ဝါဝါဝင်းရွှေရဲ့ ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ် သည် မနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားခဲ့
ဝါဝါဝင်းရွှေရဲ့ ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ် သည် မနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားခဲ့ 1
ဝါဝါဝင်းရွှေရဲ့ ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ် သည် မနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားခဲ့ 2
ဝါဝါဝင်းရွှေရဲ့ ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ် သည် မနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားခဲ့ 3
ဝါဝါဝင်းရွှေရဲ့ ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ် သည် မနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားခဲ့ 4
ဝါဝါဝင်းရွှေရဲ့ ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ် သည် မနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားခဲ့ 5
ဝါဝါဝင်းရွှေရဲ့ ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ် သည် မနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားခဲ့ 6
Unicode Version
ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါမှာ အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်တွေရဲ့ အသည်းစွဲမင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီဝါ၀ါဝင်းရွှေကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိနေဆဲဖြစ်ပါတယ်။၀ါ၀ါဝင်းရွှေနဲ့ ချစ်ခင်ပွန်း မင်းသားကြီး သန်းထွဋ်တို့ကလည်း ဟိုးအရင်တုန်းက အရမ်းလိုက်ဖက်ညီခဲ့ပြီး ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးပါနော်။၀ါ၀ါဝင်းရွှေတို့ ဇနီးမောင်နှံက သဘောကောင်းဖော်ရွေကြတဲ့ သူတွေဖြစ်လို့ လူချစ်လူခင်လည်း ပေါများခဲ့ပါတယ်နော်။
ဒီနေ့ဒီအချိန်ထိ သစ္စာမပျက်ဘဲ အချစ်တွေတိုးပြီး ပေါင်းသင်းလာကြတဲ့ ၀ါ၀ါဝင်းရွှေတို့ ဇနီးမောင်နှံရဲ့ စိတ်မကောင်းဖြစ်စရာသတင်းကို မနေ့ကညကပဲသိခဲ့ရပါတယ်။၀ါ၀ါဝင်းရွှေရဲ့ ချစ်ခင်ပွန်း မင်းသားကြီး သန်းထွဋ်ကတော့ ပန်းလှိုင်ဆေးရုံမှာပဲ မနေ့ည 7:12က ကွယ်လွန်သွားခဲ့တာဖြစ်ရပါတယ်။ပရိသတ်တွေနဲ့အတူ မိတ်ဆွေအပေါင်းအသင်းတွေကလည်း စိတ်မကောင်းခြင်းများစွာဖြစ်ရပြီး မိသားစုနဲ့ထပ်တူဝမ်းနည်းခဲ့ရပါတယ်နော်။
အဆိုတော်စန္ဒီမြင့်လွင်နဲ့ ခွန်းဆင့်နေခြည်တို့ကလည်း အန်တီဝါ၀ါဝင်းရွှေတို့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ် ဆိုတဲ့ စာသားလေးကို ရေးသားထားခဲ့ကြပါတယ်။အန်တီဝါ၀ါဝင်းရွှေကတော့”ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ် သည်ယနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားပါကြောင်း”ဆိုပြီး စာသားလေးကို ရေးတင်ထားခဲ့ပါတယ်နော်။ပရိသတ်တွေလည်း အန်တီဝါတို့ မိသားစုနဲ့ စိတ်မကောင်းခြင်းများစွာကို ထပ်တူခံစားခဲ့ကြရပါတယ်နော်။Myanmarload