ယေနမနက္ နမ့္ဆန္ ေတာင္ရိုးဘုရားမွာ တိုက္ပြဲျပင္းထန္ေန

မိုင္းအႏိုင္၊ ေရႊဖီေျမ

ဒီေန႔ စက္တင္ဘာလ ၁၃ရက္ေန႔ နံနက္ ၆နာရီဝန္းက်င္မွာ စတင္ၿပီးေတာ့ နမ့္ဆန္ၿမိဳ႕နယ္ ဟိုေခ်ာင္းေက်းရြာအထက္ ေတာင္ရိုးဘုရားတြင္ တပ္မေတာ္နဲ႔ TNLAတို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တိုက္ပြဲဟာ ျပင္းထန္မႈရွိေနၿပီး လက္ရွိ အခ်ိန္ထိ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ေဒသခံေတြထံက သိရပါတယ္။

ယေနမနက္ နမ့္ဆန္ ေတာင္ရိုးဘုရားမွာ တိုက္ပြဲျပင္းထန္ေန 1

ဟိုေခ်ာင္းေက်းရြာသားတစ္ဦးျဖစ္သူ ကိုေမာင္ဟန္က “TNLAက ရွိထားတာ ၾကာၿပီ။ မေန႔ညလား မသိဘူး။ တပ္မေတာ္က ဒီဘက္ကိုတက္လာတာ။ ဒီမနက္လည္း ေရာက္ေရာ တိုက္ပြဲကစျဖစ္ေတာ့တာပဲ။ အေျခအေနကေတာ့ ျပင္းထန္တယ္။ တစ္ဖက္နဲ႔တစ္ဖက္ ေနာက္ဆုတ္တာမရွိဘူး”လို႔ ေျပာပါတယ္။

ယေနမနက္ နမ့္ဆန္ ေတာင္ရိုးဘုရားမွာ တိုက္ပြဲျပင္းထန္ေန 2

တိုက္ပြဲေၾကာင့္ ဟိုေခ်ာင္းေက်းရြာသားမ်ားသည္ ေဘးလႊတ္ရာသို႔ ထြက္ေျပးေနၾကရေၾကာင္း သူက ဆက္ေျပာပါတယ္။

“တိုက္ပြဲက ရြာအထက္နားေလးမွာ ။ နီးတယ္ေလ။ ၿမိဳ႕တပ္ကုန္းကေနလည္း လက္နက္ႀကီးေတြပစ္လာတယ္။ ၅လံုးေက်ာ္ၿပီ။ အဲလက္နက္ႀကီးေတြက ရြာထဲေတာ့ မက်ဘူး။ အဲဘုရားကုန္းဘက္မွာ သြားက်တာ”လို႔ ကိုေမာင္ဟန္က ေျပာပါတယ္။

ယေနမနက္ နမ့္ဆန္ ေတာင္ရိုးဘုရားမွာ တိုက္ပြဲျပင္းထန္ေန 3

လက္နက္ႀကီးသံမ်ားေၾကာင့္ နမ့္ဆန္ၿမိဳ႕တြင္းရွိ ေဒသခံမ်ားလည္း ေၾကာက္လန္႔ေနၿပီး ေနအိမ္တံခါးမ်ားကို ပိတ္ထားၾကလ်က္ရွိေနသည္။၊

ယေနမနက္ နမ့္ဆန္ ေတာင္ရိုးဘုရားမွာ တိုက္ပြဲျပင္းထန္ေန 4

တပ္မေတာ္ဟာ လာမယ့္ စက္တင္ဘာ ၂၀ရက္ေန႔အထိ အပစ္ရပ္မယ္လုိ႔ ထုတ္ျပန္ထားၿပီး ေျမာက္ပိုင္း ၃ဖြဲ႔လည္း ေအာက္တိုဘာလ ၈ရက္ေန႔ထိ တစ္ဖက္သက္အပစ္ရပ္မယ္လို႔ ထုတ္ျပန္ထားေသာ္လည္း တပ္မေတာ္ဘက္မွ စတင္တိုက္ခိုက္ျခင္း၊ မိမိတို႔ေဒသတြင္ စစ္ဆင္ေရးနဲ႔ စစ္ေရးလႈပ္ရွားမႈေတြကို လာေရာက္ျပဳလုပ္ျခင္း၊ လက္နက္ႀကီးမ်ားနဲ႔ ပစ္ခတ္ျခင္းေတြကို ျပဳလုပ္ပါက ျပန္လည္ခုခံကာကြယ္အေန ထားမ်ဳိးျဖင့္ တံု႔ျပန္သြားမယ့္အေၾကာင္း ထုတ္ျပန္ခ်က္ ထုတ္ထားပါတယ္။ဓာတ္ပံု – မိုင္းအႏိုင္၊ U Aung Thiha

Unicode Version

ဒီနေ့ စက်တင်ဘာလ ၁၃ရက်နေ့ နံနက် ၆နာရီဝန်းကျင်မှာ စတင်ပြီးတော့ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာအထက် တောင်ရိုးဘုရားတွင် တပ်မတော်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဟာ ပြင်းထန်မှုရှိနေပြီး လက်ရှိ အချိန်ထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဟိုချောင်းကျေးရွာသားတစ်ဦးဖြစ်သူ ကိုမောင်ဟန်က “TNLAက ရှိထားတာ ကြာပြီ။ မနေ့ညလား မသိဘူး။ တပ်မတော်က ဒီဘက်ကိုတက်လာတာ။ ဒီမနက်လည်း ရောက်ရော တိုက်ပွဲကစဖြစ်တော့တာပဲ။ အခြေအနေကတော့ ပြင်းထန်တယ်။ တစ်ဖက်နဲ့တစ်ဖက် နောက်ဆုတ်တာမရှိဘူး”လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ဟိုချောင်းကျေးရွာသားများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြရကြောင်း သူက ဆက်ပြောပါတယ်။

“တိုက်ပွဲက ရွာအထက်နားလေးမှာ ။ နီးတယ်လေ။ မြို့တပ်ကုန်းကနေလည်း လက်နက်ကြီးတွေပစ်လာတယ်။ ၅လုံးကျော်ပြီ။ အဲလက်နက်ကြီးတွေက ရွာထဲတော့ မကျဘူး။ အဲဘုရားကုန်းဘက်မှာ သွားကျတာ”လို့ ကိုမောင်ဟန်က ပြောပါတယ်။

လက်နက်ကြီးသံများကြောင့် နမ့်ဆန်မြို့တွင်းရှိ ဒေသခံများလည်း ကြောက်လန့်နေပြီး နေအိမ်တံခါးများကို ပိတ်ထားကြလျက်ရှိနေသည်။၊

တပ်မတော်ဟာ လာမယ့် စက်တင်ဘာ ၂၀ရက်နေ့အထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပြီး မြောက်ပိုင်း ၃ဖွဲ့လည်း အောက်တိုဘာလ ၈ရက်နေ့ထိ တစ်ဖက်သက်အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားသော်လည်း တပ်မတော်ဘက်မှ စတင်တိုက်ခိုက်ခြင်း၊ မိမိတို့ဒေသတွင် စစ်ဆင်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လာရောက်ပြုလုပ်ခြင်း၊ လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်းတွေကို ပြုလုပ်ပါက ပြန်လည်ခုခံကာကွယ်အနေ ထားမျိုးဖြင့် တုံ့ပြန်သွားမယ့်အကြောင်း ထုတ်ပြန်ချက် ထုတ်ထားပါတယ်။ဓာတ်ပုံ – မိုင်းအနိုင်၊ U Aung Thiha

Be the first to comment

Leave a Reply

Your email address will not be published.


*