သူမလိုခ်င္​တဲ့ ​ေကာင္​း​ေလးပံုစံကို ပြင္​့ပြင္​့လင္​းလင္​း ​ေျပာျပလာတဲ့ ဖုန္​းသီရိ​ေက်ာ္​

မ်က္ႏွာေလးက လမင္းေလးသဖြယ္ဝိုင္းဝိုင္းျပည္ျပည့္ေလးနဲ႔ ေဇာ္ပိုင္ရဲ႕ ေမသီခ်င္းလိုပဲ ထူးျခားျပည့္စံုတဲ့အလွအပေတြကိုပိုင္ဆိုင္ထားတဲ့ေမာ္ဒယ္ ဖုန္းသီရိေက်ာ္ကေတာ့ အမ်ိဳးသားပရိသတ္ေတြတခဲနက္ဝန္းရံ အားေပးျခင္းခံရတဲ့မင္းသမီးေလးပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းျခင္းေတြစုစည္းထားတဲ့မ်က္ႏွာေလးနဲ႔ အျပံဳးေတြ ၊စကားေျပာဟန္ေတြက အမ်ိဳးသားထုႀကီးရဲ႕ ရင္ကို ဆြဲခါလႈပ္ရမ္းႏုိင္သူေလးပဲျဖစ္ပါတယ္။

သူမလိုခ်င္​တဲ့ ​ေကာင္​း​ေလးပံုစံကို ပြင္​့ပြင္​့လင္​းလင္​း ​ေျပာျပလာတဲ့ ဖုန္​းသီရိ​ေက်ာ္​ 1

SAI Cosmetix အလွမယ္ ၿပိဳင္ပြဲကေန လူသိမ်ားလာၿပီး အႏုပညာအလုပ္ေတြကိုလုပ္ကိုင္လာတဲ့ ေမာ္ဒယ္မင္းသမီးတစ္ဦးဆိုလည္းမမွားပါဘူးေနာ္။ သူမရဲ႕အႏုပညာလႈပ္႐ွားမႈနဲ႔ ေန႔စဥ္သြားလာလႈပ္႐ွားေနမႈမ်ားကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ပရိသတ္ေတြကိုေဝမ်ွေလ့႐ွိပါတယ္။လတ္တေလာအႏုပညယလႈပ္႐ွားမႈအေနနဲ႔ကေတာ့ ေၾကာ္ျငာေလးေတြ႐ုိက္ျဖစ္ေနတယ္လို႔သိရပါတယ္။ ႐ုပ္႐ွင္႐ုိက္ကူးဖို႔အတြက္လာကမ္းလွမ္းတာေတြ႐ွိေပမယ့္ ကိုယ့္ကိုကိုယ္ယံုၾကည္မႈမ႐ွိေသးလို႔ အခုေတာ့ ေၾကာ္ျငာေလးေတြကိုပဲ ႐ုိက္ၿပီးကိုယ့္ Talent ကို နည္းနည္းၾကည့္ေနတယ္လို႔သိရပါတယ္။

သူမလိုခ်င္​တဲ့ ​ေကာင္​း​ေလးပံုစံကို ပြင္​့ပြင္​့လင္​းလင္​း ​ေျပာျပလာတဲ့ ဖုန္​းသီရိ​ေက်ာ္​ 2

သူမလိုခ်င္​တဲ့ ​ေကာင္​း​ေလးပံုစံကို ပြင္​့ပြင္​့လင္​းလင္​း ​ေျပာျပလာတဲ့ ဖုန္​းသီရိ​ေက်ာ္​ 3

အႏုပညာပိုင္းကို အခ်ိန္ျပည့္လုပ္ေနတာမဟုတ္ဘူးလို႔ေျပာျပခဲ့ၿပီး ေက်ာင္းပညာေရးကိုပဲအဓိကဦးစားေပးလုပ္ေနတယ္လို႔သိရပါတယ္။ ဆယ္ေက်ာ္သက္အသက္အရြယ္မို႔ရည္းမွန္းခ်က္နဲ႔ ဘာျဖစ္ခ်င္ေနလဲကို႐ွာေဖြေနဆဲလို႔လည္းေျပာျပခဲ့ပညတယ္။ အႏုပညာပိုင္းကိုေတာ့ အဓိကဦးစားေပးၿပီးလုပ္ျဖစ္မယ္ မထင္ဘူးလို႔သိရပါတယ္။ အိမ္ကလူေတြကလည္းမလုပ္ေစခ်င္ဘူးေပါ့ေနာ္။ စာခ်ဳပ္ခ်ဳပ္ထားတာေတြလည္း႐ွိေသးလို႔ ခ်က္ခ်င္း လံုးဝတံုးတိဖ်က္လိုက္ဖို႔မျဖစ္ႏုိင္ေသးဘူးလို႔ ေျပာျပခဲ့ပါတယ္။ အခ်စ္ေရးအေနနဲ႔ကေတာ့ “တစ္ေယာက္တည္းေနေနရတာ လြတ္လပ္တယ္။ေပါ့ပါးတယ္။ေပ်ာ္တယ္ေပါ့နာ္။ကိုယ္ႀကိဳက္တဲ့ေကာင္ေလးပံုစံက ကိုယ္ကလြဲရင္ အရမ္းေခ်တတ္တဲ့ေကာင္ေလးေပါ့။

သူမလိုခ်င္​တဲ့ ​ေကာင္​း​ေလးပံုစံကို ပြင္​့ပြင္​့လင္​းလင္​း ​ေျပာျပလာတဲ့ ဖုန္​းသီရိ​ေက်ာ္​ 4

​ေခ်တတ္တယ္ဆိုတာ ကိုယ့္ကိုေခ်တာမဟုတ္ဘူးေပါ့။ကိုယ့္ကိုက်မေခ်ဘူး။တျခားေကာင္မေလးဆို ေခ်မုိးေနတာေပါ့။အာ့လိုမ်ိဳးေလးေတြဆိုသေဘာက်တယ္။ အခုလက္႐ွိကရည္းစားမ႐ွိပါဘူး။လိုခ်င္တာေတြေျပာေနတာပါ ” လို႔ ေျဖၾကားခဲ့ပါတယ္။ ပရိသတ္ႀကီးေရာ ကိုယ္ႀကိဳက္တဲ့ပံုစံကဘယ္လိုမ်ိဳးလဲဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။Celegabar

Unicode Version

မျက်နှာလေးက လမင်းလေးသဖွယ်ဝိုင်းဝိုင်းပြည်ပြည့်လေးနဲ့ ဇော်ပိုင်ရဲ့ မေသီချင်းလိုပဲ ထူးခြားပြည့်စုံတဲ့အလှအပတွေကိုပိုင်ဆိုင်ထားတဲ့မော်ဒယ် ဖုန်းသီရိကျော်ကတော့ အမျိုးသားပရိသတ်တွေတခဲနက်ဝန်းရံ အားပေးခြင်းခံရတဲ့မင်းသမီးလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းခြင်းတွေစုစည်းထားတဲ့မျက်နှာလေးနဲ့ အပြုံးတွေ ၊စကားပြောဟန်တွေက အမျိုးသားထုကြီးရဲ့ ရင်ကို ဆွဲခါလှုပ်ရမ်းနိုင်သူလေးပဲဖြစ်ပါတယ်။

SAI Cosmetix အလှမယ် ပြိုင်ပွဲကနေ လူသိများလာပြီး အနုပညာအလုပ်တွေကိုလုပ်ကိုင်လာတဲ့ မော်ဒယ်မင်းသမီးတစ်ဦးဆိုလည်းမမှားပါဘူးနော်။ သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်သွားလာလှုပ်ရှားနေမှုများကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကိုဝေမျှလေ့ရှိပါတယ်။လတ်တလောအနုပညယလှုပ်ရှားမှုအနေနဲ့ကတော့ ကြော်ငြာလေးတွေရိုက်ဖြစ်နေတယ်လို့သိရပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့အတွက်လာကမ်းလှမ်းတာတွေရှိပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိသေးလို့ အခုတော့ ကြော်ငြာလေးတွေကိုပဲ ရိုက်ပြီးကိုယ့် Talent ကို နည်းနည်းကြည့်နေတယ်လို့သိရပါတယ်။

အနုပညာပိုင်းကို အချိန်ပြည့်လုပ်နေတာမဟုတ်ဘူးလို့ပြောပြခဲ့ပြီး ကျောင်းပညာရေးကိုပဲအဓိကဦးစားပေးလုပ်နေတယ်လို့သိရပါတယ်။ ဆယ်ကျော်သက်အသက်အရွယ်မို့ရည်းမှန်းချက်နဲ့ ဘာဖြစ်ချင်နေလဲကိုရှာဖွေနေဆဲလို့လည်းပြောပြခဲ့ပညတယ်။ အနုပညာပိုင်းကိုတော့ အဓိကဦးစားပေးပြီးလုပ်ဖြစ်မယ် မထင်ဘူးလို့သိရပါတယ်။ အိမ်ကလူတွေကလည်းမလုပ်စေချင်ဘူးပေါ့နော်။ စာချုပ်ချုပ်ထားတာတွေလည်းရှိသေးလို့ ချက်ချင်း လုံးဝတုံးတိဖျက်လိုက်ဖို့မဖြစ်နိုင်သေးဘူးလို့ ပြောပြခဲ့ပါတယ်။ အချစ်ရေးအနေနဲ့ကတော့ “တစ်ယောက်တည်းနေနေရတာ လွတ်လပ်တယ်။ပေါ့ပါးတယ်။ပျော်တယ်ပေါ့နာ်။ကိုယ်ကြိုက်တဲ့ကောင်လေးပုံစံက ကိုယ်ကလွဲရင် အရမ်းချေတတ်တဲ့ကောင်လေးပေါ့။

ချေတတ်တယ်ဆိုတာ ကိုယ့်ကိုချေတာမဟုတ်ဘူးပေါ့။ကိုယ့်ကိုကျမချေဘူး။တခြားကောင်မလေးဆို ချေမိုးနေတာပေါ့။အာ့လိုမျိုးလေးတွေဆိုသဘောကျတယ်။ အခုလက်ရှိကရည်းစားမရှိပါဘူး။လိုချင်တာတွေပြောနေတာပါ ” လို့ ဖြေကြားခဲ့ပါတယ်။ ပရိသတ်ကြီးရော ကိုယ်ကြိုက်တဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*