မၾကာခင္မွာပဲ Hazel ရဲ႕ သီခ်င္းသစ္တစ္ပုဒ္ ထြက္ရွိလာေတာ့မယ့္အေၾကာင္း ေျပာျပလာတဲ့ နီနီခင္ေဇာ္

အသံလည္းေကာင္း ရုပ္လည္းေခ်ာတဲ့ အဆိုေတာ္ နီနီခင္ေဇာ္ကေတာ့ The Voice Myanmar မွာေတာ့ Coach တေယာက္အေနနဲ႔ ပါဝင္တာကိုေတာ့ လူတိုင္း သိျပီးသား ျဖစ္မွာပါ။ နီနီခင္ေဇာ္ကေတာ့ ျပီးခဲ့တဲ့ Season 2 မွာလည္း Coach တေယာက္အေနနဲ႔ ပါဝင္ျပီး သူ Final အထိဆြဲေခၚလာတဲ့ Hazel ကေတာ့ ေနာက္ဆံုးအဆင့္မွာ ျပိဳင္သြားတဲ့ တေက်ာ့ႏွစ္ေက်ာ့ေတးကိုသီ သီခ်င္းကေတာ့ ပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ကို ပ်ံ႔ႏွံ႔သြားခဲ့တာ ျဖစ္ပါတယ္။ ဒီသီခ်င္းကလည္း မ်ိဳးစံုေဝဖန္မႈေတြ ခံခဲ့ရျပီး နီနီခင္ေဇာ္ကေတာ့ Hazel ကို ခံႏိုင္ရည္ရွိေအာင္ ေျပာျပသြားခဲ့တာပါ။

မၾကာခင္မွာပဲ Hazel ရဲ႕ သီခ်င္းသစ္တစ္ပုဒ္ ထြက္ရွိလာေတာ့မယ့္အေၾကာင္း ေျပာျပလာတဲ့ နီနီခင္ေဇာ္ 1

နီနီခင္ေဇာ္ကေတာ့ ဆယ္လီရပ္ကြက္နဲ႔ အင္တာဗ်ဴးတြင္ Hazel သီဆိုတဲ့ သီခ်င္းေတြနဲ႔ ပတ္သက္ျပီး “ရင္ဆိုင္ေနရတဲ့ ျပႆနာေတာ့ မဟုတ္ပါဘူး။ ဒါကေတာ့ သူေရွ႔ေလွ်ာက္မွာလည္း အေတြ႔အၾကံဳရမယ္။ ျပီးေတာ့ ျပႆနာေတြကို ရင္ဆိုင္ႏိုင္တဲ့ ခြန္အားေတြလည္း အမ်ားၾကီး ရလိမ့္မယ္လို႔ နီနီထင္ပါတယ္။ Coach တေယာက္အေနနဲ႔ နီနီဒါပဲ ေျပာခ်င္ပါတယ္”

Hazel ရဲ့ အႏုပညာလႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး “အခုသူသီခ်င္း တပုဒ္လုပ္ေနတယ္။ မၾကာခင္မွာ အဲ့သီခ်င္းထြက္လာေတာ့မယ္။ အဲ့ဒါကိုလည္း နီနီတို႔ အတတ္ႏိုင္ဆံုး ပါဝင္ေပးထားတယ္။ မုန္တိုင္းထန္တဲ့ ေအာက္မွာ ရင္ဆိုင္ရုန္းကန္ေနရတဲ့ ငွက္ကေလး တေကာင္အေၾကာင္းေပါ့”

မၾကာခင္မွာပဲ Hazel ရဲ႕ သီခ်င္းသစ္တစ္ပုဒ္ ထြက္ရွိလာေတာ့မယ့္အေၾကာင္း ေျပာျပလာတဲ့ နီနီခင္ေဇာ္ 2

Hazel ကို ပရိသတ္ေတြ လက္ခံၾကတဲ့ အေပၚမွာေတာ့ “ဒီသီခ်င္းက ဟိုးအရင္ကတည္းက ေအာင္ျမင္တဲ့ သီခ်င္း သူလုပ္လို႔လည္း မဟုတ္ဘူး။ နီနီတို႔ မေမြးခင္ကတည္းက ေအာင္ျမင္ေနတဲ့ သီခ်င္း။ ဒါကို ထပ္ျပီး ျပန္ႏိုးထဖို႔လည္း မေျပာလိုဘူး။ သူလည္း ေကာင္းေကာင္းၾကိဳးစားတယ္။ နီနီတို႔လည္း ၾကိဳးစားထားတယ္။

မၾကာခင္မွာပဲ Hazel ရဲ႕ သီခ်င္းသစ္တစ္ပုဒ္ ထြက္ရွိလာေတာ့မယ့္အေၾကာင္း ေျပာျပလာတဲ့ နီနီခင္ေဇာ္ 3

ဒီသီခ်င္းနဲ႔ ပတ္သက္ျပီး သူေအာင္ျမင္သြားလည္း သူေရွ႔ေလွ်ာက္ရပ္တည္ႏိုင္ဖို႔ ခြန္အားပဲ လိုတယ္။ ဒီလိုမ်ိဳးေတြ တက္လာတဲ့ လူငယ္ေတြကို ဘယ္လိုပဲ ျဖစ္ျဖစ္နီနီကေတာ့ ခြန္အားပဲ ေပးျဖစ္တယ္။ ကိုယ္နဲ႔ မသက္ဆိုင္တဲ့ အပိုင္းကဆိုလည္း ခြန္အားပဲ ပိုေပးျဖစ္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

အသံလည်းကောင်း ရုပ်လည်းချောတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ The Voice Myanmar မှာတော့ Coach တယောက်အနေနဲ့ ပါဝင်တာကိုတော့ လူတိုင်း သိပြီးသား ဖြစ်မှာပါ။ နီနီခင်ဇော်ကတော့ ပြီးခဲ့တဲ့ Season 2 မှာလည်း Coach တယောက်အနေနဲ့ ပါဝင်ပြီး သူ Final အထိဆွဲခေါ်လာတဲ့ Hazel ကတော့ နောက်ဆုံးအဆင့်မှာ ပြိုင်သွားတဲ့ တကျော့နှစ်ကျော့တေးကိုသီ သီချင်းကတော့ ပရိသတ်တွေကြားမှာ တော်တော်ကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကလည်း မျိုးစုံဝေဖန်မှုတွေ ခံခဲ့ရပြီး နီနီခင်ဇော်ကတော့ Hazel ကို ခံနိုင်ရည်ရှိအောင် ပြောပြသွားခဲ့တာပါ။

နီနီခင်ဇော်ကတော့ ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးတွင် Hazel သီဆိုတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး “ရင်ဆိုင်နေရတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ဒါကတော့ သူရှေ့လျှောက်မှာလည်း အတွေ့အကြုံရမယ်။ ပြီးတော့ ပြဿနာတွေကို ရင်ဆိုင်နိုင်တဲ့ ခွန်အားတွေလည်း အများကြီး ရလိမ့်မယ်လို့ နီနီထင်ပါတယ်။ Coach တယောက်အနေနဲ့ နီနီဒါပဲ ပြောချင်ပါတယ်”

Hazel ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “အခုသူသီချင်း တပုဒ်လုပ်နေတယ်။ မကြာခင်မှာ အဲ့သီချင်းထွက်လာတော့မယ်။ အဲ့ဒါကိုလည်း နီနီတို့ အတတ်နိုင်ဆုံး ပါဝင်ပေးထားတယ်။ မုန်တိုင်းထန်တဲ့ အောက်မှာ ရင်ဆိုင်ရုန်းကန်နေရတဲ့ ငှက်ကလေး တကောင်အကြောင်းပေါ့”

Hazel ကို ပရိသတ်တွေ လက်ခံကြတဲ့ အပေါ်မှာတော့ “ဒီသီချင်းက ဟိုးအရင်ကတည်းက အောင်မြင်တဲ့ သီချင်း သူလုပ်လို့လည်း မဟုတ်ဘူး။ နီနီတို့ မမွေးခင်ကတည်းက အောင်မြင်နေတဲ့ သီချင်း။ ဒါကို ထပ်ပြီး ပြန်နိုးထဖို့လည်း မပြောလိုဘူး။ သူလည်း ကောင်းကောင်းကြိုးစားတယ်။ နီနီတို့လည်း ကြိုးစားထားတယ်။

ဒီသီချင်းနဲ့ ပတ်သက်ပြီး သူအောင်မြင်သွားလည်း သူရှေ့လျှောက်ရပ်တည်နိုင်ဖို့ ခွန်အားပဲ လိုတယ်။ ဒီလိုမျိုးတွေ တက်လာတဲ့ လူငယ်တွေကို ဘယ်လိုပဲ ဖြစ်ဖြစ်နီနီကတော့ ခွန်အားပဲ ပေးဖြစ်တယ်။ ကိုယ်နဲ့ မသက်ဆိုင်တဲ့ အပိုင်းကဆိုလည်း ခွန်အားပဲ ပိုပေးဖြစ်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi