ဟဲဗီးၿဖိဳးနဲ႔အတူ အႏုပညာအလုပ္ေတြ အတူလုပ္ခ်င္ပါေသးတယ္ဆိုတဲ့ ယြန္းယြန္း

အရြယ္ေရာက္လာတဲ့အခ်ိန္မွာ နန္းဆန္တဲ့ အလွနဲ႔ အားလံုးရဲ႕ အားေပးလက္ခံမႈကိုရ႐ိွခဲ့ၿပီး ကေလးသ႐ုပ္ေဆာင္ဘဝကတည္း သ႐ုပ္ေဆာင္ေကာင္းလြန္းတဲ့ ယြန္းယြန္းကိုေတာ့ ေျပာခ်င္လြန္းလို႔ ပရိတ္သတ္ႀကီးကို မိတ္ဆက္ေပးေနစရာလိုမယ္မထင္ပါဘူး ။ အခုသူနဲ႔ Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့အေၾကာင္းေလးေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးသိေအာင္ ေျပာျပေပးလိုက္ပါတယ္ ။

ဟဲဗီးၿဖိဳးနဲ႔အတူ အႏုပညာအလုပ္ေတြ အတူလုပ္ခ်င္ပါေသးတယ္ဆိုတဲ့ ယြန္းယြန္း 1

ယြန္းယြန္းက ဟဲဗီးၿဖိဳးနဲ႔ အိစိေကြးတို႔နဲ႔ မေတြ႔ျဖစ္ေတာ့တဲ့ အေၾကာင္းကို “ ေတြ႕လားဆိုေတာ့ မေတြ႕ျဖစ္တာေတာင္ အရမ္းၾကာၿပီ ကိုဟဲဗီးၿဖိဳးတို႔နဲ႔ အိစိေကြးတို႔နဲ႔ အဆက္အသြယ္ကအရမ္းျပတ္ေနတာဆိုေတာ့ သူတို႔ကိုေတာ့ ငယ္ငယ္တုန္းက အျမဲတမ္းအတူတူတြဲၿပီး႐ိုက္ခဲ့တာဆိုေတာ့ ညီမကလည္း ႐ႈတင္မွာေနတဲ့အခ်ိန္က မ်ားတယ္ဆိုေတာ့ သူတို႔နဲ႔ပဲ ႐ႈတင္မွာေဆာ့တယ္ ေနတယ္ဆိုေတာ့ေလ ေမာင္ႏွမေတြလိုပါပဲ အခုေတာ့ မေတြ႔တာၾကာၿပီ ။

ဟဲဗီးၿဖိဳးနဲ႔အတူ အႏုပညာအလုပ္ေတြ အတူလုပ္ခ်င္ပါေသးတယ္ဆိုတဲ့ ယြန္းယြန္း 2

ကိုဟဲဗီးၿဖိဳးကေလ ညီမထက္စာရင္ ငါးႏွစ္ေလာက္ႀကီးတာေပါ့ ဒါေပမယ့္လူေတြက ရြယ္တူလို႔ပဲထင္တယ္ ။ အရမ္းသေဘာေကာင္းတယ္ စိတ္ထားလည္းျပည့္ဝတယ္ အငယ္ေတြဆိုရင္လည္း သူတြဲေခၚခ်င္တဲ့စိတ္႐ိွတယ္ ။ သူနဲ႔အလုပ္လုပ္ရတာ အရမ္းအဆင္ေျပတယ္ အထူးသျဖင့္ဆိုရင္ ကၽြန္မက ႏွင္းဆီပါေမာင္ ဇာတ္ကားမ်ိဳးမွာဆိုရင္ ညီမကို ဖိနပ္ေတြစီးေပးရတယ္ ။ေျခေထာက္ေတြ ေရနဲ႔ေဆးေပးရတယ္ ။ ညီမက ကန္ေတာ့ကန္ေတာ့ ေျပာေနတာေတာင္မွ ရတယ္ ညီမေလး ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူးနဲ႔အဲ့ဒီလိုမ်ိဳးေပါ့ေလ သူနဲ႔အတူတူ တြဲသ႐ုပ္ေဆာင္ရတဲ့သူအေပၚမွာ Respect လည္းထားေပးတယ္ ။

ဟဲဗီးၿဖိဳးနဲ႔အတူ အႏုပညာအလုပ္ေတြ အတူလုပ္ခ်င္ပါေသးတယ္ဆိုတဲ့ ယြန္းယြန္း 3

ဟဲဗီးၿဖိဳးနဲ႔အတူ အႏုပညာအလုပ္ေတြ အတူလုပ္ခ်င္ပါေသးတယ္ဆိုတဲ့ ယြန္းယြန္း 4

စိတ္ကိုလည္း သက္ေသာင့္သက္သာ ျဖစ္ေအာင္လို႔သူ Adjust လုပ္ေပးတယ္ ။ ကိုဟဲဗီးၿဖိဳးက အိုက္တင္လည္းေကာင္းတယ္ ဒီလိုစိတ္ထားလည္း႐ိွတယ္ဆိုေတာ့ ညီမေလးစားရပါတယ္။ ကိုဟဲဗီးၿဖိဳးက သူ႔မွာ အႏုပညာအရည္အခ်င္းေတြ အမ်ားႀကီး႐ိွတယ္ ။ သူဘာလို႔ ဆက္မလုပ္ျဖစ္လဲ ညီမလည္း မသိဘူး ဒါေပမယ့္ျပန္လုပ္တယ္ဆိုရင္လည္း ဆံုခ်င္ပါတယ္ ။ ကိုဟဲဗီးၿဖိဳးတင္မဟုတ္ဘဲ တျခားကေလးသ႐ုပ္ေဆာင္ေတြ အလုပ္တြဲလုပ္ခဲ့တဲ့ တစ္ခ်ိန္ခ်ိန္မွာ အႏုပညာတစ္ခုခုကို အတူတူဖန္တီးခြင့္ရမယ္ဆိုရင္ ဘယ္သူနဲ႔ပဲ ျဖစ္ျဖစ္လုပ္ခ်င္ပါတယ္”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။Nanmalgyi

Unicode Version

အရွယ်ရောက်လာတဲ့အချိန်မှာ နန်းဆန်တဲ့ အလှနဲ့ အားလုံးရဲ့ အားပေးလက်ခံမှုကိုရရှိခဲ့ပြီး ကလေးသရုပ်ဆောင်ဘဝကတည်း သရုပ်ဆောင်ကောင်းလွန်းတဲ့ ယွန်းယွန်းကိုတော့ ပြောချင်လွန်းလို့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး ။ အခုသူနဲ့ Myanmar Celebrity နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ပြောပြပေးလိုက်ပါတယ် ။

ယွန်းယွန်းက ဟဲဗီးဖြိုးနဲ့ အိစိကွေးတို့နဲ့ မတွေ့ဖြစ်တော့တဲ့ အကြောင်းကို “ တွေ့လားဆိုတော့ မတွေ့ဖြစ်တာတောင် အရမ်းကြာပြီ ကိုဟဲဗီးဖြိုးတို့နဲ့ အိစိကွေးတို့နဲ့ အဆက်အသွယ်ကအရမ်းပြတ်နေတာဆိုတော့ သူတို့ကိုတော့ ငယ်ငယ်တုန်းက အမြဲတမ်းအတူတူတွဲပြီးရိုက်ခဲ့တာဆိုတော့ ညီမကလည်း ရှုတင်မှာနေတဲ့အချိန်က များတယ်ဆိုတော့ သူတို့နဲ့ပဲ ရှုတင်မှာဆော့တယ် နေတယ်ဆိုတော့လေ မောင်နှမတွေလိုပါပဲ အခုတော့ မတွေ့တာကြာပြီ ။

ကိုဟဲဗီးဖြိုးကလေ ညီမထက်စာရင် ငါးနှစ်လောက်ကြီးတာပေါ့ ဒါပေမယ့်လူတွေက ရွယ်တူလို့ပဲထင်တယ် ။ အရမ်းသဘောကောင်းတယ် စိတ်ထားလည်းပြည့်ဝတယ် အငယ်တွေဆိုရင်လည်း သူတွဲခေါ်ချင်တဲ့စိတ်ရှိတယ် ။ သူနဲ့အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ် အထူးသဖြင့်ဆိုရင် ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားမျိုးမှာဆိုရင် ညီမကို ဖိနပ်တွေစီးပေးရတယ် ။ခြေထောက်တွေ ရေနဲ့ဆေးပေးရတယ် ။ ညီမက ကန်တော့ကန်တော့ ပြောနေတာတောင်မှ ရတယ် ညီမလေး ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူးနဲ့အဲ့ဒီလိုမျိုးပေါ့လေ သူနဲ့အတူတူ တွဲသရုပ်ဆောင်ရတဲ့သူအပေါ်မှာ Respect လည်းထားပေးတယ် ။

စိတ်ကိုလည်း သက်သောင့်သက်သာ ဖြစ်အောင်လို့သူ Adjust လုပ်ပေးတယ် ။ ကိုဟဲဗီးဖြိုးက အိုက်တင်လည်းကောင်းတယ် ဒီလိုစိတ်ထားလည်းရှိတယ်ဆိုတော့ ညီမလေးစားရပါတယ်။ ကိုဟဲဗီးဖြိုးက သူ့မှာ အနုပညာအရည်အချင်းတွေ အများကြီးရှိတယ် ။ သူဘာလို့ ဆက်မလုပ်ဖြစ်လဲ ညီမလည်း မသိဘူး ဒါပေမယ့်ပြန်လုပ်တယ်ဆိုရင်လည်း ဆုံချင်ပါတယ် ။ ကိုဟဲဗီးဖြိုးတင်မဟုတ်ဘဲ တခြားကလေးသရုပ်ဆောင်တွေ အလုပ်တွဲလုပ်ခဲ့တဲ့ တစ်ချိန်ချိန်မှာ အနုပညာတစ်ခုခုကို အတူတူဖန်တီးခွင့်ရမယ်ဆိုရင် ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်လုပ်ချင်ပါတယ်”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။Nanmalgyi