ဟာသဇာတ်ရုပ်အတွက် မြင့်မြတ်ဆီက လေ့လာရမယ်ဆိုတဲ့ ရဲတိုက်

အနုပညာလောကထဲကနေ အကြောင်းကိစ္စတခုကြောင့် ခဏပျောက်ကွယ်သွားတဲ့ မင်းသားရဲတိုက်ကတော့ လက်ရှိချိန်မှာ အနုပညာလောကထဲကိုတော့ အကောင်းဆုံးရုပ်ရှင်တွေနဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဟာသဇာတ်ရုပ်အတွက် မြင့်မြတ်ဆီက လေ့လာရမယ်ဆိုတဲ့ ရဲတိုက် 1

ရဲတိုက်ကတော့ ဒဏ္ဍာရီမိုး ဆိုတဲ့ရုပ်ရှင်နဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်လှတဲ့ ရဲတိုက်ကတော့ သူ့အနေနဲ့ နောက်ထပ်ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရိုက်ဖို့ရှိနေပါတယ်။

ဟာသဇာတ်ရုပ်အတွက် မြင့်မြတ်ဆီက လေ့လာရမယ်ဆိုတဲ့ ရဲတိုက် 2

ဒဏ္ဍာရီမိုး ဇာတ်ကားရိုက်ပြီးနောက်မှာတော့ ရဲတိုက်က ခေါ်သံ ဆိုတဲ့ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိနေပြီး ဒီဇာတ်ကားထဲမှာတော့ မင်းသားမင်းသမီးတွေ များစွာပါဝင်တာဖြစ်ပါတယ်။

ဟာသဇာတ်ရုပ်အတွက် မြင့်မြတ်ဆီက လေ့လာရမယ်ဆိုတဲ့ ရဲတိုက် 3

ရဲတိုက်ကတော့ ဒီဇာတ်ကားလေးဟာ ဟာသကားလေးဖြစ်ပြီး သူ့အနေနဲ့ ဟာသကားတွေ သိပ်မရိုက်ဖူးတာကြောင့် ဟာသဇာတ်ရုပ်တွေကို မြင့်မြတ်ဆီကနေ လေ့လာရမယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဟာသဇာတ်ရုပ်အတွက် မြင့်မြတ်ဆီက လေ့လာရမယ်ဆိုတဲ့ ရဲတိုက် 4

ရဲတိုက်ကတော့ အင်တာဗျူးတွင် မင်းသား ၅ ယောက်ပါဝင်မယ့် ခေါ်သံ ဇာတ်ကားမှာ ပါဝင်မယ့်အကြောင်းနဲ့ပတ်သက်ပြီး “ဟာသကားပါ။ ကိုဘိုစန်းနဲ့ ကျနော်တို့ကြားမှာရှိတဲ့ ယုံကြည်မှု ပျက်ပြားသွားတဲ့အတွက် ပြန်လည်စမ်းသပ်တာပါ။

ဟာသဇာတ်ရုပ်အတွက် မြင့်မြတ်ဆီက လေ့လာရမယ်ဆိုတဲ့ ရဲတိုက် 5

ယုံကြည်မှုတစ်ခုကို ဇာတ်ကားတစ်ခုနဲ့ ပြန်လည်စမ်းသပ်တဲ့ သဘောမျိုးပေါ့။ ပြန်ရိုက်လို့ရလားပေါ့။ ကျနော်ကလည်း ရိုက်လို့ရပါတယ်ပေါ့။ ပြောရလို့ရှိရင်တော့ အနုပညာသမားအချင်းချင်း ကြေးခေါ်ပြီးတော့ ဖဲရိုက်တဲ့သဘောပါပဲ”

ဟာသဇာတ်ရုပ်အတွက် မြင့်မြတ်ဆီက လေ့လာရမယ်ဆိုတဲ့ ရဲတိုက် 6

ဟာသဇာတ်ရုပ်အတွက် ဘယ်လိုပြင်ဆင်သွားမလဲဆိုတဲ့ အပေါ်မှာတော့ “မြင့်မြတ်ကားတွေ နည်းနည်းပြန်ကြည့်မယ်။ သူ့ဟာသကားတွေ ပြန်ကြည့်မယ်။

သူ့အိုက်တင်လေးတွေ ကြည့်မယ်။ ဘာလို့လဲဆိုတော့ ဟာသက ကျနော့်လိုင်းမဟုတ်ဘူး။ ဒီလိုမျိုး တခါတလေ အကြောင်းကိစ္စနဲ့လုပ်တယ်ဆိုတော့ အဲ့ဒါ ကျနော် သူများဟာငှားသုံးမယ်” ဟု ပြောကြားသွားခဲ့ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*