လိုက်ဖက်ညီစွာ အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေကြတဲ့ မနောနဲ့ အိချောပို


လိုက်ဖက်ညီစွာ အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေကြတဲ့ မနောနဲ့ အိချောပို 1


လိုက်ဖက်ညီစွာ အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေကြတဲ့ မနောနဲ့ အိချောပို 2


လိုက်ဖက်ညီစွာ အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေကြတဲ့ မနောနဲ့ အိချောပို 3


လိုက်ဖက်ညီစွာ အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေကြတဲ့ မနောနဲ့ အိချောပို 4


လိုက်ဖက်ညီစွာ အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေကြတဲ့ မနောနဲ့ အိချောပို 5


လိုက်ဖက်ညီစွာ အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေကြတဲ့ မနောနဲ့ အိချောပို 6

Unicode
ပရိသတ်အကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးတွေ ဆက်တိုက်ဖန်တီးနေတဲ့ အဆိုတော် မနောကတော့ လတ်တလောမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော အိချောပိုနဲ့အတူ အနုပညာအလုပ်တွေလည်း တွဲဖက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

အချိုးအစားကျပြီး အမိုက်စားခန္ဓာကောက်ကြောင်းအလှနဲ့ ပုရိသပရိသတ်တွေကို အမြဲရင်ဖိုစေခဲ့တဲ့ မင်းသမီးချောအိချောပိုနဲ့အတူ စုံတွဲလေးသရုပ်ဆောင်ပြီး ကြော်ငြာလေး ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်..။

စုံတွဲလေးအဖြစ် သရုပ်ဆောင်ရိုက်ကူးထားတဲ့ သူတို့နှစ်ယောက် ကြော်ငြာပုံရိပ်လေးကိုတော့ မနောက သူ့ရဲ့ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး ပရိသတ်တွေရဲ့ အားပေးစကားလေးတွေကိုလည်း ကြည်နူးစွာ မြင်တွေ့ရပါတယ်နော်..။

“အင်းးးး တောင်သမန်အင်းလို့ပြောမလို့ပါ အဲပုံတွေထဲမှာ ထူးခြားတာတစ်ခုရှိတယ် တွေ့တဲ့သူ ဆရာကြီးပဲ ဆရာမကြီးပဲ ဟဲဟဲ..” ဆိုပြီး ရိုက်ကွင်းပေါ်က ပျော်စရာအမှတ်တရပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အပျော်လေး ကူးစက်သဘောကျစေမှာပါနော်..။

လိုက်ဖက်ညီပြီး အတွဲညီညီနဲ့ သရုပ်ဆောင်ထားကြတဲ့ မနောနဲ့ စူစူလေးတို့ အနုပညာမောင်နှမ နှစ်ယောက်ကတော့ The Garden Cafe & Restaurant အတွက် ကြော်ငြာလေးတွေ နှစ်ယောက်အတူ ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကိုယ်စီအခိုင်အမာရရှိထားကြတဲ့ ပရိသတ်အချစ်တော်နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေေးတွကိုလည်း ပြနလည်မျှဝေပေးလိုက်မို့ အားလုံးပဲ သြဘောကျနေကြမှာပါနော်.. ။

Be the first to comment

Leave a Reply

Your email address will not be published.


*