လူအများကြားထဲမှာ ပေါ်လွင်လှပနေတဲ့ မေမြင့်မိုရ်
လူအများကြားထဲမှာ ပေါ်လွင်လှပနေတဲ့ မေမြင့်မိုရ် 1
လူအများကြားထဲမှာ ပေါ်လွင်လှပနေတဲ့ မေမြင့်မိုရ် 2
လူအများကြားထဲမှာ ပေါ်လွင်လှပနေတဲ့ မေမြင့်မိုရ် 3
လူအများကြားထဲမှာ ပေါ်လွင်လှပနေတဲ့ မေမြင့်မိုရ် 4
Unicode Version
ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိခဲ့ပြီးနောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးးတွေကိုပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ သူမပါဝင်ရိုက်ကူးထားတဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဇာတ်ကားကြီးကလဲ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပါသေးတယ်။ အခုလက်ရှိမှာလဲ မေမြင့်မိုရ်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
မေမြင့်မိုရ်က မနေ့က မေလ(၃) ရက်နေ့က ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်တဲ့ “Lady Boy” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကို သူမရဲ့မောင်လေး ရှင်းမြတ်နဲ့အတူတူ တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။
ထိုပွဲလေးကို မေမြင့်မိုရ်က လှပတဲ့ အဝါရောင်ဝတ်စုံလေးကို ဝတ်ပြီး လူအများကြားထဲမှာ ထင်ထင်ရှားရှားကြီး လှနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်နော်။
မေမြင့်မိုရ်က မကြာသေးခင်ကပဲ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးမယ့် “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့နဲ့အတူတူ ပါဝင် သရုပ်ဆောင်ထားခဲ့တာပဲ ဖြစ်ပါတယ်။
မေမြင့်မိုရ်ကတော့ ပရိသတ်အကြိုက် လုံလုံခြုံခြုံနဲ့ လှပတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်လေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား လှလာတဲ့ မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေလည်း သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါ်တယ်။