သက္ငယ္မုဒိမ္းမႈေတြမ်ားေနတာဟာ ႏုိင္ငံအတြက္လည္း ရုပ္ဆုိးသလုိ၊ ဘာသာေရးအတြက္ ရုပ္ဆုိးေစပါတယ္ ဆိုတဲ့ ရဲေလးမ

ရဲေလးမဟာ သက္ငယ္မုဒိမ္းမႈနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ေတြကုိ အခုလုိ ရင္ဖြင့္ေျပာျပလာပါတယ္။ ဗုဒၶဘာသာႏုိင္ငံျဖစ္တာေၾကာင့္ ဒီကိစၥရပ္ေတြဟာ အရမ္းကုိ အက်ည္းတန္လြန္းတယ္လုိ႔ဆုိပါတယ္။ဟာသသရုပ္ေဆာင္ တစ္ဦးျဖစ္သူ ရဲေလးမက လက္ရွိျဖစ္ေပၚေနတဲ့ သက္ငယ္မုဒိမ္းနဲ႔ပတ္သက္ၿပီး သမီးေလးဗစ္တုိးရီးယားအတြက္ စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။ ဒီ့အတြက္ က်ဴးလြန္သူကုိ ထိေရာက္တဲ့ ျပစ္ဒဏ္ေပးေစခ်င္ၿပီလုိ႔လည္း မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

သက္ငယ္မုဒိမ္းမႈေတြမ်ားေနတာဟာ ႏုိင္ငံအတြက္လည္း ရုပ္ဆုိးသလုိ၊ ဘာသာေရးအတြက္ ရုပ္ဆုိးေစပါတယ္ ဆိုတဲ့ ရဲေလးမ 1

‘’အျဖစ္ခံရတဲ့ သမီးေလးအတြက္ကလည္း စိတ္မေကာင္းဘူး။ ဒါဟာ တစ္ႏုိင္ငံလုံးခံစားေနရတဲ့ ဒုကၡပါ။ ဒါေပမယ့္ အစ္ကုိတုိ႔က ဥပေဒအေၾကာင္းအရာေတြကုိ နားမလည္ပါဘူး။ ဒါေပမယ့္ တကယ္ တရားခံအစစ္အမွန္ကုိ ေဖာ္ထုတ္ၿပီးေတာ့ အေရးယူမယ္ဆုိရင္လည္း ထိထိေရာက္ေရာက္ အေရးယူေစခ်င္တယ္။ ေနာက္ဆုိ ဒီလုိ သက္ငယ္မုဒိမ္းေတြ ျဖစ္လာမွာ မဟုတ္ေတာ့ဘူး’’ လုိ႔ သူကဆုိပါတယ္။

သက္ငယ္မုဒိမ္းမႈေတြမ်ားေနတာဟာ ႏုိင္ငံအတြက္လည္း ရုပ္ဆုိးသလုိ၊ ဘာသာေရးအတြက္ ရုပ္ဆုိးေစပါတယ္ ဆိုတဲ့ ရဲေလးမ 2

ဒီအမႈနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြအေနနဲ႔ အားမလုိ အားမရျဖစ္ေနၾကတယ္လုိ႔လည္း ရဲေလးမက ေျပာပါတယ္။ ဒါေပမယ့္ တရားခံ အစစ္အမွန္ေပၚလာမယ္ဆုိတာ ယုံၾကည္တယ္လုိ႔လည္း သူကေျပာပါတယ္။‘’ ကာယကံရွင္ကလည္း ကေလး ကေလးကလည္း ဘာမွ မေျပာတတ္ဘူး။ အစ္ကုိတုိ႔ထက္ သိတဲ့၊ တတ္ကၽြမ္းတဲ့ CID က ရဲအရာရွိႀကီးေတြ ေဖာ္ထုတ္တာျဖစ္တဲ့အတြက္ အေကာင္းဆုံး ျဖစ္လာမွာပါ။ လတ္တေလာ တရားခံဖမ္းထားတဲ့ ကိစၥမွာ ပရိသတ္ေတြနဲ႔ ပဋိပကၡေလးေတြရွိရင္ရွိမယ္ ဒါေပမယ့္ အေကာင္းဆုံးအေျဖရမယ္လုိ ႔ေတာ့ ရဲေလးမ ယုံၾကည္ပါတယ္’’ လုိ႔ ဇူလုိင္လ ၇ ရက္ေန႔က ‘’ႏွစ္ပါးသြား Update’’ ရုပ္ရွင္အထူးျပပြဲကုိ တက္ေရာက္ရင္း ေျဖဆုိခဲ့တာပါ။

သက္ငယ္မုဒိမ္းမႈေတြမ်ားေနတာဟာ ႏုိင္ငံအတြက္လည္း ရုပ္ဆုိးသလုိ၊ ဘာသာေရးအတြက္ ရုပ္ဆုိးေစပါတယ္ ဆိုတဲ့ ရဲေလးမ 3

ရဲေလးမ က အခုလုိ ကိစၥရပ္မ်ဳိးေတြဟာ ဗုဒၶဘာသာကုိးကြယ္တ့ဲႏုိင္ငံျဖစ္တဲ့အတြက္ အရမ္းကုိ အက်ည္းတန္လြန္းတယ္လုိ႔ သူကဆိုပါတယ္။‘’ အစ္ကိုတုိ႔ အခု တုိးတက္ေနတဲ့ေခတ္ႀကီးမွာ Sex ကိစၥနဲ႔ပတ္သက္ၿပီး မခဲယင္းပါဘူး။ အစ္ကုိတုိ႔ ျမန္မာႏုိင္ငံမွာလည္း တုိးတက္ေနတဲ့ေခတ္ႀကီးမွာ ဘာျဖစ္လုိ႔မ်ား အရြယ္မေရာက္ေသးတဲ့ ကေလးေတြကုိမွ ဒုကၡေပးခ်င္ရတာလဲ။ ျဖစ္ခ်င္တယ္ဆုိရင္လည္း အဲဒီ စိတ္ေလးေတြ ထိန္းၾကပါ။ ဗုဒၶဘာသာ ျမန္မာႏုိင္ငံျဖစ္တဲ့အတြက္ ဒီလုိဟာႀကီးက အက်ဥ္းတန္ေစတယ္။ ႏုိင္ငံအတြက္လည္း ရုပ္ဆုိးသလုိ၊ ဘာသာေရးအတြက္ ရုပ္ဆုိးေစပါတယ္’’ ဆုိၿပီးေတာ့ ဆက္လက္ေျပာျပခဲ့ပါတယ္။

သက္ငယ္မုဒိမ္းမႈေတြမ်ားေနတာဟာ ႏုိင္ငံအတြက္လည္း ရုပ္ဆုိးသလုိ၊ ဘာသာေရးအတြက္ ရုပ္ဆုိးေစပါတယ္ ဆိုတဲ့ ရဲေလးမ 4

ရဲေလးမကုိေတာ့ ဇာတ္ပုိ႔ဇာတ္ရံတစ္ဦးအျဖစ္ ပရိသတ္ေတြ သတိထားမိမွာပါ။ ခ်စ္စရာေကာင္းတဲ့ အေျခာက္ဇာတ္ရုပ္ေတြ ပီျပင္လြန္းတာ ေၾကာင့္လည္း ပရိသတ္အခ်စ္ကုိ ရရွိပုိင္ဆုိင္ေနတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေနရ တာလည္း ျဖစ္ပါတယ္။

Unicode Version

ရဲလေးမဟာ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တာကြောင့် ဒီကိစ္စရပ်တွေဟာ အရမ်းကို အကျည်းတန်လွန်းတယ်လို့ဆိုပါတယ်။ဟာသသရုပ်ဆောင် တစ်ဦးဖြစ်သူ ရဲလေးမက လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး သမီးလေးဗစ်တိုးရီးယားအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီ့အတွက် ကျူးလွန်သူကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးစေချင်ပြီလို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’အဖြစ်ခံရတဲ့ သမီးလေးအတွက်ကလည်း စိတ်မကောင်းဘူး။ ဒါဟာ တစ်နိုင်ငံလုံးခံစားနေရတဲ့ ဒုက္ခပါ။ ဒါပေမယ့် အစ်ကိုတို့က ဥပဒေအကြောင်းအရာတွေကို နားမလည်ပါဘူး။ ဒါပေမယ့် တကယ် တရားခံအစစ်အမှန်ကို ဖော်ထုတ်ပြီးတော့ အရေးယူမယ်ဆိုရင်လည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်။ နောက်ဆို ဒီလို သက်ငယ်မုဒိမ်းတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး’’ လို့ သူကဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ အားမလို အားမရဖြစ်နေကြတယ်လို့လည်း ရဲလေးမက ပြောပါတယ်။ ဒါပေမယ့် တရားခံ အစစ်အမှန်ပေါ်လာမယ်ဆိုတာ ယုံကြည်တယ်လို့လည်း သူကပြောပါတယ်။‘’ ကာယကံရှင်ကလည်း ကလေး ကလေးကလည်း ဘာမှ မပြောတတ်ဘူး။ အစ်ကိုတို့ထက် သိတဲ့၊ တတ်ကျွမ်းတဲ့ CID က ရဲအရာရှိကြီးတွေ ဖော်ထုတ်တာဖြစ်တဲ့အတွက် အကောင်းဆုံး ဖြစ်လာမှာပါ။ လတ်တလော တရားခံဖမ်းထားတဲ့ ကိစ္စမှာ ပရိသတ်တွေနဲ့ ပဋိပက္ခလေးတွေရှိရင်ရှိမယ် ဒါပေမယ့် အကောင်းဆုံးအဖြေရမယ်လို့တော့ ရဲလေးမ ယုံကြည်ပါတယ်’’ လို့ ဇူလိုင်လ ၇ ရက်နေ့က ‘’နှစ်ပါးသွား Update’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ရဲလေးမ က အခုလို ကိစ္စရပ်မျိုးတွေဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အတွက် အရမ်းကို အကျည်းတန်လွန်းတယ်လို့ သူကဆိုပါတယ်။‘’ အစ်ကိုတို့ အခု တိုးတက်နေတဲ့ခေတ်ကြီးမှာ Sex ကိစ္စနဲ့ပတ်သက်ပြီး မခဲယင်းပါဘူး။ အစ်ကိုတို့ မြန်မာနိုင်ငံမှာလည်း တိုးတက်နေတဲ့ခေတ်ကြီးမှာ ဘာဖြစ်လို့များ အရွယ်မရောက်သေးတဲ့ ကလေးတွေကိုမှ ဒုက္ခပေးချင်ရတာလဲ။ ဖြစ်ချင်တယ်ဆိုရင်လည်း အဲဒီ စိတ်လေးတွေ ထိန်းကြပါ။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်တဲ့အတွက် ဒီလိုဟာကြီးက အကျဉ်းတန်စေတယ်။ နိုင်ငံအတွက်လည်း ရုပ်ဆိုးသလို၊ ဘာသာရေးအတွက် ရုပ်ဆိုးစေပါတယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရ တာလည်း ဖြစ်ပါတယ်။