သားေလးက တျဖည္းျဖည္း သူနဲ႔ တူတာေတြမ်ားလာၿပီဆိုတဲ့ ျမင့္ျမတ္

မင္းသား စလုပ္တဲ့ အခ်ိန္ကတည္းက ပီျပင္လွတဲ့ သ႐ုပ္ေဆာင္ခ်က္ ေတြေၾကာင့္ ပရိသတ္ေတြအခိုင္အမာ ရ႐ွိထားတဲ့ မင္းသားျမင့္ျမတ္ကေတာ့ လက္႐ွိခ်ိန္ထိလည္း နာမည္မက်ေသးပဲ ေအာင္ျမင္ေနဆဲပါပဲ။ မင္းသား ျမင့္ျမတ္ကေတာ့ သူလူပ်ိဳတုန္းကလည္း ပရိသတ္ေတြ အားေပးၾကသလို လက္႐ွိမွာ မိသားစုေလးကို ပိုင္ဆိုင္ထားျပန္ေတာ့လည္း သူ႔မိသားစုေလးကိုေတာ့ ပရိသတ္ေတြ အားေပးၾကတာ ျဖစ္ပါတယ္။ ျမင့္ျမတ္ကေတာ့ သူ႔သားေလးက သူနဲ႔ တျဖည္းျဖည္းတူလာတဲ့ အေၾကာင္းကို ေျပာျပသြားတာ ျဖစ္ပါတယ္။

သားေလးက တျဖည္းျဖည္း သူနဲ႔ တူတာေတြမ်ားလာၿပီဆိုတဲ့ ျမင့္ျမတ္ 1

သားေလး ျမင့္ျမတ္နဲ႔ တူလာတဲ့ အေပၚမွာေတာ့ “ဒီေကာင္ကုိယ္တုိင္ကလည္း ခ်စ္စရာေကာင္းေနတာ ပါတာေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ တျဖည္းျဖည္းနဲ႔ တူလာၿပီ ေမြးကတည္းက စ တူတာကေတာ့ မ်က္ေမွာင္က်ံဳၿပီး ၾကည့္တာေပါ့ေနာ္။ တခုခုဆို ဘာပဲ ေျပာေျပာ မ်က္ေမွာင္ႀကီး က်ံဳၿပီးေတာ့ ဘာေတြၾကည့္ေနမွန္းလည္း မသိဘူး။ မ်က္ေမွာင္ႀကီး က်ံဳၿပီးေတာ့ ေတြးေနတာေတြ ခုေနာက္ပိုင္းဆို ပိုဆိုးပါေသးတယ္။

သားေလးက တျဖည္းျဖည္း သူနဲ႔ တူတာေတြမ်ားလာၿပီဆိုတဲ့ ျမင့္ျမတ္ 2

က်ေနာ္နဲ႔ တူတာေတြ တျဖည္းျဖည္း မ်ားလာၿပီ။ ေနာက္ၿပီး က်ေနာ္က တခုခုေတြးရင္လည္း ဆံပင္ေလးေတြကို ဆြဲၿပီးေတာ့ ေတြးေနတတ္တယ္။ သူလည္း ခုေနာက္ပိုင္းအဲ့ ဆံပင္ေလးေတြကုိ ဆြဲၿပီးေတာ့ ဘာလုပ္မွန္းမသိဘူး။ အဲ့ဒါေလးေတြကေတာ့ သူနဲ႔ က်ေနာ္ ေတာ္ေတာ့္ကို တူတဲ့ အခ်က္ေလးေတြပါ။ သူကေတာ့ ေအးေဆးပါပဲ။ စကားေတြလည္း အမ်ားႀကီး ေျပာတယ္။ နားမလည္တာပဲ ႐ွိတာ။ ခုေလာေလာဆယ္ေတာ့ သူေပ်ာ္ေနတယ္ေပါ့။ ဆရာႀကီးေလ သူက”

သားေလးက တျဖည္းျဖည္း သူနဲ႔ တူတာေတြမ်ားလာၿပီဆိုတဲ့ ျမင့္ျမတ္ 3

မိသားစုအတြက္ အခ်ိန္ေပးျဖစ္လားဆိုတဲ့ အေပၚမွာေတာ့ “ေပးျဖစ္ပါတယ္။ ဟိုးရက္ေတြတုန္းကဆို ဒီေကာင္က ေက်ာင္းတတ္ေနၿပီေလ။ သူက ၆ လ ေလာက္ကတည္းက ေက်ာင္းတတ္ေနတာ။ အဲ့ဒါ သူနဲ႔ လိုက္သြားတယ္။ သူသင္တဲ့ဟာေလးေတြကို လိုက္ကစားတယ္။ ျပန္လို႔႐ွိရင္လည္း တူတူေပါ့ေနာ္။ အထူးသျဖင့္ေတာ့ ဒီေကာင္ အိပ္ရာႏိုးတဲ့ အခ်ိန္ အဲ့လိုအခ်ိန္ေလးေတြမွာေတာ့ ဒီေကာင္နဲ႔ ေဆာ့ျဖစ္တာမ်ားတယ္”

သားေလးက တျဖည္းျဖည္း သူနဲ႔ တူတာေတြမ်ားလာၿပီဆိုတဲ့ ျမင့္ျမတ္ 4

“အားေပးေနတဲ့သူေတြကိုေတာ့ ေက်းဇူးတင္ပါတယ္။ က်ေနာ္အရင္ကေျပာတဲ့ စကားေပါ့။ အရင္တုန္းကလည္း အားေပးၾကတယ္။ က်ေနာ္ လက္႐ွိ မိန္းမယူေတာ့လည္း အားေပးၾကတယ္။ က်ေနာ့္မိန္းမကိုလည္း ခ်စ္ေပးၾကတယ္။ အခုဒီေကာင္ေရာက္လာေတာ့လည္း ဒီေကာင့္ကိုပါ ခ်စ္ေပးၾကပါလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

မင်းသား စလုပ်တဲ့ အချိန်ကတည်းက ပီပြင်လှတဲ့ သရုပ်ဆောင်ချက် တွေကြောင့် ပရိသတ်တွေအခိုင်အမာ ရရှိထားတဲ့ မင်းသားမြင့်မြတ်ကတော့ လက်ရှိချိန်ထိလည်း နာမည်မကျသေးပဲ အောင်မြင်နေဆဲပါပဲ။ မင်းသား မြင့်မြတ်ကတော့ သူလူပျိုတုန်းကလည်း ပရိသတ်တွေ အားပေးကြသလို လက်ရှိမှာ မိသားစုလေးကို ပိုင်ဆိုင်ထားပြန်တော့လည်း သူ့မိသားစုလေးကိုတော့ ပရိသတ်တွေ အားပေးကြတာ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သူ့သားလေးက သူနဲ့ တဖြည်းဖြည်းတူလာတဲ့ အကြောင်းကို ပြောပြသွားတာ ဖြစ်ပါတယ်။

သားလေး မြင့်မြတ်နဲ့ တူလာတဲ့ အပေါ်မှာတော့ “ဒီကောင်ကိုယ်တိုင်ကလည်း ချစ်စရာကောင်းနေတာ ပါတာပေါ့နော်။ တော်တော်များများကတော့ တဖြည်းဖြည်းနဲ့ တူလာပြီ မွေးကတည်းက စ တူတာကတော့ မျက်မှောင်ကျုံပြီး ကြည့်တာပေါ့နော်။ တခုခုဆို ဘာပဲ ပြောပြော မျက်မှောင်ကြီး ကျုံပြီးတော့ ဘာတွေကြည့်နေမှန်းလည်း မသိဘူး။ မျက်မှောင်ကြီး ကျုံပြီးတော့ တွေးနေတာတွေ ခုနောက်ပိုင်းဆို ပိုဆိုးပါသေးတယ်။

ကျနော်နဲ့ တူတာတွေ တဖြည်းဖြည်း များလာပြီ။ နောက်ပြီး ကျနော်က တခုခုတွေးရင်လည်း ဆံပင်လေးတွေကို ဆွဲပြီးတော့ တွေးနေတတ်တယ်။ သူလည်း ခုနောက်ပိုင်းအဲ့ ဆံပင်လေးတွေကို ဆွဲပြီးတော့ ဘာလုပ်မှန်းမသိဘူး။ အဲ့ဒါလေးတွေကတော့ သူနဲ့ ကျနော် တော်တော့်ကို တူတဲ့ အချက်လေးတွေပါ။ သူကတော့ အေးဆေးပါပဲ။ စကားတွေလည်း အများကြီး ပြောတယ်။ နားမလည်တာပဲ ရှိတာ။ ခုလောလောဆယ်တော့ သူပျော်နေတယ်ပေါ့။ ဆရာကြီးလေ သူက”

မိသားစုအတွက် အချိန်ပေးဖြစ်လားဆိုတဲ့ အပေါ်မှာတော့ “ပေးဖြစ်ပါတယ်။ ဟိုးရက်တွေတုန်းကဆို ဒီကောင်က ကျောင်းတတ်နေပြီလေ။ သူက ၆ လ လောက်ကတည်းက ကျောင်းတတ်နေတာ။ အဲ့ဒါ သူနဲ့ လိုက်သွားတယ်။ သူသင်တဲ့ဟာလေးတွေကို လိုက်ကစားတယ်။ ပြန်လို့ရှိရင်လည်း တူတူပေါ့နော်။ အထူးသဖြင့်တော့ ဒီကောင် အိပ်ရာနိုးတဲ့ အချိန် အဲ့လိုအချိန်လေးတွေမှာတော့ ဒီကောင်နဲ့ ဆော့ဖြစ်တာများတယ်”

“အားပေးနေတဲ့သူတွေကိုတော့ ကျေးဇူးတင်ပါတယ်။ ကျနော်အရင်ကပြောတဲ့ စကားပေါ့။ အရင်တုန်းကလည်း အားပေးကြတယ်။ ကျနော် လက်ရှိ မိန်းမယူတော့လည်း အားပေးကြတယ်။ ကျနော့်မိန်းမကိုလည်း ချစ်ပေးကြတယ်။ အခုဒီကောင်ရောက်လာတော့လည်း ဒီကောင့်ကိုပါ ချစ်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi