သူမလက်​ထပ်​ဖြစ်​​လောက်မယ့်​ အချိန်​ကို ​ပြောပြလာတဲ့ ​အေးမြတ်​သူ
သူမလက်​ထပ်​ဖြစ်​​လောက်မယ့်​ အချိန်​ကို ​ပြောပြလာတဲ့ ​အေးမြတ်​သူ 1
သူမလက်​ထပ်​ဖြစ်​​လောက်မယ့်​ အချိန်​ကို ​ပြောပြလာတဲ့ ​အေးမြတ်​သူ 2
သူမလက်​ထပ်​ဖြစ်​​လောက်မယ့်​ အချိန်​ကို ​ပြောပြလာတဲ့ ​အေးမြတ်​သူ 3
သူမလက်​ထပ်​ဖြစ်​​လောက်မယ့်​ အချိန်​ကို ​ပြောပြလာတဲ့ ​အေးမြတ်​သူ 4
Unicode Version
အေးမြတ်သူဟာဆိုရင် ချစ်ဖို့ကောင်းပြီးပွင့်လင်းတဲ့အမူအရာလေးတွေနဲ့ပရိသတ်ကိုဖမ်းစားခဲ့တဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပြီး အခုအချိန်အထိအောင်မြင်မှုကိုထိန်းထားနိုင်တဲ့ သရုပ်ဆောင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ အခုထိ တစ်ကိုယ်တည်းအပျိုလေးပဲဖြစ်နေဆဲဖြစ်တဲ့အေးမြတ်သူက ပရိသတ်တွေသိချင်နေကြတဲ့ အချစ်ရေးကိုမကြာသေးမီက sunday media နဲ့ အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်။
အေးမြတ်သူက ၃၀ မကျော်ခင်လက်ထပ်မယ်ဆိုတဲ့အကြောင်း “အေးမြတ်သူက သုံးဆယ်မကျော်ပါဘူး။ ၂၀၃၀ ပြောတာ”လို့ ရယ်မောရင်းဖြေကြားသွားပြီးအခုနောက်ပိုင်းမှာ ပိုပြီးနုငယ်လှပလာတာနဲ့ပတ်သက်ပြီးတော့လည်း “လူက ရင့်ကျက်လာတာပေါ့နော်။အလုပ်က သင်ပေးသွားတာ။ကိုယ့်ကိုယ်ကိုယ်ပျော်အောင်လည်းနေရတယ်။ဒီဘက်ခေတ်မှာပိုဆိုးတယ်။ နေရာတိုင်းမှာ ပြိုင်ဆိုင်မှုြုပင်းထန်တယ်။ သရုပ်ဆောင်ရယ်လို့မဟုတ်ဘူး။ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းပေါ့နော်”လို့ ပြောပြထားပါတယ်။
အေးမြတ်သူက ကိုယ့်ကိုကိုယ်ဘယ်လိုပျော်ရွှင်အောင်နေမလဲဆိုတာကိုလည်း ပရိသတ်ကြီးအတွက်ပြောပြထားပါသေးတယ်။ “တစ်ခါတစ်ခါကျစိတ်ဖိစီးမှုတွေတအားများနိုင်တယ်။အဲ့ခါကျရင်သူများကိုမှီခိုမိတာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ သူများဆီမှာပျော်စရာတွေရှာကောင်းရှာနိုင်တယ်။ တကယ်တော့အဲဒါတွေကမှားတယ်။အဲဒီလိုသူများကိုမှီခိုမိတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ ကိုယ်ကအထီးကျန်ဆန်လာတယ်။ အဲဒါကိုသွားတွေ့မိတဲ့အခါကျတော့ ပျော်ရွှင်ခြင်းတွေကကိုယ့်ဆီမှာပဲရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်အောင်နေဖို့လိုအပ်တယ်။ ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်နေမှ။ကိုယ့်ကိုယ်ကိုယ်ချစ်မှ၊ကိုယ့်အလုပ်မှာကိုယ်ချစ်မှ ကိုယ့်ရဲ့အနာဂတ်ကလှပမယ်ပေါ့နော်”လို့ ပြောပြထားတာတွေ့ရပါတယ်။
အေးမြတ်သူက အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း တစ်ဦးတစ်ယောက်ကိုချစ်တာထက် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့လိုအပ်ကြောင်း”အေးမြတ်သူကတော့ ကိုယ့်ကိုယ်ကိုယ်ချစ်စေချင်တယ်။ တစ်ခါတစ်ခါကျရင်တစ်ဦးတစ်ယောက်ကိုသွားပြီးတော့ချစ်မိနေမယ်။ သူမချစ်ရင်မဖြစ်ဘူးဆိုရင် ကိုယ့်ရဲ့ပျော်ရွှင်မှုကပျောက်ဆုံးနေလိမ့်မယ်။ အလုပ်မှာဆိုရင်လည်းသူမရှိရင်ငါမဖြစ်ဘူးဆိုတာမဟုတ်ဘူး။လုပ်နိုင်ရမယ်။ငါ့ဟာငါဦးဆောင်နိုင်ရမယ်။ အဲ့လိုစိတ်မျိုးလေးထားရမယ်။အမှီအခိုကင်းကင်းနဲ့ရပ်တည်နိုင်တာက ပျော်ရွှင်ခြင်းအစစ်အမှန်ကိုရတာ”လို့ ပြောထားပါတယ်။
လတ်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းကိုတော့ အေးမြတ်သူက “လက်ရှိမှာအေးမြတ်သူ ဇာတ်လမ်းတွဲရိုက်ဖို့ပြောထားတာရှိတယ်။ခုနှစ်လပိုင်းမှာ ကားရိုက်ဖို့ပြောထားတာရှိတယ်။ဒါပါပဲရှင့်”လို့ ပြောပြထားပါတယ်။။ပြောချင်လွန်းလို့ပရိသတ်ကြီးရော အေးမြတ်သူကိုချစ်ကြလား။ အေးမြတ်သူရဲ့နောက်ထပ်ထွက်မယ့်ရုပ်ရှင်ဇာတ်ကားတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Be the first to comment
Leave a Reply
Your email address will not be published.
*