ယခုအချိန်မှာတော့ သူမကို တစ်ယောက်မှ Propose လာမလုပ်ထားဘူးဆိုတဲ့ ခြူးလေး
ယခုအချိန်မှာတော့ သူမကို တစ်ယောက်မှ Propose လာမလုပ်ထားဘူးဆိုတဲ့ ခြူးလေး 1
ယခုအချိန်မှာတော့ သူမကို တစ်ယောက်မှ Propose လာမလုပ်ထားဘူးဆိုတဲ့ ခြူးလေး 2
ယခုအချိန်မှာတော့ သူမကို တစ်ယောက်မှ Propose လာမလုပ်ထားဘူးဆိုတဲ့ ခြူးလေး 3
ယခုအချိန်မှာတော့ သူမကို တစ်ယောက်မှ Propose လာမလုပ်ထားဘူးဆိုတဲ့ ခြူးလေး 4
ယခုအချိန်မှာတော့ သူမကို တစ်ယောက်မှ Propose လာမလုပ်ထားဘူးဆိုတဲ့ ခြူးလေး 5
Unicode Version
ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေ လက်ခံအားပေးပြီး အောင်မြင်မှု ရရှိလာတဲ့ သရုပ်ဆောင် ခြူလေးကတော့ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။ ခြူးလေးကတော့ လက်ရှိမှာ အိမ်ထောင်မပြုချင်ဘူးလို့ ပြောကြားသွားခဲ့ပြီး သူ့ကိုလာပြီးတော့ Propose လုပ်တဲ့သူလည်းမရှိတဲ့ အကြောင်းကိုတော့ ရင်ဖွင့်လာခဲ့ပါတယ်။
မင်္ဂလာဆောင် ဝတ်စုံဝတ်ထားရင်ဖြစ်လာတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ခြူးလေးကတော့ “ဘာမှကိုမခံစားရတာ တကယ်ပါ။ ဘာခံစားချက်မှကို မရှိဘူး။ လောလောဆယ်တော့ အိမ်ထောင်ပြုရတာကို တော်တော်စိတ်ကုန်နေတယ်။ အိမ်မှာ မောင်လေးတို့က ကလေးမွေးထားတာ ရက် ၂၀ လောက်ပဲ ရှိသေးတယ်။ အဲ့ဒါကို ကြည့်ပြီးတော့ မဖြစ်သေးဘူးပေါ့ ကိုယ်စိတ်နဲ့ အဲ့လိုမျိုး ဖြစ်ပါတယ်”
“ကိုယ့်ရဲ့ စိတ်ကတော့ မိန်းမဆန်တဲ့ထဲမှာ မပါဘူး။ ဒါပေမယ့်လည်း မိန်းမ တယောက်ရဲ့ တာဝန်တွေ ဝတ္တရားတွေကိုတော့ ခြူးလေးအကုန်လုပ်နိုင်တယ်။ ငယ်ငယ်လေးကတည်းက မေမေက အကုန် Train ပေးထားတာပေါ့နော်။ ပြီးတော့ စိတ်ကမာတယ်ဆိုတာ ကိုယ်က ဦးဆောင်နေရတော့ စိတ်ကယောကျာ်းစိတ်လို ဖြစ်နေတာပေါ့”
ဘယ်အရွယ်လောက် အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားလဲဆိုတဲ့ မေးခွန်းကိုတော့ “၃၇ လောက်မှပြုမလားတော့ စဉ်းစားထားတာပေါ့။ ခုတော့ မပြုချင်သေးဘူး။ အပျိုကြီးဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်ပေါ့။ မပြောတတ်သေးဘူး။ ဒီကြားထဲမှာတော့ ကြိုက်ရမယ့်သူလည်းမရှိဘူး။ ကိုယ့်ကို ကြိုက်တဲ့သူလည်း မရှိဘူး။ တကယ်မရှိတာပါ။ Choice လုပ်စရာတောင် မရှိဘူး။ ပရိသတ်တွေက ဆုတောင်းနေတာ ဖြစ်လိမ့်မယ်”
ကိုယ့်ကို Propose လုပ်တဲ့သူ တကယ်မရှိဘူးလားဆိုတဲ့ အပေါ်မှာတော့ “ပြောရင် ယုံမှာလား တကယ်မရှိဘူး။ တကယ်မရှိတာပါ။ ဈေးဗန်းခင်းတာ မဟုတ်ပါဘူး။ ခြူးပရိသတ်တွေကတော့ ပျော်နေလောက်ပြီ တချို့ဆို ရယ်နေကြတယ်” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi
Be the first to comment
Leave a Reply
Your email address will not be published.
*