သူမချစ်တဲ့သူတွေကိုထိရင် ပါးစပ်ရော လက်နဲ့ပါ ဖြေရှင်းပေးတတ်တယ်ဆိုတဲ့ ယဉ်လတ်
သူမချစ်တဲ့သူတွေကိုထိရင် ပါးစပ်ရော လက်နဲ့ပါ ဖြေရှင်းပေးတတ်တယ်ဆိုတဲ့ ယဉ်လတ် 1
သူမချစ်တဲ့သူတွေကိုထိရင် ပါးစပ်ရော လက်နဲ့ပါ ဖြေရှင်းပေးတတ်တယ်ဆိုတဲ့ ယဉ်လတ် 2
သူမချစ်တဲ့သူတွေကိုထိရင် ပါးစပ်ရော လက်နဲ့ပါ ဖြေရှင်းပေးတတ်တယ်ဆိုတဲ့ ယဉ်လတ် 3
သူမချစ်တဲ့သူတွေကိုထိရင် ပါးစပ်ရော လက်နဲ့ပါ ဖြေရှင်းပေးတတ်တယ်ဆိုတဲ့ ယဉ်လတ် 4
သူမချစ်တဲ့သူတွေကိုထိရင် ပါးစပ်ရော လက်နဲ့ပါ ဖြေရှင်းပေးတတ်တယ်ဆိုတဲ့ ယဉ်လတ် 5
Unicode Version
စနေမ ဆိုတဲ့ ဇာတ်ကောင်စရိုက်နဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကိုစတင်ဝင်ရောက်လာခဲ့တဲ့ ဖိုက်တင်မင်းသမီးချောလေး ယဉ်လတ်ကို အားလုံးသိကြမှာပါနော်။ သူမဟာ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့မလိုက်အောင် အနာခံပြီး အကြမ်းအရမ်း ဖိုက်တင်ဇာတ်ကွက်တွေကို အနုပညာကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ လူစားမထိုးဘဲ ရိုက်တတ်တာကြောင့် ပရိတ်သတ်တွေက အချစ်ပိုအားပေးနေခဲ့ကြရတာပါနော်။
ဒီလိုမျိုး စေတနာပါတဲ့ ကြိုးစားမှုတွေကြောင့်လည်း သူမဟာ အခုအချိန်မှာဆိုရင် အသိအမှတ်အပြုခံရဖို့ခက်တဲ့ အနုပညာလောကထဲမှာ နေရညတစ်နေရာကို ထိုက်ထိုက်တန်တန်နဲ့ ပိုင်ဆိုင်နေခဲ့ရပါပြီနော်။ လက်ရှိမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားပေါင်းမျာစွာကို ရိုက်ကူးနေရတဲ့ မင်းသမီးချောလေးဖြစ်လို့နေပါပြီနော်။ ဒီလိုအရမ်းကြိုးစားတတ်တဲ့ ယဉ်လတ်လေးဟာ အခုတစ်ခါမှာတော့ သူမချစ်တဲ့ ပရိတ်သတ်တွေမသိသေးတဲ့ သူမရဲ့ အကြောင်းလေးတွေကိုပြောပြခဲ့ပါတယ်နော်။
သူမဟာ ချစ်စရာကောင်းတဲ့အပြင် ချွဲတတ်သူလေးလည်းဖြစ်ပြီးတော့ စိတ်လည်းကောက်တတ်ပါသေးတယ်တဲ့နော်။ သူမချစ်တဲ့ သူတွေကို ထိရင်တော့ သူမက ပါးစပ်ကော လက်ကောနဲ့ ဖြေရှင်းပေးတတ်သူဖြစ်ပြီးတော့ အမြဲတမ်းကတော့ ကိုယ့်ကိုယ်ကို နှိမ်ချပြီး ကြိုးစားနေတတ်သူလေးပါနော်။ ရယ်လိုက်တိုင်း ပါးလေးထက်မှာပေါ်လာတဲ့ အသည်းယားစရာ ပါးချိုင့်လေးရဲ့ ပိုင်ရှင်ယဉ်လတ်လေးဟာ ဟာသလေးတွေလည်းအပြောကောင်းသူပါပဲ။ ကဲ… ဘယ်လိုကြည့်ကြည့် လှတယ်ဆိုတာထက် ချစ်ဖို့ကောင်းလွန်းနေတဲ့ ယဉ်လတ်လေးရဲ့ အကြွေတစ်လိုင်း ပုံရိပ်လှလှလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Myanmarload
Be the first to comment
Leave a Reply
Your email address will not be published.
*