အခက်အခဲတွေ တွေ့ကြုံနေရတဲ့ ဦးဇော်ကြီးကို ထောက်ပံငွေ ၃သိန်း ပေးအပ်လိုက်တဲ့ အိချောပို
အခက်အခဲတွေ တွေ့ကြုံနေရတဲ့ ဦးဇော်ကြီးကို ထောက်ပံငွေ ၃သိန်း ပေးအပ်လိုက်တဲ့ အိချောပို 1
အခက်အခဲတွေ တွေ့ကြုံနေရတဲ့ ဦးဇော်ကြီးကို ထောက်ပံငွေ ၃သိန်း ပေးအပ်လိုက်တဲ့ အိချောပို 2
အခက်အခဲတွေ တွေ့ကြုံနေရတဲ့ ဦးဇော်ကြီးကို ထောက်ပံငွေ ၃သိန်း ပေးအပ်လိုက်တဲ့ အိချောပို 3
အခက်အခဲတွေ တွေ့ကြုံနေရတဲ့ ဦးဇော်ကြီးကို ထောက်ပံငွေ ၃သိန်း ပေးအပ်လိုက်တဲ့ အိချောပို 4
အခက်အခဲတွေ တွေ့ကြုံနေရတဲ့ ဦးဇော်ကြီးကို ထောက်ပံငွေ ၃သိန်း ပေးအပ်လိုက်တဲ့ အိချောပို 5
Unicode Version
အိချောပိုကတော့ အနုပညာပျိုးခင်းက မြေတောင်မြှောက်ပေးလိုက်တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။အနုပညာလောကမှာ အောင်မြင်မှုရရှိပြီး ပရိသတ်တော်တော်များများရဲ့ အားပေးချစ်ခင်မှုကို ခံရတဲ့ မင်းသမီးချောတစ်လက်ဆိုလည်းမမှားပါဘူးနော်။လှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးကြောင့် ယောက်ျားလေးပရိသတ်တွေကသည်းသည်းလှုပ်အားပေးမှုကိုလည်း ခံရတဲ့ သူလေးပါ။
လတ်တလောမှာတော့ အိချောပိုက ကျူးကျော်တဲလေးမှာနေထိုင်ရပြီး ဒုက္ခရောက်နေရတဲ့ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးဇော်ကြီးအတွက် အလှူငွေ(၃)သိန်းကို ဦးဇော်ကြီးနဲ့ ရှူတင်မှာ ဆုံတွေ့လေ့ရှိတဲ့ ယုန်လေးကနေတဆင့် အိချောပိုက လှူဒါန်းပေးခဲ့တာဖြစ်ပြီး “ရူတင်မှာ ဆုံလို့ လှူပေးလိုက်ပြီနော် ညီမလေးရေ။ ညီမလေး အိချောပို မှ ဦးဇော်ကြီးအတွက် ကူချင်တယ်ဆိုလို့ ဦးဇော်ကြီးလက်ထဲကို(၃)သိန်း လှူပေးခဲ့ပြီးပါပြီ။”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။
အိချောပိုကလည်း သူမကိုယ်စားလှူဒါန်းပေးခဲ့တဲ့ ယုန်လေးကို “ကျေးဇူးပါကိုကြီးရေ။ ခုလိုကူညီပေးတဲ့အတွက်လည်း ငါ့ကိုကြီး အလုပ်အကိုင်တွေပိုအဆင်ပြေပါစေရှင့်။” လို့ ကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အိချောပိုရဲ့ မွန်မြတ်တဲ့ အလှူအတွက် သာဓုခေါ်သွားပေးပါဦးနော်။Celegabar