ဝန္းႀကီးေနရာက သရုပ္ေဆာင္ၿပီး ေျပာင္ေျမာက္လွတဲ့ စကားလံုးေတြေၾကာင့္ လန္႔ေနရတယ္ဆိုတဲ့ ေနထက္လင္း

ဒါရိုက္တာ စတီးလ္ (ေဒြးေမတၱာ) ပံုေဖာ္ ရိုက္ကူးတဲ့ ‘ႏိုင္ငံၾကီးသား’ ရုပ္ရွင္ကားၾကီးကေတာ့ မၾကာမီ ပိတ္ကားထက္ေပၚ ေရာက္ရွိလာေတာ့မွာပါ။ ေခတ္စနစ္တစ္ခုရဲ႕ ပံုရိပ္ကို ထင္ဟပ္ေအာင္ ရိုက္ကူးတဲ့ ဒီရုပ္ရွင္ကားထဲမွာ ေနတိုး ၊ မင္းေမာ္ကြန္း ၊ ထြန္းထြန္း ၊ ေနထက္လင္း ၊ ဇင္ဝိုင္း ၊ ေမာင္သီ စတဲ့ ဝါရင့္သရုပ္ေဆာင္ေတြနဲ႔အတူ အျခားေသာ အႏုပညာရွင္မ်ားစြာ ပါဝင္ထားပါတယ္။ ႏိုင္ငံၾကီးသား ရုပ္ရွင္ကားၾကီးက သရုပ္ေဆာင္ မင္းေသြးရဲ႕ အႏုပညာကို ေနာက္ဆံုးျမင္ေတြ႕ခြင့္ရမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဝန္ၾကီးေနရာမွာ အေျပာင္ေျမာက္ဆံုး သရုပ္ေဆာင္ခဲ့ျပီး စကားလံုးေတြ ထိမိလြန္းလို႔ လန္႔ေနရေၾကာင္းကိုေတာ့ သရုပ္ေဆာင္ ေနထက္လင္းက အင္တာဗ်ဴးမွာ ခုလို ရင္ဖြင့္သြားပါတယ္။

ဝန္းႀကီးေနရာက သရုပ္ေဆာင္ၿပီး ေျပာင္ေျမာက္လွတဲ့ စကားလံုးေတြေၾကာင့္ လန္႔ေနရတယ္ဆိုတဲ့ ေနထက္လင္း 1

“ဒီကားထဲမွာ ကၽြန္ေတာ္က ဝန္ၾကီးတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ရတယ္။ ဝန္ၾကီးတစ္ေယာက္ရဲ႕ ကာရိုက္တာေတြ သူ႔ရဲ႕ လုပ္ပိုင္ခြင့္ေတြကို သရုပ္ေဆာင္ရတာပါ။ ဒုိင္ယာေလာခ့္ေတြက ေတာ္ေတာ္မိုက္တယ္။ ဇာတ္ညႊန္းဇာတ္လမ္းကေတာ္ေတာ္မိုက္တယ္။ ရိုက္တဲ့ ဒါရိုက္တာကလည္း သတၱိရွိတယ္ ရိုက္ရဲတယ္။ ထုတ္တဲ့ ဒါရိုက္တာကလည္း ရိုက္ရဲတယ္ေပါ့ေနာ္။” လို႔ ဆိုပါတယ္။

ဝန္းႀကီးေနရာက သရုပ္ေဆာင္ၿပီး ေျပာင္ေျမာက္လွတဲ့ စကားလံုးေတြေၾကာင့္ လန္႔ေနရတယ္ဆိုတဲ့ ေနထက္လင္း 2

ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ လက္ခံတဲ့ ဇာတ္လမ္းျဖစ္ေၾကာင္းကိုလည္း ေနထက္လင္းက ခုလို ေျပာျပသြားပါတယ္။“ဒီလိုကားၾကီးကို အေမစုကိုယ္တိုင္က ဒါရိုက္တာ ဘယ္သူလဲ။ ရည္ရြယ္ခ်က္ ဘာလို႔ရိုက္တာလဲဆိုျပီး အေမးခံရတဲ့ ကားမ်ိဳး။ အဲ့တုန္းက ကၽြန္ေတာ္ အရမ္းဝမ္းသာတယ္။ ေပၚလစီေခါင္းေဆာင္ၾကီးက ဖတ္ျပီးလို႔ ဒီဇာတ္လမ္းကို ေမးတာဆိုေတာ့ အရမ္းဝမ္းသာတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။ဝန္ၾကီး ကာရိုက္တာအတြက္ သရုပ္ေဆာင္ရာမွာ အခက္အခဲ မရွိေၾကာင္းကိုလည္း ေနထက္လင္းက ခုလို ေျပာျပသြားပါတယ္။

ဝန္းႀကီးေနရာက သရုပ္ေဆာင္ၿပီး ေျပာင္ေျမာက္လွတဲ့ စကားလံုးေတြေၾကာင့္ လန္႔ေနရတယ္ဆိုတဲ့ ေနထက္လင္း 3

“အဓိကက ကၽြန္ေတာ္က အေရးအခင္းကာလတည္းက ဒီႏိုင္ငံကို ဘယ္လိုဖြဲ႔စည္းတည္ေထာင္ခဲ့တယ္ဆိုတာ ေတာက္ေလွ်ာက္ သတင္းစာ ဖတ္တဲ့ေကာင္ဆိုေတာ့ သူတို႔ေနတာထိုင္တာ စားတာေသာက္တာ ျပီးေတာ့ အရင္က ဒီလူေတြနဲ႔လည္း စကားေျပာဖူးပါတယ္။ ဘုရားတည္တာလုပ္တုန္းက သူတို႔နဲ႔ အျမဲေတြ႕တိုင္းေလ့လာတယ္။ တစ္ဖက္က အႏုပညာလုပ္ရင္း တစ္ဖက္က ႏိုင္ငံေရးကို ေလ့လာထားတာဆိုေတာ့ သိပ္ျပီး အခက္အခဲ မရွိပါဘူး။” လို႔ ဆိုပါတယ္။

ဝန္းႀကီးေနရာက သရုပ္ေဆာင္ၿပီး ေျပာင္ေျမာက္လွတဲ့ စကားလံုးေတြေၾကာင့္ လန္႔ေနရတယ္ဆိုတဲ့ ေနထက္လင္း 4

ရုပ္ရွင္ကားနဲ႔ ပတ္သက္ျပီး လန္႔ရတဲ့ အေၾကာင္းရင္းမွန္ကိုလည္း ေနထက္လင္းက ခုလို ရွင္းျပသြားပါတယ္။“တကယ္သရုပ္ေဆာင္တဲ့အခါက်ေတာ့ ဒီကားကို ဆင္ဆာမွ ေပးပါ့မလား။ ဒီကားမွာ စကားေတြက အရမ္းေျပာင္ေျမာက္တယ္ အရမ္းလွတယ္ ဆိုေတာ့ေလ အဲ့ဒါေလး တစ္ခ်က္လန္႔တယ္။ ကိုယ္သရုပ္ေဆာင္တာ မေျပာင္ေျမာက္မွာ မလန္႔ဘူး။ ရီဟာဇယ္ အၾကိမ္ၾကိမ္လုပ္ျပီး အိုေကတယ္ဆိုမွ ကၽြန္ေတာ္ သရုပ္ေဆာင္တာ။ ေခတ္စနစ္တစ္ခုက ဘယ္ေလာက္ကို ဆိုးရြားေနတယ္ဆိုတာကို ျပသဖို႔ ဒီကားမ်ိဳး ႏွစ္ကားသံုးကားေလာက္ ကၽြန္ေတာ္ ရိုက္ျပခ်င္ေသးတာပါ။” ဆိုျပီး ေျပာျပသြားပါတယ္။ႏို္င္ငံၾကီးသား ရုပ္ရွင္ကားၾကီးကို ၾသဂုတ္လ ၈ ရက္ေန႔မွာ ရံုတင္ျပသသြားမွာ ျဖစ္ပါတယ္။Nanmalgyi

Unicode Version

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ပုံဖော် ရိုက်ကူးတဲ့ ‘နိုင်ငံကြီးသား’ ရုပ်ရှင်ကားကြီးကတော့ မကြာမီ ပိတ်ကားထက်ပေါ် ရောက်ရှိလာတော့မှာပါ။ ခေတ်စနစ်တစ်ခုရဲ့ ပုံရိပ်ကို ထင်ဟပ်အောင် ရိုက်ကူးတဲ့ ဒီရုပ်ရှင်ကားထဲမှာ နေတိုး ၊ မင်းမော်ကွန်း ၊ ထွန်းထွန်း ၊ နေထက်လင်း ၊ ဇင်ဝိုင်း ၊ မောင်သီ စတဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ အခြားသော အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ နိုင်ငံကြီးသား ရုပ်ရှင်ကားကြီးက သရုပ်ဆောင် မင်းသွေးရဲ့ အနုပညာကို နောက်ဆုံးမြင်တွေ့ခွင့်ရမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဝန်ကြီးနေရာမှာ အပြောင်မြောက်ဆုံး သရုပ်ဆောင်ခဲ့ပြီး စကားလုံးတွေ ထိမိလွန်းလို့ လန့်နေရကြောင်းကိုတော့ သရုပ်ဆောင် နေထက်လင်းက အင်တာဗျူးမှာ ခုလို ရင်ဖွင့်သွားပါတယ်။

“ဒီကားထဲမှာ ကျွန်တော်က ဝန်ကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရတယ်။ ဝန်ကြီးတစ်ယောက်ရဲ့ ကာရိုက်တာတွေ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို သရုပ်ဆောင်ရတာပါ။ ဒိုင်ယာလောခ့်တွေက တော်တော်မိုက်တယ်။ ဇာတ်ညွှန်းဇာတ်လမ်းကတော်တော်မိုက်တယ်။ ရိုက်တဲ့ ဒါရိုက်တာကလည်း သတ္တိရှိတယ် ရိုက်ရဲတယ်။ ထုတ်တဲ့ ဒါရိုက်တာကလည်း ရိုက်ရဲတယ်ပေါ့နော်။” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံတဲ့ ဇာတ်လမ်းဖြစ်ကြောင်းကိုလည်း နေထက်လင်းက ခုလို ပြောပြသွားပါတယ်။“ဒီလိုကားကြီးကို အမေစုကိုယ်တိုင်က ဒါရိုက်တာ ဘယ်သူလဲ။ ရည်ရွယ်ချက် ဘာလို့ရိုက်တာလဲဆိုပြီး အမေးခံရတဲ့ ကားမျိုး။ အဲ့တုန်းက ကျွန်တော် အရမ်းဝမ်းသာတယ်။ ပေါ်လစီခေါင်းဆောင်ကြီးက ဖတ်ပြီးလို့ ဒီဇာတ်လမ်းကို မေးတာဆိုတော့ အရမ်းဝမ်းသာတယ်။” ဆိုပြီး ပြောပြသွားပါတယ်။ဝန်ကြီး ကာရိုက်တာအတွက် သရုပ်ဆောင်ရာမှာ အခက်အခဲ မရှိကြောင်းကိုလည်း နေထက်လင်းက ခုလို ပြောပြသွားပါတယ်။

“အဓိကက ကျွန်တော်က အရေးအခင်းကာလတည်းက ဒီနိုင်ငံကို ဘယ်လိုဖွဲ့စည်းတည်ထောင်ခဲ့တယ်ဆိုတာ တောက်လျှောက် သတင်းစာ ဖတ်တဲ့ကောင်ဆိုတော့ သူတို့နေတာထိုင်တာ စားတာသောက်တာ ပြီးတော့ အရင်က ဒီလူတွေနဲ့လည်း စကားပြောဖူးပါတယ်။ ဘုရားတည်တာလုပ်တုန်းက သူတို့နဲ့ အမြဲတွေ့တိုင်းလေ့လာတယ်။ တစ်ဖက်က အနုပညာလုပ်ရင်း တစ်ဖက်က နိုင်ငံရေးကို လေ့လာထားတာဆိုတော့ သိပ်ပြီး အခက်အခဲ မရှိပါဘူး။” လို့ ဆိုပါတယ်။

ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး လန့်ရတဲ့ အကြောင်းရင်းမှန်ကိုလည်း နေထက်လင်းက ခုလို ရှင်းပြသွားပါတယ်။“တကယ်သရုပ်ဆောင်တဲ့အခါကျတော့ ဒီကားကို ဆင်ဆာမှ ပေးပါ့မလား။ ဒီကားမှာ စကားတွေက အရမ်းပြောင်မြောက်တယ် အရမ်းလှတယ် ဆိုတော့လေ အဲ့ဒါလေး တစ်ချက်လန့်တယ်။ ကိုယ်သရုပ်ဆောင်တာ မပြောင်မြောက်မှာ မလန့်ဘူး။ ရီဟာဇယ် အကြိမ်ကြိမ်လုပ်ပြီး အိုကေတယ်ဆိုမှ ကျွန်တော် သရုပ်ဆောင်တာ။ ခေတ်စနစ်တစ်ခုက ဘယ်လောက်ကို ဆိုးရွားနေတယ်ဆိုတာကို ပြသဖို့ ဒီကားမျိုး နှစ်ကားသုံးကားလောက် ကျွန်တော် ရိုက်ပြချင်သေးတာပါ။” ဆိုပြီး ပြောပြသွားပါတယ်။နိုင်ငံကြီးသား ရုပ်ရှင်ကားကြီးကို သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*