ရုပ်ရှင်ရိုက်ကူးရင်း ရိုက်ကွင်းမှာ ခြေထောက်ကျိုးသွားတဲ့ သိန်းလင်းစိုး


ရုပ်ရှင်ရိုက်ကူးရင်း ရိုက်ကွင်းမှာ ခြေထောက်ကျိုးသွားတဲ့ သိန်းလင်းစိုး 1


ရုပ်ရှင်ရိုက်ကူးရင်း ရိုက်ကွင်းမှာ ခြေထောက်ကျိုးသွားတဲ့ သိန်းလင်းစိုး 2


ရုပ်ရှင်ရိုက်ကူးရင်း ရိုက်ကွင်းမှာ ခြေထောက်ကျိုးသွားတဲ့ သိန်းလင်းစိုး 3


ရုပ်ရှင်ရိုက်ကူးရင်း ရိုက်ကွင်းမှာ ခြေထောက်ကျိုးသွားတဲ့ သိန်းလင်းစိုး 4


ရုပ်ရှင်ရိုက်ကူးရင်း ရိုက်ကွင်းမှာ ခြေထောက်ကျိုးသွားတဲ့ သိန်းလင်းစိုး 5

Unicode
ပရိသတ်တွေကြားမှာ အဆိုပိုင်းနဲ့ရော၊ သရုပ်ဆောင်ပိုင်း နဲ့ပါအားပေးခြင်းကိုခံခဲ့ရတဲ့ အဆိုတော်သရုပ်ဆောင် သိန်းလင်းစိုးက ယခုနောက်ပိုင်း အနုပညာအလုပ်တွေကို သိန်းလင်း ဆိုတဲ့ နာမည်နဲ့ လုပ်ကိုင်လျက်ရှိပါတယ်။ သူဟာ “ငါတို့သည်’’ ရုပ်ရှင် ဇာတ်ကားကြီး ကိုရိုက်ကူးနေပြီး အဆိုပါရိုက်ကွင်းမှာ မတော်တဆဖြစ်ခါ ခြေထောက်ကျိုးသွားခဲ့တာဘဲ ဖြစ်ပါတယ်။ အဲ့ဒီလို ဖြစ်သွားတာနဲ့ ပတ်သက်ပြီး တိုင်ရွန်က အရမ်းကိုစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

တိုင်ရွန်နဲ့ သိန်းလင်းစိုးတို့က “ငါတို့သည်’’ ရုပ်ရှင် ဇာတ်ကားကြီးကို အတူတူရိုက်ကူးနေပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကူးမှုတွေက အရမ်းကိုပင်ပန်းခက်ခဲလှတယ်ဆိုတဲ့အကြောင်းကိုလဲ တိုင်ရွန်က သူ့ရဲ့ my day မှာ ရေးသားဖော်ပြခဲ့ပါတယ်။ တိုင်ရွန်ရေးသားခဲ့တာကတော့ “ဒီဇာတ်ကားကတော့ တကယ်ကို အမှတ်တရနဲ့ အသေအပင်ပန်းဆုံးပါပဲ။ တောထဲ တောင်ထဲရိုက်ရတာ သေမလိုဘဲ။ အခုလည်း ကိုသိန်း ခြေထောက်ကျိုးသွားပြီ’’ လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

သိန်းလင်းကလဲ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ “ ဖြစ်ချိန်တန်လို့ဖြစ်တာ ဘုရားတရားပိုလုပ်ဖို့သတိပေးလိုက်သလိုပဲ စိတ်မ ကောင်းဖြစ်ပြီး ကျောက်ပတ်တီးနဲ့ လာဆော့သွားသော အဝင်းလေးပေါ့နော်” ဆိုပြီးလဲ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်မြို့မှာ ရိုက်ကူးနေပြီး သရုပ်ဆောင်တွေအဖြစ် အလင်းရောင်၊ ခါရာ၊ ထွန်းကိုကို၊ ထူးခြား၊ တိုင်ရွန်၊ နေရဲ၊ သိန်းလင်း ၊ အုပ်သာကျော်၊ သျှင်းမြတ်၊ ရွှေသမီး၊ ရွှေပိုးအိမ် ၊ လမင်းကဗျာ တို့နဲ့အတူအခြားသောအနုပညာရှင်များ စွာလဲပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးရေ သိန်းလင်းအတွက် အနာအမြန်သက်သာစေဖို့ ဆုတောင်း စကားဆိုခဲ့ကြပါဦးနော်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။