ရည်းစားဟောင်းအပေါ် သံယောဇဉ် ရှိသေးသလို ချစ်လဲချစ်သေးတယ်ဆိုတဲ့ သင်းသင်း
ရည်းစားဟောင်းအပေါ် သံယောဇဉ် ရှိသေးသလို ချစ်လဲချစ်သေးတယ်ဆိုတဲ့ သင်းသင်း 1
ရည်းစားဟောင်းအပေါ် သံယောဇဉ် ရှိသေးသလို ချစ်လဲချစ်သေးတယ်ဆိုတဲ့ သင်းသင်း 2
ရည်းစားဟောင်းအပေါ် သံယောဇဉ် ရှိသေးသလို ချစ်လဲချစ်သေးတယ်ဆိုတဲ့ သင်းသင်း 3
ရည်းစားဟောင်းအပေါ် သံယောဇဉ် ရှိသေးသလို ချစ်လဲချစ်သေးတယ်ဆိုတဲ့ သင်းသင်း 4
Unicode Version
ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲထားတဲ့ သင်းသင်း တို့ရဲ့ သတင်းက အနုပညာလောကမှာသာမက မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူ တော်တော်များများ သိနေလောက်ပြီထင်ပါတယ်။ သူမက တရားစွဲတဲ့ ပြသနာကြောင့် လူမှု့ကွန်ယက်ပေါ်မှာနာမည်ကြီးလာသူလေးပဲ ဖြစ်ပါတယ်။မိုမိုလေး ပရိသတ်တွေအတွက် သင်းသင်းက သူမရဲ့ ခံစားချက်တွေ ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
သင်းသင်းက လတ်တလောမှု ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းများတက်ရောက်နေပြီပဲ ဖြစ်ပါတယ်။သင်းသင်းက သူမ မွေးနေ့ပွဲလေးကို ဇူလိုင် ၁၃ ရက်နေ့က အနုပညာရှင်များစွာ နဲ့ ကျင်းပခဲ့ပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာပါ။
သင်းသင်းကမွေးနေ့မှာ သူမရဲ့ ခံစားချက် တစ်ချို့ကိုလည်း ပြောပြခဲ့ပါတယ်။ ” သူမအခု အမှုနဲ့ ပတ်သက်ပြီး လူငယ် တစ်ယောက်အနေနဲ့ နှလုံးသားရေးရာရှေ့တန်းတင်တယ်လို့ပဲ ပြောပြော မှန်ပါတယ် သူလည်း သံယောဇဉ်ဖြစ်လို့ ချစ်တယ်၊ ကိုယ်လည်း သူ့ကို သံယောဇဉ် ဖြစ်ပြီး ချစ်ခဲ့တယ်။အခုလည်း သူ့ကို မုန်းလို့လားဆိုတော့ မမုန်းဘူး သံယောဇဉ်ရှိပါတယ်။ ချစ်ပါတယ်။ ဒါပေမယ့် ကိုယ်က နာတာနဲ့ ဖြေတတ်တယ်လေ မိန်းမဆိုတော့ လေ။ သင်းသင်း ကို ဝေဖန်တဲ့သူ မချစ်တဲ့ သူတွေလည်း ဖြည့်ပြီး တွေးပေးဖို့ ပြောချင်ပါတယ်။
” သင်းသင်းက ဘယ်သူနဲ့မှ ရန်ငြိုးမရှိပါဘူး ၊ အရမ်းမှန်လွန်းပြီး ပွင့်လင်းအားကြီးလို့ နားထဲမှာ ကန့်လန့်ဖြစ်သွားရင်လည်း အများကြီး တောင်းပန်ပါတယ်။အသံဖိုင်နဲ့ ပတ်သက်တာကလည်း အစ်မက Auto record ဆိုတော့ အလိုလို သူ့ပါသူဝင်နေတာ အစ်မက တစ်ခါတလေ ကိုယ့် ဖေ့စ်ဘွတ်ကို Hack နေတာတောင်မသိဘူး ။ အမှုနဲ့ ပတ်သက်ပြီး ဆိုရင်တော့ အချိန်က စကားပြောသွားပါလိမ့်မယ် ” လို့ ပြောထားပါတယ်။
သင်းသင်း ရဲ့ ခံစားချက်ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ Momolay