” ရှင်းချင်ရင် ဒဲ့ရှင်းလို့ရတယ်” ဆြိုပီး ညိုမင်းလွင်ကို စိန်ခေါ်လိုက်တဲ့ ပန်ဆယ်လို


 

" ရှင်းချင်ရင် ဒဲ့ရှင်းလို့ရတယ်" ဆြိုပီး ညိုမင်းလွင်ကို စိန်ခေါ်လိုက်တဲ့ ပန်ဆယ်လို 1


" ရှင်းချင်ရင် ဒဲ့ရှင်းလို့ရတယ်" ဆြိုပီး ညိုမင်းလွင်ကို စိန်ခေါ်လိုက်တဲ့ ပန်ဆယ်လို 2


" ရှင်းချင်ရင် ဒဲ့ရှင်းလို့ရတယ်" ဆြိုပီး ညိုမင်းလွင်ကို စိန်ခေါ်လိုက်တဲ့ ပန်ဆယ်လို 3


Unicode Version

ဒါရိုက်တာညိုမင်းလွင်၏ မြမြရုပ်ရှင်ဇာတ်ကားကြီးအတွက် လူကြမ်းသရုပ်ဆောင် ရွေးချယ်ပွဲ၌ စင်ပေါ်တွင် မုဒိမ်းမှုသရုပ်ဆောင်ဖြင့် ရွေးချယ်ခဲ့မှုနဲ့ပတ်သက်၍ ပန်ဆယ်လိုက စက်တင်ဘာလ ၁၀ ရက်နေ့တွင် “ မုဒိမ်းမှုတွေ ပေါများနေတဲ့ နိုင်ငံမှာ မုဒိမ်းကျင့်တဲ့ ဇာတ်ကွက်အား စင်ပေါ်တက်ပြီး ပျစ်ပျစ်နှစ်နှစ် သရုပ်ဖော်ပြတာကို လူရွေးပွဲလုပ်ကြသတဲ့…… ဒီဇာတ်ကားဟာ ပညာပေးဇာတ်ကားလား၊ လိင်အသားပေးဇာတ်ကားလား မသဲကွဲဘူး။ မုဒိမ်းမှုကို စက်ဆုပ်ရွံရှာဖွယ်ကောင်းအောင် သရုပ်ဖော်ပြမှာလား၊ မုဒိမ်းကျင့်တာ ချစ်စရာလေးနော်.. ရယ်စရာကောင်းတယ်လို့ ဖြစ်အောင် ရိုက်ပြမှာလား။” စသဖြင့် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ်။

မနေ့က စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း ပန်ဆယ်လိုရဲ့ ဝေဖန်ရေးသားမှုနှင့်ပတ်သက်၍လည်း ဒါရိုက်တာ ညိုမင်းလွင်ကနေပြီးတော့ “ညက iPhone သစ်ဘက်အာရုံရောက်နေလို့ ခုမှသေချာကြည့်ရတယ်၊ဟိုစော်က ဘလိုင်းကြီးပါလားဗျ၊ မိန်းမ တစ်ယောက်နဲ့ရန်ဖက်မဖြစ်ချင်လို့ ဒီအကြောင်းအရာကိုဒီနေရာမှာတင်ရပ်လိုက်ပါမယ်၊ ပြန်ပြောစရာမရှိလို့မဟုတ်ဘူးဆိုတာတော့ ဆရာမကြီးသိဖို့လိုပါတယ် ”လို့ ပညာသားပါပါ တုန့်ပြန်ထားတာကို တွေ့ရပါတယ်။

ညိုမင်းလွင်ရဲ့ တုန့်ပြန်ထားမှုအပေါ်ကိုလည်း ပန်ဆယ်လိုက “ ဒီပို့စ်က ကျွန်မကို ဆိုလိုတာဆိုရင် ကျွန်မနဲ့တိုက်ရိုက်လာရှင်းလို့ ရပါတယ်၊ ဖေ့စ်ဘွတ်ပေါ်မှာ မပြောချင်လည်း ဒဲ့ရှင်းလို့ရပါတယ်၊ မိန်းမတစ်ယောက်လေး ဘာလေးနဲ့အသားမယူပါနဲ့ရှင်၊ မိန်းမဆိုပြီး အခွင့်အရေး လိုက်ယူနေတဲ့ မိန်းမထဲ ကျွန်မ မပါဘူးနော်” လို့ ဒါရိုက်တာ ညိုမင်းလွင်အား ဒဲ့ရှင်းလို့ရကြောင်း စိန်ခေါ်ရေးသားထားတာကို တွေ့ရပါတယ်။

ပရိတ်သတ်ကြီးခင်ဗျာ၊ ပန်ဆယ်လိုနဲ့ ဒါရိုက်တာ ညိုမင်းလွင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ……..?Myanmar_Online_News

Be the first to comment

Leave a Reply

Your email address will not be published.


*