လက္ဒဏ္ရာအေျခေနေၾကာင့္ အႏုပညာအလုပ္ေတြ အျပည့္အဝ မလုပ္ႏုိင္ေသးဘူးဆုိတဲ့ ေဖြးေဖြး

ျပည္သူခ်စ္ ႏိုင္ငံေက်ာ္ မင္းသမီး တေယာက္ျဖစ္တဲ့ ေဖြးေဖြးကေတာ့ ျပီးခဲ့တဲ့ႏွစ္မွာလည္း အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ျပီး သူ႔အတြက္ ေအာင္ျမင္တဲ့ႏွစ္ တႏွစ္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေဖြးေဖြးကေတာ့ ကံမေကာင္းစရာတခုေတာ့ ျဖစ္ခဲ့ပါတယ္။ ဒါကေတာ့ အကယ္ဒမီေပးပြဲမတိုင္ခင္မွာ မေတာ္တဆမႈေလး ျဖစ္ခဲ့ျပီး လက္မွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ အကယ္ဒမီေပးပြဲကိုေတာင္ လက္ပတ္တီးနဲ႔ တက္လာတာကို ပရိသတ္ေတာ္ေတာ္မ်ားမ်ား သတိထားမိၾကမွာပါ။

လက္ဒဏ္ရာအေျခေနေၾကာင့္ အႏုပညာအလုပ္ေတြ အျပည့္အဝ မလုပ္ႏုိင္ေသးဘူးဆုိတဲ့ ေဖြးေဖြး 1

ေဖြးေဖြးကေတာ့ လက္ဒဏ္ရာရရွိထားတာေၾကာင့္ လက္ရွိခ်ိန္မွာ ဇာတ္ကားရိုက္တာေတြကို နားထားျပီး လက္ရွိခ်ိန္မွာေတာ့ သူ႕လက္ဒဏ္ရာနဲ႔ ပတ္သက္ျပီး ပရိသတ္ေတြကို အသိ္ေပးသြားတာ ျဖစ္ပါတယ္။

လက္ဒဏ္ရာအေျခေနေၾကာင့္ အႏုပညာအလုပ္ေတြ အျပည့္အဝ မလုပ္ႏုိင္ေသးဘူးဆုိတဲ့ ေဖြးေဖြး 2

မင္းသမီး ေဖြးေဖြးကေတ့ာ အကုန္သိနဲ႔ အင္တာဗ်ဴးမွာေတာ့ “ေဖြး ဒီအလုပ္ကို စလုပ္ကတည္းက သူမ်ားအလုပ္ကို ေလွာင္ေျပာင္တာမ်ိဳးေတြ လုပ္ေနရင္ သိပ္မၾကိဳက္ဘူး။ ဘယ္အလုပ္ပဲ ျဖစ္ျဖစ္ပါ။ မိတ္ကပ္ဆရာပဲ ျဖစ္ျဖစ္ သူ႔မွာလည္းသူေပးဆပ္ထားရတဲ့ တန္ဖိုးရွိတယ္။ အဓိကကေတာ့ ေဖြးတို႔က အလုပ္ဟူသမွ် ဂုဏ္ရွိစြ ဆိုတ့ံအရာေလးကို ပိုျပီးေတာ့မွ သိရမွာေပါ့ေနာ္။ ပေရာ္ဖက္ရွင္နယ္ေတြကို ဟာသလုပ္ျပီးေတာ့ ေလွာင္ေျပာင္ေနမယ့္အစားေပါ့ေနာ္”

လက္ဒဏ္ရာအေျခေနေၾကာင့္ အႏုပညာအလုပ္ေတြ အျပည့္အဝ မလုပ္ႏုိင္ေသးဘူးဆုိတဲ့ ေဖြးေဖြး 3

လက္ဒဏ္ရာအေျခေနေၾကာင့္ အႏုပညာအလုပ္ေတြ အျပည့္အဝ မလုပ္ႏုိင္ေသးဘူးဆုိတဲ့ ေဖြးေဖြး 4

ဇာတ္ကားရိုက္နားထားတာ ဘယ္ေလာက္ၾကာျပီလဲဆိုတဲ့ အေပၚမွာေတာ့ “ဇာတ္ကားရိုက္တာကေတာ့ နားထားပါေသးတယ္။ လက္အေျခအေနေၾကာင့္ေပါ့။ ေဖြးအခုနားထားတာကေတာ့ ၃ လ ပဲ ရွိပါေသးတယ္။ ကားရိုက္နားထားတယ္ဆိုေပမယ့္ ဒီလက စျပီးေတ့ာ ပြဲတက္ေတြ ဓါတ္ပံုရိုက္တာေတြ ရွိပါမယ္။ က ေတာ့ မက ႏိုင္ေသးပါဘူး။ လက္က လုပ္လို႔မရေသးဘူး။ အက မပါတဲ့ ေၾကာ္ျငာေလးေတြေပါ့။ ေအးေဆးရိုက္လို႔ရတာေလးေတြကိုေတာ့ ျပန္ရိုက္လို႔ရပါျပီ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

ပြည်သူချစ် နိုင်ငံကျော် မင်းသမီး တယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ပြီးခဲ့တဲ့နှစ်မှာလည်း အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး သူ့အတွက် အောင်မြင်တဲ့နှစ် တနှစ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖွေးဖွေးကတော့ ကံမကောင်းစရာတခုတော့ ဖြစ်ခဲ့ပါတယ်။ ဒါကတော့ အကယ်ဒမီပေးပွဲမတိုင်ခင်မှာ မတော်တဆမှုလေး ဖြစ်ခဲ့ပြီး လက်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အကယ်ဒမီပေးပွဲကိုတောင် လက်ပတ်တီးနဲ့ တက်လာတာကို ပရိသတ်တော်တော်များများ သတိထားမိကြမှာပါ။

ဖွေးဖွေးကတော့ လက်ဒဏ်ရာရရှိထားတာကြောင့် လက်ရှိချိန်မှာ ဇာတ်ကားရိုက်တာတွေကို နားထားပြီး လက်ရှိချိန်မှာတော့ သူ့လက်ဒဏ်ရာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးသွားတာ ဖြစ်ပါတယ်။

မင်းသမီး ဖွေးဖွေးကတေ့ာ အကုန်သိနဲ့ အင်တာဗျူးမှာတော့ “ဖွေး ဒီအလုပ်ကို စလုပ်ကတည်းက သူများအလုပ်ကို လှောင်ပြောင်တာမျိုးတွေ လုပ်နေရင် သိပ်မကြိုက်ဘူး။ ဘယ်အလုပ်ပဲ ဖြစ်ဖြစ်ပါ။ မိတ်ကပ်ဆရာပဲ ဖြစ်ဖြစ် သူ့မှာလည်းသူပေးဆပ်ထားရတဲ့ တန်ဖိုးရှိတယ်။ အဓိကကတော့ ဖွေးတို့က အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတံ့အရာလေးကို ပိုပြီးတော့မှ သိရမှာပေါ့နော်။ ပရော်ဖက်ရှင်နယ်တွေကို ဟာသလုပ်ပြီးတော့ လှောင်ပြောင်နေမယ့်အစားပေါ့နော်”

ဇာတ်ကားရိုက်နားထားတာ ဘယ်လောက်ကြာပြီလဲဆိုတဲ့ အပေါ်မှာတော့ “ဇာတ်ကားရိုက်တာကတော့ နားထားပါသေးတယ်။ လက်အခြေအနေကြောင့်ပေါ့။ ဖွေးအခုနားထားတာကတော့ ၃ လ ပဲ ရှိပါသေးတယ်။ ကားရိုက်နားထားတယ်ဆိုပေမယ့် ဒီလက စပြီးတေ့ာ ပွဲတက်တွေ ဓါတ်ပုံရိုက်တာတွေ ရှိပါမယ်။ က တော့ မက နိုင်သေးပါဘူး။ လက်က လုပ်လို့မရသေးဘူး။ အက မပါတဲ့ ကြော်ငြာလေးတွေပေါ့။ အေးဆေးရိုက်လို့ရတာလေးတွေကိုတော့ ပြန်ရိုက်လို့ရပါပြီ” ဟု ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi