သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားကြီးမှာ နေတိုးနဲ့အတူ သရုပ်ဆောင်ခွင့်ရလို့ ပျော်နေတဲ့ Little Missလေး သွန်းမြတ်ကြယ်စင်
သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားကြီးမှာ နေတိုးနဲ့အတူ သရုပ်ဆောင်ခွင့်ရလို့ ပျော်နေတဲ့ Little Missလေး သွန်းမြတ်ကြယ်စင် 1
သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားကြီးမှာ နေတိုးနဲ့အတူ သရုပ်ဆောင်ခွင့်ရလို့ ပျော်နေတဲ့ Little Missလေး သွန်းမြတ်ကြယ်စင် 2
သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားကြီးမှာ နေတိုးနဲ့အတူ သရုပ်ဆောင်ခွင့်ရလို့ ပျော်နေတဲ့ Little Missလေး သွန်းမြတ်ကြယ်စင် 3
သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားကြီးမှာ နေတိုးနဲ့အတူ သရုပ်ဆောင်ခွင့်ရလို့ ပျော်နေတဲ့ Little Missလေး သွန်းမြတ်ကြယ်စင် 4
Unicode Version
မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ကိုတော့ ချစ်ပရိသတ်ကြီးတို့နဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော် ။ အသက်ငယ်ငယ်လေးနဲ့ Little Miss Supranational Myanmar သရဖူဆုကို အသက် ၄ နှစ်အရွယ်လေးနဲ့ ဆွတ်ခူးရရှိထားတဲ့ အပြင်ပရိသတ်တွေရဲ့ အသည်းကျော် ချစ်စရာ သမီးလေး သွန်းမြတ်ကြယ်စင်လေးကတော့ ချစ်စရာကောင်းလွန်းတဲ့ အသည်းယားစရာ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို အမြဲ အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်နော် ။
“မိုအာနာ”လေးလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ ပရိသတ်တွေရဲ့ အသည်းကို လှုပ်ကိုင် ဆွဲဆောင်သိမ်းပိုက်ထားတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ဟာ ရန်ကုန်မှာမွေးပြီး မန္တလေးမှာ နေထိုင်သူလေးပါတဲ့နော်။သူမ အသက်ကြီးလာရင်လည်း မော်ဒယ်သရုပ်ဆောင်လုပ်မှာလို့လည်း ပြောပြထားပါတယ်။ လတ်တလောမှာတော့ Little Miss လေးဟာ ” ကျွန်တော်ရဲ့သူ ” ရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်ရိုက်ကူးမယ် လိုသိရပါတယ်။
သူမရဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင်ရိုက်ကူးကားဖြစ်တဲ့အပြင် သူမအကြိုက်ဆုံးမင်းသား နေတိုးနဲ့ရိုက်ကူးရမှာကြောင့်လည်းအရမ်းပျော်နေတယ်လို့သိရပါတယ်။ “သမီးဘဝရဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင်ရမယ့်ရုပ်ရှင်ဇာတ်ကားကြီးပါရှင့်။ ကန်တော့ပွဲနေ့လေးမှာလည်း သမီးရှိနေမှာပါရှင့် ။သမီးချစ်ရသော အနုပညာရှင်များနဲ့ အတူတူသရုပ်ဆောင်ရမှာမို့လည်း အရမ်းစိတ်လှုပ်ရှားမိနေပါတယ် အထူးသဖြင့် ဦးဦးနေတိုးနဲ့ ဖြစ်နေတဲ့အတွက် အရမ်းအရမ်းကို ဝမ်းသာဂုဏ်ယူပျော်ရွှင်မဆုံးဖြစ်နေရပါတယ်ရှင့် ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးရော Little Miss လေးရဲ့ ပထမဆွုးဇာတ်ကားကို အားပေးမ.်ဆိုရင် မှတ်ချက်ပေးခဲ့ပါဦးနော်။Celegabar