သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သတ္ၿပီး လုိအပ္ခ်က္ေတြ ေထာက္ျပေပးသူေတြကို ေက်းဇူးတင္တယ္ဆိုတဲ့ ေရႊထူး

နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ေရႊထူးဟာ ေတးေရး၊ ေတးဆိုတစ္ဦးအျဖစ္ ေအာင္ျမင္စြာ ရပ္တည္ေနနိုင္ခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရိွထားတာ ျဖစ္ပါတယ္။ ေရႊထူးက အခုဆိုရင္ သီခ်င္းဆိုျခင္းအျပင္ ရုပ္ရွင္သရုပ္ေဆာင္တစ္ေယာက္ အျဖစ္ပါ ရပ္တည္ေနျပီ ျဖစ္ပါတယ္။ ေရႊထူးက လက္ရိွမွာလည္း အနုပညာလုပ္ငန္းေတြကို လုပ္ကိုင္ရင္း ဇနီးေခ်ာေလး ေရႊမႈံရတီနဲ့အတူတူ သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္သည္ဘဝေလးကို တည္ေဆာက္ေနလ်က္ရိွပါတယ္။

သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သတ္ၿပီး လုိအပ္ခ်က္ေတြ ေထာက္ျပေပးသူေတြကို ေက်းဇူးတင္တယ္ဆိုတဲ့ ေရႊထူး 1

ေရႊထူးက သူ့ရဲ့ ဒုတိယေျမာက္ ရုပ္ရွင္ဇာတ္ကားၾကီးကို ရံုတင္ျပသေနတဲ့အတြက္ ပရိသတ္ေတြရဲ့ ေဝဖန္မႈေတြကို နားေထာင္ရင္း ေတာ္ေတာ္ေလး ရင္ခုန္ေနတဲ့ ပံုပါပဲ။ အဆိုေတာ္တစ္ဦးျဖစ္ေပမယ့္ သရုပ္ေဆာင္ပါေကာင္းမြန္တဲ့ ေရႊထူးကို ပရိသတ္ေတြကလည္း တစ္ခဲနက္ အားေပးၾကတယ္လုိ့ သိရပါတယ္။

သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သတ္ၿပီး လုိအပ္ခ်က္ေတြ ေထာက္ျပေပးသူေတြကို ေက်းဇူးတင္တယ္ဆိုတဲ့ ေရႊထူး 2

ေရႊထူးက “ကြၽန္ေတာ္အမ်ားႀကီးႀကိဳးစားဦးမယ္ဗ်ာ… လိုအပ္ခ်က္မ်ားကိုေထာက္ျပေပးတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကို ေလးစားစြာျဖင့္ေက်းဇူးတင္ပါတယ္ခင္ဗ်ာ… 🙏 ေလးစားလ်က္ ေရႊထူး” ဆိုျပီး ေက်းဇူးတင္စကားေျပာထားတာကို ေတြ့ရပါတယ္။

သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သတ္ၿပီး လုိအပ္ခ်က္ေတြ ေထာက္ျပေပးသူေတြကို ေက်းဇူးတင္တယ္ဆိုတဲ့ ေရႊထူး 3

ေရႊထူးပါဝင္ သရုပ္ေဆာင္ထားတဲ့ “ဒ႑ာရီမိုး” ရုပ္ရွင္ဇာတ္ကားၾကီးက အခုဆိုရင္ ရံုတင္ျပသေနလ်က္ရိွျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ခဲနက္ ရရိွေနလ်က္ရိွပါတယ္။ ေရႊထူးက မၾကာခင္မွာလည္း သူ့ရဲ့ တတိယေျမာက္ ရုပ္ရွင္ဇာတ္ကားၾကီးကို ေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ ထူးေအာင္တို့နဲ့အတူတူ သရုပ္ေဆာင္မွာပဲ ျဖစ္ပါတယ္။

သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သတ္ၿပီး လုိအပ္ခ်က္ေတြ ေထာက္ျပေပးသူေတြကို ေက်းဇူးတင္တယ္ဆိုတဲ့ ေရႊထူး 4

ေရႊထူးပါဝင္သရုပ္ေဆာင္ထားတဲ့ “ပက္ပက္စက္စက္ညိွဳ႕” နဲ႔ “ဧည့္သည္” ရုပ္ရွင္ဇာတ္ကားၾကီးေတြကလည္း ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း “ဒ႑ာရီမိုး” ရုပ္ရွင္ဇာတ္ကားၾကီး အခိ်န္ရရင္ သြားၾကည့္ျပီး ေရႊထူးရဲ႕သရုပ္ေဆာင္ခ်က္ေလးေတြကို ေဝဖန္အၾကံျပုေပးခဲ့ၾကပါဦးေနာ္။ Momolay

Unicode Version

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးဟာ တေးရေး၊ တေးဆိုတစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်နေနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ရွှေထူးက အခုဆိုရင် သီချင်းဆိုခြင်းအပြင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် အဖြစ်ပါ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ရွှေထူးက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ဇနီးချောလေး ရွှေမှုံရတီနဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်နေလျက်ရှိပါတယ်။

ရွှေထူးက သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနေတဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို နားထောင်ရင်း တော်တော်လေး ရင်ခုန်နေတဲ့ ပုံပါပဲ။ အဆိုတော်တစ်ဦးဖြစ်ပေမယ့် သရုပ်ဆောင်ပါကောင်းမွန်တဲ့ ရွှေထူးကို ပရိသတ်တွေကလည်း တစ်ခဲနက် အားပေးကြတယ်လို့ သိရပါတယ်။

ရွှေထူးက “ကျွန်တော်အများကြီးကြိုးစားဦးမယ်ဗျာ… လိုအပ်ချက်များကိုထောက်ပြပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လေးစားစွာဖြင့်ကျေးဇူးတင်ပါတယ်ခင်ဗျာ… 🙏 လေးစားလျက် ရွှေထူး” ဆိုပြီး ကျေးဇူးတင်စကားပြောထားတာကို တွေ့ရပါတယ်။

ရွှေထူးပါဝင် သရုပ်ဆောင်ထားတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးက အခုဆိုရင် ရုံတင်ပြသနေလျက်ရှိပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိနေလျက်ရှိပါတယ်။ ရွှေထူးက မကြာခင်မှာလည်း သူ့ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင်တို့နဲ့အတူတူ သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

ရွှေထူးပါဝင်သရုပ်ဆောင်ထားတဲ့ “ပက်ပက်စက်စက်ညှို့” နဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီး အချိန်ရရင် သွားကြည့်ပြီး ရွှေထူးရဲ့သရုပ်ဆောင်ချက်လေးတွေကို ဝေဖန်အကြံပြုပေးခဲ့ကြပါဦးနော်။ Momolay