ရုပ္ရည္နဲ႔ပတ္သတ္ၿပီး အႏွိမ္ခံရဖူးတဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ ပိုင္းၿဖိဳးသု

ယခုေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ပရိသတ္အားေပးမႈ အခိုင္မာရရွိထားတဲ့ မင္းသမီးတေယာက္ ျဖစ္လာတဲ့ ပိုင္ျဖိဳးသုေလးကေတာ့ သူ႕ဘဝမွာ ျဖစ္ခဲ့ဖူးတဲ့ ၾကမ္းတမ္းတဲ့အရာေလးေတြကို ေျပာျပထားခဲ့ပါတယ္။ ပိုင္ျဖိဳးသု ကေတာ့ ယခုေနာက္ပိုင္းမွာ ပရိသတ္ေတြ လက္ခံအားေပးလာတဲ့ ဇာတ္ကားေတြကို ရိုက္လာတာေၾကာင့္ ပရိသတ္ေတြ ပါးစပ္ဖ်ားမွာေတာ့ သုသု သုသု ဆိုျပီးေတာ့ ေတာင္ျဖစ္လာခဲ့ပါတယ္။

ရုပ္ရည္နဲ႔ပတ္သတ္ၿပီး အႏွိမ္ခံရဖူးတဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ ပိုင္းၿဖိဳးသု 1

ဒီလိုမ်ိဳးေအာင္ျမင္မႈေတြရလာတဲ့ ပိုင္ျဖိဳးသုကေတာ့ သူ႔အေနနဲ႔ တခ်ိန္တုန္းက နာက်င္ခံစားခဲ့ရတဲ့ စိတ္ဒဏ္ရာအေၾကာင္းကို ေျပာၾကားထားခဲ့ပါတယ္။ ပိုင္ျဖိဳးသုကေတာ့ သူမရဲ့ ေဖ့ဘုတ္အေကာင့္မွာ “သုသုအသက္ (၁၆)ႏွစ္ေလာက္က ဝက္ျခံေတြအရမ္းကို ေပါက္ခဲ့တာပါ မ်က္ႏွာႀကီးတစ္ခုလံုး အပ္ခ်စရာေနရာမရွိေအာင္ ကိုယ့္ဖာသာ ကိုယ္မွန္ေတာင္မၾကည့္ခ်င္ ေလာက္ေအာင္ျဖစ္ခဲ့ရတယ္ စိတ္ဓါတ္ေတြလည္း အရမ္းက်ခဲ့ရတယ္ ဆရာဝန္ေတြအမ်ိဳးမ်ိဳးေျပာင္းျပ ေဆးေတြမ်ိဳးစံုစား ဝက္ျခံေပ်ာက္ေဆးေတြ အေသာက္ေကာင္းလို႔ ဓါတ္မတည့္ျဖစ္ၿပီး ေဆးရံုေတာင္ေရာက္သြားခဲ့ဖူးတယ္။

ရုပ္ရည္နဲ႔ပတ္သတ္ၿပီး အႏွိမ္ခံရဖူးတဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ ပိုင္းၿဖိဳးသု 2

အသက္၂၀ ေနာက္ပိုင္းမွာေတာ့ ဝက္ျခံေတြသက္သာသြားခဲ့ေပမယ့္ ဝက္ျခံေၾကာင့္ျဖစ္တဲ့ အမာရြတ္ေတြက်န္ခဲ့ပါတယ္ အဲဒီအမာရြတ္ေတြကိုေပ်ာက္ဖို႔အမ်ိဳးစံု ႀကိဳးစားေသာ္လည္း သက္သာရံုသာသက္သာပါတယ္ အထူးသျဖင့္ အလုပ္မွာစိတ္ဖိစီးမႈေတြအရမ္းမ်ား အိပ္ေရးေတြပ်က္ရင္ အသားအရည္ကပိုဆိုးပါတယ္ ျပစ္မ်ိဳးမွဲ႕မထင္ အသားရည္ပိုင္ရွင္မိန္းကေလးေတြေတြ႕ရင္လည္း ေသေလာက္ေအာင္အားက်ပါတယ္ ဘဝတူအမာရြတ္နဲ႔မိန္းကေလးေတြေတြ႕ရင္လည္း အရမ္းကိုယ္ခ်င္းစာမိလို႔ ဘယ္ေတာ့မွစိတ္ဓါတ္က်ေစမယ့္စကားမေျပာပါဘူး

ရုပ္ရည္နဲ႔ပတ္သတ္ၿပီး အႏွိမ္ခံရဖူးတဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ ပိုင္းၿဖိဳးသု 3

“ဟယ္….နင့္မ်က္ႏွာႀကီးဘာျဖစ္သြားတာလဲ” “မ်က္ႏွာအသားအရည္ကလဲညံ့လွခ်ည္လား” “မင္းသမီးျဖစ္ၿပီး skin care ေတာင္မလုပ္တာအပ်င္းႀကီးလွခ်ည္လား” “ေခၽြးေပါက္ႀကီးေတြက်ယ္ေနတာ႐ုပ္ဆိုးလိုက္တာ” သူ႔မ်က္ခြက္ႀကီးအဲ့လိုျဖစ္ေနတာမရွက္ဖူးလားမသိဘူး” အစရွိတဲ့ ခ်ိဳးႏွိမ္တဲ့စကားေတြ comment ေတြဟာ မိန္းမတစ္ေယာက္ကို ဘယ္ေလာက္ထိစိတ္ဒဏ္ရာ ရေစတယ္ဆိုတာ ကိုယ္တိုင္ၾကံဳေတြ႕ဖူး ေျပာခံရဖူးမွ ကိုယ္ခ်င္းစာ နားလည္ေပးႏိုင္မွာပါ မလွခ်င္တဲ့မိန္းကေလးရယ္လို႔ေတာ့မရွိပါဘူး

ရုပ္ရည္နဲ႔ပတ္သတ္ၿပီး အႏွိမ္ခံရဖူးတဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ ပိုင္းၿဖိဳးသု 4

ဟုတ္ကဲ့ ပိုင္ၿဖိဳးသုဆိုတဲ့ကၽမမွာ စိတ္ဒဏ္ရာဒဏ္ခ်က္ေပါင္းမ်ားစြာရွိသလို မ်က္ႏွာမွာလည္းဒဏ္ရာေပါင္းမ်ားစြာရွိတဲ့ လူသာမန္တစ္ေယာက္သာျဖစ္ပါတယ္ ဒီဘဝမွာ သူတစ္ပါးကိုဘယ္ေတာ့မွ ကိုယ့္ေၾကာင့္စိတ္ဒဏ္ရာရေအာင္ နာက်င္ရေအာင္ မေျပာဖူးတဲ့အက်ိဳးေၾကာင့္ ေနာင္ဘဝမွာေတာ့ ၿပီးျပည့္စံုတဲ့မိန္းကေလးတစ္ေယာက္ ျဖစ္ခြင့္ရခ်င္မိပါရဲ႕” ဆိုျပီးေတာ့ ရင္တြင္းျဖစ္ ခံစားခ်က္ေလးကို တင္ထားတာ ျဖစ္ပါတယ္။

ပိုင္ျဖိဳးသုကေတာ့ ယခုအခ်ိန္မွာေအာင္ျမင္ေနေပမယ့္လည္း သူ႔အေနနဲ႔ အရင္တခ်ိန္တုန္းက ေျပာဆိုခံခဲ့ရတာေတြ ရွိခဲ့ပါတယ္။ သူ႔အေနနဲ႔ကေတာ့ ဘယ္သူကိုမွလည္း အဲ့လိုမေျပာဖူးတာေၾကာင့္ ဆုေလး တခုေတာင္းခဲ့တာ ျဖစ္ပါတယ္။ သူကေတာ့ ေနာက္ဘဝမွာ ျပည့္ဖို႔ေျပာေပမယ့္လည္း လက္ရွိခ်ိန္မွာေတာင္ ဆုေတာင္းျပည့္ေနျပီ ထင္ပါတယ္။

ရုပ္ရည္နဲ႔ပတ္သတ္ၿပီး အႏွိမ္ခံရဖူးတဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ ပိုင္းၿဖိဳးသု 5

ျပီးခဲ့တဲ့ႏွစ္ေတြမွာ ပိုင္ျဖိဳးသုကို အားေပးတဲ့သူေတာ္ေတာ္မ်ားလာသလို သူမရဲ့ အရည္ခ်င္းကိုလည္း ပရိသတ္ေတြက လက္ခံအားေပးလာတာ ျဖစ္ပါတယ္။ အကယ္ဒမီမွာလည္း ပိုင္ျဖိဳးသုကို ရေစခ်င္တဲ့သူေတြ အမ်ားအျပားရွိခဲ့ပါေသးတယ္။ ပိုင္ျဖိဳးသုကေတာ့ အကယ္ဒမီမရခဲ့ေပမယ့္လည္း Star Awards မွာေတာ့ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့ပါတယ္။Nanmalgyi

Unicode Version

ယခုနောက်ပိုင်းနှစ်တွေမှာတော့ ပရိသတ်အားပေးမှု အခိုင်မာရရှိထားတဲ့ မင်းသမီးတယောက် ဖြစ်လာတဲ့ ပိုင်ဖြိုးသုလေးကတော့ သူ့ဘဝမှာ ဖြစ်ခဲ့ဖူးတဲ့ ကြမ်းတမ်းတဲ့အရာလေးတွေကို ပြောပြထားခဲ့ပါတယ်။ ပိုင်ဖြိုးသု ကတော့ ယခုနောက်ပိုင်းမှာ ပရိသတ်တွေ လက်ခံအားပေးလာတဲ့ ဇာတ်ကားတွေကို ရိုက်လာတာကြောင့် ပရိသတ်တွေ ပါးစပ်ဖျားမှာတော့ သုသု သုသု ဆိုပြီးတော့ တောင်ဖြစ်လာခဲ့ပါတယ်။

ဒီလိုမျိုးအောင်မြင်မှုတွေရလာတဲ့ ပိုင်ဖြိုးသုကတော့ သူ့အနေနဲ့ တချိန်တုန်းက နာကျင်ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာအကြောင်းကို ပြောကြားထားခဲ့ပါတယ်။ ပိုင်ဖြိုးသုကတော့ သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ “သုသုအသက် (၁၆)နှစ်လောက်က ဝက်ခြံတွေအရမ်းကို ပေါက်ခဲ့တာပါ မျက်နှာကြီးတစ်ခုလုံး အပ်ချစရာနေရာမရှိအောင် ကိုယ့်ဖာသာ ကိုယ်မှန်တောင်မကြည့်ချင် လောက်အောင်ဖြစ်ခဲ့ရတယ် စိတ်ဓါတ်တွေလည်း အရမ်းကျခဲ့ရတယ် ဆရာဝန်တွေအမျိုးမျိုးပြောင်းပြ ဆေးတွေမျိုးစုံစား ဝက်ခြံပျောက်ဆေးတွေ အသောက်ကောင်းလို့ ဓါတ်မတည့်ဖြစ်ပြီး ဆေးရုံတောင်ရောက်သွားခဲ့ဖူးတယ်။

အသက်၂၀ နောက်ပိုင်းမှာတော့ ဝက်ခြံတွေသက်သာသွားခဲ့ပေမယ့် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကျန်ခဲ့ပါတယ် အဲဒီအမာရွတ်တွေကိုပျောက်ဖို့အမျိုးစုံ ကြိုးစားသော်လည်း သက်သာရုံသာသက်သာပါတယ် အထူးသဖြင့် အလုပ်မှာစိတ်ဖိစီးမှုတွေအရမ်းများ အိပ်ရေးတွေပျက်ရင် အသားအရည်ကပိုဆိုးပါတယ် ပြစ်မျိုးမှဲ့မထင် အသားရည်ပိုင်ရှင်မိန်းကလေးတွေတွေ့ရင်လည်း သေလောက်အောင်အားကျပါတယ် ဘဝတူအမာရွတ်နဲ့မိန်းကလေးတွေတွေ့ရင်လည်း အရမ်းကိုယ်ချင်းစာမိလို့ ဘယ်တော့မှစိတ်ဓါတ်ကျစေမယ့်စကားမပြောပါဘူး

“ဟယ်….နင့်မျက်နှာကြီးဘာဖြစ်သွားတာလဲ” “မျက်နှာအသားအရည်ကလဲညံ့လှချည်လား” “မင်းသမီးဖြစ်ပြီး skin care တောင်မလုပ်တာအပျင်းကြီးလှချည်လား” “ချွေးပေါက်ကြီးတွေကျယ်နေတာရုပ်ဆိုးလိုက်တာ” သူ့မျက်ခွက်ကြီးအဲ့လိုဖြစ်နေတာမရှက်ဖူးလားမသိဘူး” အစရှိတဲ့ ချိုးနှိမ်တဲ့စကားတွေ comment တွေဟာ မိန်းမတစ်ယောက်ကို ဘယ်လောက်ထိစိတ်ဒဏ်ရာ ရစေတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့ဖူး ပြောခံရဖူးမှ ကိုယ်ချင်းစာ နားလည်ပေးနိုင်မှာပါ မလှချင်တဲ့မိန်းကလေးရယ်လို့တော့မရှိပါဘူး

ဟုတ်ကဲ့ ပိုင်ဖြိုးသုဆိုတဲ့ကျမမှာ စိတ်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရှိသလို မျက်နှာမှာလည်းဒဏ်ရာပေါင်းများစွာရှိတဲ့ လူသာမန်တစ်ယောက်သာဖြစ်ပါတယ် ဒီဘဝမှာ သူတစ်ပါးကိုဘယ်တော့မှ ကိုယ့်ကြောင့်စိတ်ဒဏ်ရာရအောင် နာကျင်ရအောင် မပြောဖူးတဲ့အကျိုးကြောင့် နောင်ဘဝမှာတော့ ပြီးပြည့်စုံတဲ့မိန်းကလေးတစ်ယောက် ဖြစ်ခွင့်ရချင်မိပါရဲ့” ဆိုပြီးတော့ ရင်တွင်းဖြစ် ခံစားချက်လေးကို တင်ထားတာ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ ယခုအချိန်မှာအောင်မြင်နေပေမယ့်လည်း သူ့အနေနဲ့ အရင်တချိန်တုန်းက ပြောဆိုခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ သူ့အနေနဲ့ကတော့ ဘယ်သူကိုမှလည်း အဲ့လိုမပြောဖူးတာကြောင့် ဆုလေး တခုတောင်းခဲ့တာ ဖြစ်ပါတယ်။ သူကတော့ နောက်ဘဝမှာ ပြည့်ဖို့ပြောပေမယ့်လည်း လက်ရှိချိန်မှာတောင် ဆုတောင်းပြည့်နေပြီ ထင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ပိုင်ဖြိုးသုကို အားပေးတဲ့သူတော်တော်များလာသလို သူမရဲ့ အရည်ချင်းကိုလည်း ပရိသတ်တွေက လက်ခံအားပေးလာတာ ဖြစ်ပါတယ်။ အကယ်ဒမီမှာလည်း ပိုင်ဖြိုးသုကို ရစေချင်တဲ့သူတွေ အများအပြားရှိခဲ့ပါသေးတယ်။ ပိုင်ဖြိုးသုကတော့ အကယ်ဒမီမရခဲ့ပေမယ့်လည်း Star Awards မှာတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*