတ်ကားတွေ၊ Information တွေကို အဆက်မပြတ် ကိုရီးယားကို ပို့ပေးနေပါတယ်။ ဒါကြောင့်မို့ ကိုရီးယား ချစ်ပရိသတ်တွေ အားလျော့ပါနဲ့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ကြိုးစားတယ် သူတို့ကလည်း စိတ်ဝင်စားတဲ့အဆင့်လောက်ပဲ ရှိသေးတော့ အခုတော့ လေနဲ့ပဲ ပြောနိုင်သေးတာပေါ့။ အကောင်အထည်ဖော်အောင်ကတော့ အခုကို လေတွေကပဲ ဖြစ်လာဆိုတော့ စောင့်ပေးပါဦးလို့ပြောချင်ပါတယ်။

လက်ရှိ SkyNet Pay Par View မှာ ကျွန်တော်တို့ Production ကပိုက်ဆံဆိုတဲ့ဇာတ်ကားရယ်၊ ငယ်ပါသေးတယ် ဆိုတဲ့ ဇာတ်ကားပါပါတယ်။ ပြီးတော့ အသည်းကွဲသာဓု ဇာတ်ကားကြီးပါတယ်။ ပြေတီဦးတို့ ဇေရဲထက်တို့ပေါ့နော်။ ဆေးမှင်ရည်ချည်တဲ့ကြိုးလည်း ပါပါတယ်။ အဲ့ထဲမှာတော့ တိုင်ရွန်၊ ခါရာ နဲ့ နန်းဆုဦးတို့ ပါဝင်ပါတယ်။ နောက်ပြီး အခွင့်မရှိမဝင်ရ ဆိုတဲ့ ကားမှာ အန်ကယ်လေးရယ်၊ လွမ်းပိုင်နဲ့ အေးမြတ်သူတို့ပါပါတယ်။ နောက်တစ်ကားကတော့ ဘယ်သူလဲဆိုတဲ့ကားပါ၊ ပိုင်တံခွန်ရယ်၊ ချမ်းမင်းရဲထွဋ်ရယ်၊ သင်ဇာဝင့်ကျော်နဲ့ နေလင်းရှိန်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ကားတွေပါပါတယ်။ စုစုပေါင်း အသစ် ၆ကား ပေ့ါကို SkyNet Pay Par View မှာပြမယ်။

နောက်ထပ်ရုပ်ရှင်ရုံတင်ပြီးတစ်နှစ်ပြည့် ပြီးရင်း မုန်းစွဲဇာတ်ကားကြီးနဲ့ ကိုယ်စောင့်နတ် ကားကြီးတွေကို လည်း စုစုပေါင်း ၈ ကားကို SkyNet Pay Par View နဲ့ပူးပေါင်းပြသဖို့ စီစဉ်ထားပါတယ်။ ရုပ်ရှင်ချစ်တဲ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ အရမ်းကောင်းပါတယ်။ လုပ်ငန်းအသစ်တွေလည်း ဒါရိုက်တာတွေကအစ၊ မင်းသားမင်းသမီးအသစ်တွေ ကအစ အလုပ်အကိုင်အသစ်တစ်ခု၊ Platform အသစ်တစ်ခု ထပ်မံပေါ်ထွက်လာတယ်လု့ိပဲ ကျွန်တော်မြင်ပါတယ်။ သရုပ်ဆောင်အသစ်တွေဆိုတာ ဗီဒီယိုဈေးကွက် ပျက်သွားတဲ့အချိန်မှာ ပေါ်ထွက်လာဖို့ အရမ်းခက်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးဆိုတာက သူသူကိုယ်ကိုယ် အများကြီး ရင်းနှီးမြှပ်နှံရတာ။ အဲ့တော့ သရုပ်ဆောင်အသစ်တွေ ပေါ်ထွက်မလာမှာ အရမ်းစိုးရိမ်တယ်။ အခုကျတော့ သရုပ်ဆောင် အသစ်တွေအတွက် အခွင့်အလမ်း အသစ်တစ်ခုဖြစ်ပါတယ်။ အဲ့အတွက် SkyNet Pay Par View Cinema ကို လုံးဝ အပြည့်အဝကြိုဆိုပါတယ်လို့ပြောကြားချင်ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*