ရုပ္ရွင္ေလာကထဲ မဝင္ခင္တုန္းက ေတြႀကံဳခဲ့ရတဲ့ အခက္အခဲေတြကို ေျပာျပလာတဲ့ ဖုိးေက်ာ္

တစ္ခ်ိန္က ျပည္သူခ်စ္ ႏုိင္ငံေက်ာ္မင္းသားႀကီး ေဒြးနဲ႔ အတူတူ ႐ုပ္႐ွင္ေတြ ဗီဒီယုိေတြ မ်ားစြာကုိ႐ုိက္ကူးခဲ့ၿပီး ပရိသတ္ေတြရဲ႕ ရင္ထဲက ေနရာတစ္ေနရာကုိ ရယူထားႏုိင္ခဲ့တဲ့ သ႐ုပ္ေဆာင္ အကယ္ဒမီ ဖုိးေက်ာ္ကေတာ့ ႐ုပ္႐ွင္ေလာကထဲကုိ စမဝင္ခင္တုန္းကအေၾကာင္းေတြ ဝင္ၿပီးေတာ့လည္း ျဖစ္လာတဲ့အခက္အခဲေတြကုိ အကုန္သိ မီဒီယာနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ရုပ္ရွင္ေလာကထဲ မဝင္ခင္တုန္းက ေတြႀကံဳခဲ့ရတဲ့ အခက္အခဲေတြကို ေျပာျပလာတဲ့ ဖုိးေက်ာ္ 1

ဖုိးေက်ာ္က “အႏုပညာေလာကထဲကုိ စမေရာက္ခင္တုန္းက အားကစားေတြလည္း ေလွ်ာက္လုပ္တာေပါ့ အိမ္ေျပး ဘဝေတြလည္း အိမ္ေပၚက အေဖက ႏွင္ခ်တယ္ အဲ့တာနဲ႔ ဆင္းသြားတယ္။ အဲ့လုိမ်ိဳးေတြလည္း ႐ွိတာေပါ့ေနာ္ ငတ္ငတ္ျပတ္ျပတ္နဲ႔ လမ္းေဘးေန လမ္းေဘးစားလည္း ေနခဲ့ဖူးတယ္။ သုိေပမယ့္ ကြၽန္ေတာ္ ဒီအလုပ္ကုိ စလုပ္ၿပီဆုိတဲ့ အခ်ိန္မွာ ဒါကြၽန္ေတာ့္အေဖေက်းဇူးပါပဲ။ သူကြၽန္ေတာ့္ကုိ လုပ္ေပးမယ္ဆုိၿပီး လုပ္ေပးတာေပါ့။

ရုပ္ရွင္ေလာကထဲ မဝင္ခင္တုန္းက ေတြႀကံဳခဲ့ရတဲ့ အခက္အခဲေတြကို ေျပာျပလာတဲ့ ဖုိးေက်ာ္ 2

ကြၽန္ေတာ္တုိ႔မွာ႐ွိတဲ့ ကားတစ္စီးေရာင္းလုိက္တယ္ ကုန္သြားတယ္ေပါ့ဗ်ာ။ ထားလုိက္ပါ ဒါေတြက ၿပီးသြားပါၿပီ။ အဲ့ေနာက္ပုိင္းမွာ ပထမဦးဆုံး စလုပ္တဲ့အခ်ိန္အထိ ကြၽန္ေတာ္က အႏုပညာဆုိတာနဲ႔ ႐ုပ္႐ွင္အႏုပညာဆုိတာရယ္ အႏုပညာဆုိတာရယ္ ႏွစ္ခုလုံးကုိ ကြၽန္ေတာ္ဘာမွမသိဘူး။ လုပ္ခ်င္တာရယ္ ျဖစ္ခ်င္တာရယ္ပဲ သိတယ္ ဘာမွမသိဘူး။ ဘာမွမသိေတာ့ ေစာက္တလြဲေတြ ျဖစ္တာေပါ့ဗ်ာ။ အဘတ္ေတြလည္းခံရတာေပါ့ အလိမ္ေတြလည္း ခံရတာေပါ့။ အမ်ားႀကီးလည္းကုန္သြားတာေပါ့ ၿပီးေတာ့ ဆင္ဆာလည္းတင္ခံရေရာ ပိတ္ခံလုိက္ရတယ္။

အဲ့ေခတ္က ေရြးခ်ယ္ထားတဲ့ ဇာတ္ကလည္း စိတၱဇ ဆန္ဆန္ဇာတ္ဆုိေတာ့ အဲ့ထဲမွာေျပာတာေတြက ႏုိင္ငံေရးပါပါတယ္ဆုိၿပီးေတာ့ အပိတ္ခံရေရာ။ ကုိးႏွစ္ေလာက္ျဖစ္သြားတာေပါ့ 99 ေလာက္မွာ ဆင္ဆာ Past ျဖစ္သြားတာ မိနစ္ေလးဆယ္စာပဲ ရေတာ့တယ္။ ဟင္းရြက္ကန္စြန္းရြက္ေရာင္းသလုိေတာင္ေရာင္းလုိ႔မရဘူး ကြၽန္ေတာ္တုိ႔ ကားေလးက။ ကြၽန္ေတာ္က အလွမ္းက်ယ္ၿပီး အလယ္လတ္သြားတယ္။ ဘာလုိ႔လဲဆုိေတာ့ ဗမာျပည္ ႐ုပ္႐ွင္ေလာက က သိတဲ့အတုိင္းပဲအဲ့တုန္းက ဒီေကာင္က ကုိယ့္ဘာသာမင္းသား ေခါင္းေဆာင္လုပ္ထားတာဆုိေတာ့ ဒီေကာင့္ကုိမေခၚပါနဲ႔ ဒီေကာင္က မင္းသားပဲ လုပ္မယ့္ေကာင္ပါဆုိၿပီးေတာ့ ကြၽန္ေတာ့္ကုိ ဘယ္သူမွ မေခၚေတာ့ဘူး။

ရုပ္ရွင္ေလာကထဲ မဝင္ခင္တုန္းက ေတြႀကံဳခဲ့ရတဲ့ အခက္အခဲေတြကို ေျပာျပလာတဲ့ ဖုိးေက်ာ္ 3

ကုိယ့္ဘာသာလည္း ဆက္မလုပ္ႏုိင္ေတာ့ဘူး။ အဲ့အခ်ိန္မွာ ျဖစ္လာတဲ့ ကြၽန္ေတာ္ရဲ႕ ခံစားမႈက ကြၽန္ေတာ့္ကုိ ပုိၿပီး တြန္းအားေပးခဲ့တယ္လုိ႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ့္ကုိကြၽန္ေတာ္အျမဲတမ္းေမးတယ္ အျမဲတမ္းလည္း အေျဖ႐ွာတယ္။ ငါဘာမွမသိလုိ႔ ငါခံခဲ့ရတယ္ အကုန္လုံးဝုိင္းၿပီးေတာ့ သမတယ္ အုိေက အဲ့ကတည္းက ကြၽန္ေတာ့္စိတ္ထဲမွာ ကြၽန္ေတာ္ ေတးထားလုိက္တာ I Will be back ငါျပန္လာခဲ့မယ္။ 92 အလြန္ကေန ဆုိၿပီးေတာ့ စၿပီး႐ွာေဖြေတာ့တာပဲ ကြၽန္ေတာ့္ဝမ္းစာ ျဖစ္လာမယ့္ အရာေတြကုိေပါ့။

ငါဒီထဲကုိ မေရာက္ေရာက္ေအာင္ ဒီေလာကထဲကုိ မေရာက္ေရာက္ေအာင္ျပန္လာမယ္ ငါျပန္လာခဲ့မယ္ဆုိတဲ့ စိတ္နဲ႔ အမ်ားႀကီးေပါ့ အခက္အခဲေတြေတာ့ အမ်ားႀကီး႐ွိခဲ့တာေပါ့။ အမ်ားႀကီး ေပးဆပ္ခဲ့ရတယ္။ သုိ႔ေပမဲ့ တကယ္ျပန္ၿပီးဝင္တဲ့အခ်ိန္မွာ 2000 က်မွာ ကြၽန္ေတာ္ ျပန္ဝင္ခဲ့တာ။ ျပန္ဝင္ေတာ့ အဲ့လုိေပါ့ မင္းမွာတုိးစရာဒီတစ္ေပါက္ပဲ႐ွိတယ္ဆုိေတာ့ ၾကည့္လုိက္ေတာ့ ေခြးတုိးေပါက္သာသာ႐ွိတာေပါ့ ရတယ္ဘာမွမျဖစ္ဘူး အဲ့ကေနပဲ ဝင္မယ္ဆုိၿပီး ဝင္လာခဲ့တာ ဒါေပမဲ့ ဒီဘက္ေနာက္ပုိင္းမွာကေတာ့ ကြၽန္ေတာ္တုိ႔ ျမန္မာ့႐ုပ္႐ွင္ရဲ႕ ေခါက္႐ုိးကိ်ဳးတဲ့ အရာေတြထဲမွာ ကြၽန္ေတာ့္ကုိေရာသိပ္ခံရတဲ့အထဲပါတာေပါ့ေလဘယ္တတ္ႏုိင္မလဲ ေရမ်ားေတာ့လည္းေရႏုိင္သြားတာေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။Nanmalgyi

Unicode Version

တစ်ချိန်က ပြည်သူချစ် နိုင်ငံကျော်မင်းသားကြီး ဒွေးနဲ့ အတူတူ ရုပ်ရှင်တွေ ဗီဒီယိုတွေ များစွာကိုရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲက နေရာတစ်နေရာကို ရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ ဖိုးကျော်ကတော့ ရုပ်ရှင်လောကထဲကို စမဝင်ခင်တုန်းကအကြောင်းတွေ ဝင်ပြီးတော့လည်း ဖြစ်လာတဲ့အခက်အခဲတွေကို အကုန်သိ မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဖိုးကျော်က “အနုပညာလောကထဲကို စမရောက်ခင်တုန်းက အားကစားတွေလည်း လျှောက်လုပ်တာပေါ့ အိမ်ပြေး ဘဝတွေလည်း အိမ်ပေါ်က အဖေက နှင်ချတယ် အဲ့တာနဲ့ ဆင်းသွားတယ်။ အဲ့လိုမျိုးတွေလည်း ရှိတာပေါ့နော် ငတ်ငတ်ပြတ်ပြတ်နဲ့ လမ်းဘေးနေ လမ်းဘေးစားလည်း နေခဲ့ဖူးတယ်။ သိုပေမယ့် ကျွန်တော် ဒီအလုပ်ကို စလုပ်ပြီဆိုတဲ့ အချိန်မှာ ဒါကျွန်တော့်အဖေကျေးဇူးပါပဲ။ သူကျွန်တော့်ကို လုပ်ပေးမယ်ဆိုပြီး လုပ်ပေးတာပေါ့။

ကျွန်တော်တို့မှာရှိတဲ့ ကားတစ်စီးရောင်းလိုက်တယ် ကုန်သွားတယ်ပေါ့ဗျာ။ ထားလိုက်ပါ ဒါတွေက ပြီးသွားပါပြီ။ အဲ့နောက်ပိုင်းမှာ ပထမဦးဆုံး စလုပ်တဲ့အချိန်အထိ ကျွန်တော်က အနုပညာဆိုတာနဲ့ ရုပ်ရှင်အနုပညာဆိုတာရယ် အနုပညာဆိုတာရယ် နှစ်ခုလုံးကို ကျွန်တော်ဘာမှမသိဘူး။ လုပ်ချင်တာရယ် ဖြစ်ချင်တာရယ်ပဲ သိတယ် ဘာမှမသိဘူး။ ဘာမှမသိတော့ စောက်တလွဲတွေ ဖြစ်တာပေါ့ဗျာ။ အဘတ်တွေလည်းခံရတာပေါ့ အလိမ်တွေလည်း ခံရတာပေါ့။ အများကြီးလည်းကုန်သွားတာပေါ့ ပြီးတော့ ဆင်ဆာလည်းတင်ခံရရော ပိတ်ခံလိုက်ရတယ်။

အဲ့ခေတ်က ရွေးချယ်ထားတဲ့ ဇာတ်ကလည်း စိတ္တဇ ဆန်ဆန်ဇာတ်ဆိုတော့ အဲ့ထဲမှာပြောတာတွေက နိုင်ငံရေးပါပါတယ်ဆိုပြီးတော့ အပိတ်ခံရရော။ ကိုးနှစ်လောက်ဖြစ်သွားတာပေါ့ 99 လောက်မှာ ဆင်ဆာ Past ဖြစ်သွားတာ မိနစ်လေးဆယ်စာပဲ ရတော့တယ်။ ဟင်းရွက်ကန်စွန်းရွက်ရောင်းသလိုတောင်ရောင်းလို့မရဘူး ကျွန်တော်တို့ ကားလေးက။ ကျွန်တော်က အလှမ်းကျယ်ပြီး အလယ်လတ်သွားတယ်။ ဘာလို့လဲဆိုတော့ ဗမာပြည် ရုပ်ရှင်လောက က သိတဲ့အတိုင်းပဲအဲ့တုန်းက ဒီကောင်က ကိုယ့်ဘာသာမင်းသား ခေါင်းဆောင်လုပ်ထားတာဆိုတော့ ဒီကောင့်ကိုမခေါ်ပါနဲ့ ဒီကောင်က မင်းသားပဲ လုပ်မယ့်ကောင်ပါဆိုပြီးတော့ ကျွန်တော့်ကို ဘယ်သူမှ မခေါ်တော့ဘူး။

ကိုယ့်ဘာသာလည်း ဆက်မလုပ်နိုင်တော့ဘူး။ အဲ့အချိန်မှာ ဖြစ်လာတဲ့ ကျွန်တော်ရဲ့ ခံစားမှုက ကျွန်တော့်ကို ပိုပြီး တွန်းအားပေးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ကိုကျွန်တော်အမြဲတမ်းမေးတယ် အမြဲတမ်းလည်း အဖြေရှာတယ်။ ငါဘာမှမသိလို့ ငါခံခဲ့ရတယ် အကုန်လုံးဝိုင်းပြီးတော့ သမတယ် အိုကေ အဲ့ကတည်းက ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် တေးထားလိုက်တာ I Will be back ငါပြန်လာခဲ့မယ်။ 92 အလွန်ကနေ ဆိုပြီးတော့ စပြီးရှာဖွေတော့တာပဲ ကျွန်တော့်ဝမ်းစာ ဖြစ်လာမယ့် အရာတွေကိုပေါ့။

ငါဒီထဲကို မရောက်ရောက်အောင် ဒီလောကထဲကို မရောက်ရောက်အောင်ပြန်လာမယ် ငါပြန်လာခဲ့မယ်ဆိုတဲ့ စိတ်နဲ့ အများကြီးပေါ့ အခက်အခဲတွေတော့ အများကြီးရှိခဲ့တာပေါ့။ အများကြီး ပေးဆပ်ခဲ့ရတယ်။ သို့ပေမဲ့ တကယ်ပြန်ပြီးဝင်တဲ့အချိန်မှာ 2000 ကျမှာ ကျွန်တော် ပြန်ဝင်ခဲ့တာ။ ပြန်ဝင်တော့ အဲ့လိုပေါ့ မင်းမှာတိုးစရာဒီတစ်ပေါက်ပဲရှိတယ်ဆိုတော့ ကြည့်လိုက်တော့ ခွေးတိုးပေါက်သာသာရှိတာပေါ့ ရတယ်ဘာမှမဖြစ်ဘူး အဲ့ကနေပဲ ဝင်မယ်ဆိုပြီး ဝင်လာခဲ့တာ ဒါပေမဲ့ ဒီဘက်နောက်ပိုင်းမှာကတော့ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်ရဲ့ ခေါက်ရိုးကျိုးတဲ့ အရာတွေထဲမှာ ကျွန်တော့်ကိုရောသိပ်ခံရတဲ့အထဲပါတာပေါ့လေဘယ်တတ်နိုင်မလဲ ရေများတော့လည်းရေနိုင်သွားတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။Nanmalgyi