ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင်
ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 1
ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 2
ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 3 ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 4
ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 5
ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 6
ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 7 ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 8
ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက သူမအတွက်အရမ်းကို သာယာတယ်ဆိုတဲ့ ခင်သဇင် 9
Unicode
ခင်သဇင်ကတော့ မော်ဒယ်လ်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ချစ်စရာကောင်တဲ့ အပြုံးပိုင်ရှင်လေးတစ်ဦးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေ စတင်သတိထားမိလာပြီး ခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ ကြော်ငြာတွေအပြင် အနုပညာပွဲတွေဆက်တိုက်တက်ရောက်နေသူလေးလည်းဖြစ်ပါတယ်။
အနုပညာအလုပ်တွေအပြင် ပညာရေးဘက်ကိုလည်း လေ့လာသင်ယူနေဆဲ ဖြစ်ပြီး အဘက်ဘက်က ထူးချွန်တဲ့ မော်ဒယ်လ်မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူးနော်။အားပေးနေတဲ့ပရိသတ်ကို အနုပညာအလုပ်တွေလုပ်ပြီး ကြိုးစားနေတဲ့အပြင် ကိုယ်တတ်မြောက်ထားတဲ့ပညာတွေနဲ့ ပြည်သူတွေကို အကျိုးပြုစေမယ့်အလုပ်တွေကိုလုပ်ဆောင်ချင်တဲ့ မော်ဒယ်လ်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။
ရရင်ရသလို ပရဟိတလုပ်ငန်းတွေကိုလုပ်ဆောင်တတ်တဲ့သူမကတော့ နိုင်ငံကျော်ပြည်သူ့အချစ်တော် ဟာသသရုပ်ဆောင်ကစ်ကစ်အတွက် ရောဂါစဖြစ်ချိန်ကတည်းက ထောက်ပံ့မှုတွေကို လုပ်ဆောင်ပေးခဲ့တဲ့ သူတစ်ယောက်ဆိုတာ ပရိသတ်တွေသိရှိပြီးသား ဖြစ်မှာပါနော်။
အစစအရာရာ ကူညီထောက်ပံ့ပေးမှုတွေကြောင့် ပရိသတ်တွေကလည်း ဝမ်းသာကျေးဇူးတင်နေကြတာပဲ ဖြစ်ပါတယ်။မကြာသေးမီက ” အချစ်ဖွဲ့လေညှင်း ” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကားရိုက်အတွက် နေပြည်တော်ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။”
ဒီရက်ပိုင်း စိန်ခင် တစ်ယောက် ကားရိုက်လေးနဲ့ ခရီးထွက်လာတာ
ဓာတ်ပုံ ဆရာကိုလည်း ခေါ်လာ ကိုယ့် camera လေးလည်း ယူလာဒါရိုက်တာခေါ်ရင် ရှုတင်လေး ဆင်းရိုက်လိုက်
ရှုတင်ကလည်း တည်းတဲ့ ဟိုတယ်မှာပဲကိုး …ဆင်းရိုက်လိုက် တက်အိပ်လိုက်၊ စားလိုက် သောက်လိုက် ၊အလှဓာတ်ပုံလေးတွေ ပတ်ရိုက်လိုက်နဲ့သာယာနေတာ။
အရင်ကဆို ပုံကောင်းကောင်းတစ်ပုံတင်ဖို့ chat box ထဲထိ လာတောင်းပန်ကြရတယ်။ခုများတော့ ရိုက်ထားတာ များလွန်းလို့ မျက်စိနောက်မှာ စိုးလို့ မနည်း ဘရိပ်အုပ်ထားရတယ်။ ရန်ကုန်မဟုတ်တဲ့ နေရာတိုင်းက ကိုယ့်အတွက် အရမ်းတွေ သာယာနေသလိုပဲ။
ပျော်တယ်ကွယ်” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပုံရိပ်လေးတွေနဲ့အတူတင်ထားတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရော ခင်သဇင်လေးကို ချစ်ခင်အားပေးရင်တစ်ခုခုပြောခဲ့ပါဦးနော်။ Source : Khin Thazin ; Crd – CeleGabar
Be the first to comment
Leave a Reply
Your email address will not be published.
*