သူမရဲ႕ အနာဂတ္ စီမံကိန္းကို ေျပာျပလာတဲ့ ေနာ္ေဖာအယ္ထား

အတြင္းေရးမွဴးကင္နဲ႔ တူတယ္ဆိုျပီး နာမည္ ၾကီးသြားတဲ့ ေနာေဖာအယ္ထားက တက္သစ္စ သရုပ္ေဆာင္ တစ္ေယာက္ ျဖစ္ပါတယ္။ ေၾကာ္ျငာေတြနဲ႔ သီခ်င္းဗီဒီယိုေတြ လက္ခံရိုက္ကူးေနသလို ခရီးထြက္ရတာလည္း ၾကိဳက္ႏွစ္သက္သူပါ။ အိျႏၵာေက်ာ္ဇင္တူမ ေမတိုးခိုင္နဲ႔ သူငယ္ခ်င္းေတြ ျဖစ္သလို အျမဲတမ္း တတြဲတြဲ ေတြ႕ရေလ့ ရွိပါတယ္။ စကၤာပူမွာ ဒီပလိုမာဘြဲ႔ယူထားတဲ့ ေနာ္ေဖာအယ္ထားက စီးပြားေရးကို စိတ္ဝင္စားတဲ့အေၾကာင္း ခုလို ေျပာသြားပါတယ္။

သူမရဲ႕ အနာဂတ္ စီမံကိန္းကို ေျပာျပလာတဲ့ ေနာ္ေဖာအယ္ထား 1

“လြန္ခဲ့တဲ့ တစ္ႏွစ္က ေက်ာင္းသြားတက္ေတာ့ ဒီပလိုမာ ဘြဲ႔ေလး သြားယူခဲ့တာပါ။ စကၤာပူမွာ ရွိတဲ့ SHRM College မွာ ညီမ စိတ္ဝင္စားတဲ့ စီးပြားေရးပိုင္းကို သင္ယူခဲ့တာပါ။ ေက်ာင္းျပီးထားတာက ျပင္သစ္ဘာသာနဲ႔ဆိုေတာ့ ေက်ာင္းျပီးေတာ့ ကိုယ္ ဘာဝါသနာပါလဲ ေပါ့ေနာ္။

သူမရဲ႕ အနာဂတ္ စီမံကိန္းကို ေျပာျပလာတဲ့ ေနာ္ေဖာအယ္ထား 2

စီးပြားေရးကေတာ့ ငယ္ငယ္တည္းက လုပ္ခ်င္တာပါ။ ဒါေၾကာင့္ စီးပြားေရးနဲ႔ ပတ္သက္တာကို ေရြးခ်ယ္ခဲ့တာပါ။ အိမ္မက္ေတြ အမ်ားၾကီးရွိတယ္။ အားရင္ေတာ့ ကိုယ္ပိုင္စီးပြားေရး လုပ္ဖို႔ စဥ္းစားထားပါတယ္။” လို႔ ဆိုုပါတယ္။

သူမရဲ႕ အနာဂတ္ စီမံကိန္းကို ေျပာျပလာတဲ့ ေနာ္ေဖာအယ္ထား 3

အႏုပညာနဲ႔ စီးပြားေရး ႏွစ္ဖက္လံုးကို စိတ္အားထက္သန္တဲ့အေၾကာင္း ေနာ္ေဖာက ခုလို မွ်ေဝသြားပါတယ္။

သူမရဲ႕ အနာဂတ္ စီမံကိန္းကို ေျပာျပလာတဲ့ ေနာ္ေဖာအယ္ထား 4

“အားက်ရတဲ့သူေတြ အမ်ားၾကီး ရွိတယ္။ စီးပြားေရး လုပ္ျပီး ေအာင္ျမင္ေနတဲ့သူေတြ တကယ့္ကို နည္းစနစ္မွန္မွန္နဲ႔ သြားေနတဲ့ လုပ္ငန္းရွင္ေတြထဲမွာ ညီမ အားက်ရတာ အမ်ားၾကီးပဲ။ အႏုပညာနဲ႔ စီးပြားေရး ႏွစ္ဖက္လံုးကို မေလ်ာ့ေအာင္ လုပ္သြားမွာပါ။ ဝါသနာပါေတာ့ ၂ ခုလံုးက စိတ္အားထက္သန္တယ္ေပါ့။” ဆိုျပီး ေျဖၾကားသြားပါတယ္။Nanmalgyi

Unicode Version

အတွင်းရေးမှူးကင်နဲ့ တူတယ်ဆိုပြီး နာမည် ကြီးသွားတဲ့ နောဖောအယ်ထားက တက်သစ်စ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေ လက်ခံရိုက်ကူးနေသလို ခရီးထွက်ရတာလည်း ကြိုက်နှစ်သက်သူပါ။ အိန္ဒြာကျော်ဇင်တူမ မေတိုးခိုင်နဲ့ သူငယ်ချင်းတွေ ဖြစ်သလို အမြဲတမ်း တတွဲတွဲ တွေ့ရလေ့ ရှိပါတယ်။ စင်္ကာပူမှာ ဒီပလိုမာဘွဲ့ယူထားတဲ့ နော်ဖောအယ်ထားက စီးပွားရေးကို စိတ်ဝင်စားတဲ့အကြောင်း ခုလို ပြောသွားပါတယ်။

“လွန်ခဲ့တဲ့ တစ်နှစ်က ကျောင်းသွားတက်တော့ ဒီပလိုမာ ဘွဲ့လေး သွားယူခဲ့တာပါ။ စင်္ကာပူမှာ ရှိတဲ့ SHRM College မှာ ညီမ စိတ်ဝင်စားတဲ့ စီးပွားရေးပိုင်းကို သင်ယူခဲ့တာပါ။ ကျောင်းပြီးထားတာက ပြင်သစ်ဘာသာနဲ့ဆိုတော့ ကျောင်းပြီးတော့ ကိုယ် ဘာဝါသနာပါလဲ ပေါ့နော်။

စီးပွားရေးကတော့ ငယ်ငယ်တည်းက လုပ်ချင်တာပါ။ ဒါကြောင့် စီးပွားရေးနဲ့ ပတ်သက်တာကို ရွေးချယ်ခဲ့တာပါ။ အိမ်မက်တွေ အများကြီးရှိတယ်။ အားရင်တော့ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ စဉ်းစားထားပါတယ်။” လို့ ဆိုပါတယ်။

အနုပညာနဲ့ စီးပွားရေး နှစ်ဖက်လုံးကို စိတ်အားထက်သန်တဲ့အကြောင်း နော်ဖောက ခုလို မျှဝေသွားပါတယ်။

“အားကျရတဲ့သူတွေ အများကြီး ရှိတယ်။ စီးပွားရေး လုပ်ပြီး အောင်မြင်နေတဲ့သူတွေ တကယ့်ကို နည်းစနစ်မှန်မှန်နဲ့ သွားနေတဲ့ လုပ်ငန်းရှင်တွေထဲမှာ ညီမ အားကျရတာ အများကြီးပဲ။ အနုပညာနဲ့ စီးပွားရေး နှစ်ဖက်လုံးကို မလျော့အောင် လုပ်သွားမှာပါ။ ဝါသနာပါတော့ ၂ ခုလုံးက စိတ်အားထက်သန်တယ်ပေါ့။” ဆိုပြီး ဖြေကြားသွားပါတယ်။