လူ ၃ ဦးေသဆံုးခဲ့တဲ့ ယေန႔နံနက္ အျမန္လမ္းယာဥ္တိမ္းေမွာက္မွဳ

ယေန႔ စက္တင္ဘာလ ၉ ရက္ေန နံနက္(၀၃း၀၀) အခ်ိန္ခန္ ့က ေနျပည္ေတာ္-ရန္ကုန္လမ္း မိုင္တိုင္ အမွတ္၁၆/၆-၁၆/၇ အျကားတြင္ ဟသၤတ-မႏၱေလးခရီးသည္ က်ား/မ ၄၅ဦးတင္ေဆာင္လာသည့္ ရာဇာေအာင္ Express တိမ္းေမွာက္ခဲ့ေၾကာင္း အျမန္လမ္းမႀကီးရဲတပ္ဖြဲ ့မွဴး႐ုံးမွ သိရသည္။

လူ ၃ ဦးေသဆံုးခဲ့တဲ့ ယေန႔နံနက္ အျမန္လမ္းယာဥ္တိမ္းေမွာက္မွဳ 1

ျဖစ္စဥ္မွာ ယာဥ္ေမာင္း ဦး တင္ထြန္းဦး၄၅ႏွစ္ ခ်မ္းျမသာစည္ၿမိဳ ့နယ္ မႏၱေလးၿမိဳ ့ေနသူေမာင္းႏွင္လာၿပီး က်ား/မ ၄၅ဦး တင္ေဆာင္လာသည့္ Express. ယာဥ္သည့္ 7C/—- ရာဇာေအာင္ ဟသၤတ-မႏၱေလး ခရီးသည္ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္းယာဘက္သို ့တိမ္းေမွာက္ခဲ့ရာက်ား၂ဦး၊ မ ၁ ဦးေသဆံုးၿပီး က်ား၁၆ ဦး၊ မ ၁၂ ဦးဒဏ္ရာရရွိသျဖင့္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ ့ အမွတ္(၃) စခန္းမွ တပ္ဖြဲ ့ဝင္မ်ားနွင့္ အေထာက္အကူျပဳအဖြဲ ့မ်ား ကူညီေဆာင္႐ြက္ေပးလ်က္ရိွေၾကာင္းသိရသည္။

လူ ၃ ဦးေသဆံုးခဲ့တဲ့ ယေန႔နံနက္ အျမန္လမ္းယာဥ္တိမ္းေမွာက္မွဳ 2

အဆိုပါ ျဖစ္စဥ္ ေနရာနွင့္အနီးတဝိုက္ မိုင္တိုင္ ၁၅ မွ ၂၀ အၾကား ေနရာမ်ားတြင္ လမ္းပိုင္းဆိုင္ရာ အားနည္းခ်က္မ်ား ရိွသည္ဟု ယူဆရသျဖင့္ ခရီးသြား ျပည္သူမ်ား အနၱရာယ္ ကင္းေဝးေစေရး သတ္မွတ္အရိွန္နွဳန္း အတိုင္းသာ သတိျပဳ ေမာင္းနွင္ၾကပါရန္ သတိေပးေဖာ္ျပထားေၾကာင္းသိရသည္။Myanmar_Online_News

Unicode Version

ယနေ့ စက်တင်ဘာလ ၉ ရက်နေ နံနက်(၀၃း၀၀) အချိန်ခန့်က နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် အမှတ်၁၆/၆-၁၆/၇ အကြားတွင် ဟင်္သတ-မန္တလေးခရီးသည် ကျား/မ ၄၅ဦးတင်ဆောင်လာသည့် ရာဇာအောင် Express တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦး တင်ထွန်းဦး၄၅နှစ် ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့နေသူမောင်းနှင်လာပြီး ကျား/မ ၄၅ဦး တင်ဆောင်လာသည့် Express. ယာဉ်သည့် 7C/—- ရာဇာအောင် ဟင်္သတ-မန္တလေး ခရီးသည်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့တိမ်းမှောက်ခဲ့ရာကျား၂ဦး၊ မ ၁ ဦးသေဆုံးပြီး ကျား၁၆ ဦး၊ မ ၁၂ ဦးဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အမှတ်(၃) စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ် နေရာနှင့်အနီးတဝိုက် မိုင်တိုင် ၁၅ မှ ၂၀ အကြား နေရာများတွင် လမ်းပိုင်းဆိုင်ရာ အားနည်းချက်များ ရှိသည်ဟု ယူဆရသဖြင့် ခရီးသွား ပြည်သူများ အန္တရာယ် ကင်းဝေးစေရေး သတ်မှတ်အရှိန်နှုန်း အတိုင်းသာ သတိပြု မောင်းနှင်ကြပါရန် သတိပေးဖော်ပြထားကြောင်းသိရသည်။Myanmar_Online_News

Be the first to comment

Leave a Reply

Your email address will not be published.


*