မ​ေသခင္​​ေလးမွာ တတ္​ႏိုင္​သမ်ွ ကုသိုလ္​​ေကာင္​းမႈ​ေလး​ေတြလုပ္​သြားမယ္​ဆိုတဲ့ ဦးမိုးဒီ

မိုးဒီက သူ႕ရဲ႕ က်န္းမာေရးနဲ႕ ပတ္သက္ၿပီး စိုးရိမ္တႀကီး သတင္းေမးခဲ့ၾကတဲ့ အႏုပညာေလာကသားေတြနဲ႕ ပရိသတ္ေတြကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ ရန္ကုန္မွာ ေဆးကုသမႈခံယူေနတယ္လို႔ ေျပာပါတယ္။ဟာသသ႐ုပ္ေဆာင္ မိုးဒီရဲ႕ က်န္းမာေရးနဲ႕ ပတ္သက္လို႔ ပရိသတ္ေတြက စိုးရိမ္တႀကီးရွိလွပါတယ္။ မၾကာေသးခင္ကလည္း ႐ုပ္သံဇာတ္လမ္းတြဲရိုက္ကူးေနရင္းနဲ႕ အေမာေဖာက္တယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ သူ႕ရဲ႕ က်န္းမာေရးနဲ႕ ပတ္သက္ၿပီး ခံစားခ်က္ေတြကို Duwun Media ကေန ေျပာျပလာပါတယ္။

မ​ေသခင္​​ေလးမွာ တတ္​ႏိုင္​သမ်ွ ကုသိုလ္​​ေကာင္​းမႈ​ေလး​ေတြလုပ္​သြားမယ္​ဆိုတဲ့ ဦးမိုးဒီ 1

‘’ကုသိုလ္ပဲ လုပ္ရမွာ။ ေနဖို႔ထက္ ေသဖို႔ေပါ့။ ေသဖို႔အခ်ိန္က နီးသြားၿပီေလ။ ေနခဲ့တဲ့ အခ်ိန္ကလည္း မ်ားသြားၿပီ။ ဘယ္ေန႕မွာ ဘဝနိဂုံးခ်ဳပ္မလဲ မသိဘူးေပါ့။ မေသခင္မွာ တတ္နိုင္သမွ် ကုသိုလ္မ်ားမ်ားရေအာင္လို႔ လုပ္ရင္း ဒီလိုပဲ အခ်ိန္ေတြကို ကုန္ဆုံးရမွာေပါ့ေလ’’ လို႔ သူကဆိုပါတယ္။ဦးမိုးဒီဟာ သူ႕အတြက္ စိုးရိမ္ေပးခဲ့ၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ လက္ရွိမွာလည္း ေသေသခ်ာခ်ာ ေဆးကုသမႈ ခံယူေနတယ္လို႔ ေျပာပါတယ္။

မ​ေသခင္​​ေလးမွာ တတ္​ႏိုင္​သမ်ွ ကုသိုလ္​​ေကာင္​းမႈ​ေလး​ေတြလုပ္​သြားမယ္​ဆိုတဲ့ ဦးမိုးဒီ 2

‘’ သက္သာပါတယ္၊ ေဆးလည္းကုေနပါတယ္။ ပုပၸါးမွာေတာ့ မဟုတ္ေတာ့ဘူး ရန္ကုန္ျပန္ေရာက္ေနပါၿပီ။ ဟိုမွာေတာ့ ေလွ်ာ့ျဖစ္သြားတဲ့ သေဘာေပါ့ေနာ္။ ဟိုမွာတုန္းကေတာ့ မထနိုင္ေလာက္ေအာင္ ေခါင္းေတြ ပူထူၿပီးေတာ့ျဖစ္သြားတာ။ ေရွ႕မွာ ေမာင္ကင္းကလည္း ျဖစ္ထားေတာ့ စိုးရိမ္ၾကတာေပါ့ေနာ္။ အားလုံးကို ေက်းဇူးတင္ပါတယ္’’ ဆိုၿပီးေတာ့ ဇြန္လ ၇ ရက္ေန႕က Duwun Media ရဲ႕ သီးသန႔္အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာပါ။ဦးမိုးဒီက ‘’ဆူးပန္းေခြဘယ္ဘယက္နဲ႕ ေပ႐ြက္လိပ္နားေတာင္းဆင္’’ဆိုတဲ့ ရိုက္ကြင္းေပၚမွာ က်န္းမာေရးမေကာင္းျဖစ္ခဲ့တဲ့ အေၾကာင္းကိုလည္း အခုုလို ေျပာျပထားပါေသးတယ္။

မ​ေသခင္​​ေလးမွာ တတ္​ႏိုင္​သမ်ွ ကုသိုလ္​​ေကာင္​းမႈ​ေလး​ေတြလုပ္​သြားမယ္​ဆိုတဲ့ ဦးမိုးဒီ 3

‘’ ပုပၸါးမွာ ဇာတ္လမ္းတြဲရိုက္ၾကမယ္ေပါ့ ၃ ရက္ေန႕က ရန္ကုန္ကေန ထြက္သြားၾကတယ္။ ၄ ရက္ေန႕ နား ၅ ရက္ေန႕ စရိုက္တယ္ေပါ့။ ရိုက္တဲ့ေနရာက ပုပၸါးနဲ႕ မိုင္ ၂၀ေလာက္ေဝးမယ္ လယ္ယား ဆိုတဲ့ ေနရာမွာ ။ ေနပူတာေပါ့ ရိုက္ၿပီးေတာ့ ျပန္လာတဲ့အခ်ိန္မွာ ေခါင္းက အပူဒဏ္ေတြနဲ႕ တဝီဝီေပါ့။ ဆရာဝန္ကေတာ့ ကိုယ္ခံအားနည္းေနတာလို႔ေတာ့ ေျပာတယ္’’ လို႔ ဆက္လက္ေျပာျပထားပါတယ္။မိုးဒီကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ အၿငိမ့္၊ ျပဇာတ္ ေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ ဇာတ္ကားေတြလည္း ရိုက္ကူးလာခဲ့ရပါတယ္။ တီဗီေၾကာ္ျငာေတြလည္း အမ်ားႀကီး ရိုက္ကူးထားသူတစ္ေယာက္ပါ။ သူ႕ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ေပါင္း ၄၀ ေက်ာ္ ရွိၿပီျဖစ္ပါတယ္။Duwun

Unicode Version

မိုးဒီက သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီး သတင်းမေးခဲ့ကြတဲ့ အနုပညာလောကသားတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်မှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။ဟာသသရုပ်ဆောင် မိုးဒီရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေက စိုးရိမ်တကြီးရှိလှပါတယ်။ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေရင်းနဲ့ အမောဖောက်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ကုသိုလ်ပဲ လုပ်ရမှာ။ နေဖို့ထက် သေဖို့ပေါ့။ သေဖို့အချိန်က နီးသွားပြီလေ။ နေခဲ့တဲ့ အချိန်ကလည်း များသွားပြီ။ ဘယ်နေ့မှာ ဘဝနိဂုံးချုပ်မလဲ မသိဘူးပေါ့။ မသေခင်မှာ တတ်နိုင်သမျှ ကုသိုလ်များများရအောင်လို့ လုပ်ရင်း ဒီလိုပဲ အချိန်တွေကို ကုန်ဆုံးရမှာပေါ့လေ’’ လို့ သူကဆိုပါတယ်။ဦးမိုးဒီဟာ သူ့အတွက် စိုးရိမ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ လက်ရှိမှာလည်း သေသေချာချာ ဆေးကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

‘’ သက်သာပါတယ်၊ ဆေးလည်းကုနေပါတယ်။ ပုပ္ပါးမှာတော့ မဟုတ်တော့ဘူး ရန်ကုန်ပြန်ရောက်နေပါပြီ။ ဟိုမှာတော့ လျှော့ဖြစ်သွားတဲ့ သဘောပေါ့နော်။ ဟိုမှာတုန်းကတော့ မထနိုင်လောက်အောင် ခေါင်းတွေ ပူထူပြီးတော့ဖြစ်သွားတာ။ ရှေ့မှာ မောင်ကင်းကလည်း ဖြစ်ထားတော့ စိုးရိမ်ကြတာပေါ့နော်။ အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ဦးမိုးဒီက ‘’ဆူးပန်းခွေဘယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင်’’ဆိုတဲ့ ရိုက်ကွင်းပေါ်မှာ ကျန်းမာရေးမကောင်းဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလို ပြောပြထားပါသေးတယ်။

‘’ ပုပ္ပါးမှာ ဇာတ်လမ်းတွဲရိုက်ကြမယ်ပေါ့ ၃ ရက်နေ့က ရန်ကုန်ကနေ ထွက်သွားကြတယ်။ ၄ ရက်နေ့ နား ၅ ရက်နေ့ စရိုက်တယ်ပေါ့။ ရိုက်တဲ့နေရာက ပုပ္ပါးနဲ့ မိုင် ၂၀လောက်ဝေးမယ် လယ်ယား ဆိုတဲ့ နေရာမှာ ။ နေပူတာပေါ့ ရိုက်ပြီးတော့ ပြန်လာတဲ့အချိန်မှာ ခေါင်းက အပူဒဏ်တွေနဲ့ တဝီဝီပေါ့။ ဆရာဝန်ကတော့ ကိုယ်ခံအားနည်းနေတာလို့တော့ ပြောတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။Duwun